ဆက်သွယ်ပါ
ဇွဲကပင်စာမျက်နှာမှာ ကရင်အမျိုးသားတွေနဲ့ သက်ဆိုင်ရာအကြောင်းအရာ အားလုံးကို စုစည်းတင်ဆက်သွားဖို့ ရည်ရွယ်ထားပါတယ်။
ကရင်အမျိုးသားတို့ရဲ့ နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေလည်း ပါဝင်ပါမယ်။ သီချင်းတို့လို၊ ရုပ်ရှင်ဗီဒီယိုတို့လိုတွေကိုလည်း စုစည်းထားပေးချင်ပါတယ်။
နောက်တော့ ဒီနေ့ခေတ်ရဲ့ လိုအပ်ချက်ဖြစ်တဲ့ ကွန်ပြူတာ အသုံးပြုတာနဲ့ သက်ဆိုင်တာ တွေကိုလည်း ရနိုင်သမျှ ဖော်ပြချင်ပါတယ်။
ကျနော်တို့အနေနဲ့ လူအင်အား၊ ပညာရပ်အင်အား နည်းပါးတဲ့အတွက် လိုအပ်ချက်တွေ အများကြီး ရှိနေမှာပါ။ ဇွဲကပင်စာမျက်နှာ ပိုမိုပြည့်စုံကောင်းမွန်လာစေဖို့အတွက် မိတ်ဆွေများဆီကနေ အကူအညီတွေရယူလိုပါတယ်။ မိတ်ဆွေတို့မှာရှိတဲ့ ကရင်အမျိုးသားတို့နဲ့သက်ဆိုင်ရာ ဓာတ်ပုံ၊ သီချင်း၊ ဗီဒီယို၊ ဆောင်းပါးတွေ အားလုံးကို ပေးပို့နိုင်ပါတယ်။ ဇွဲကပင်စာမျက်နှာကို ကရင့်အွန်လိုင်းလိုင်ဘရီတခုအဖြစ်လည်း ထားရှိသွားချင်ပါတယ်။
စာမူ၊ သီချင်း စတာတွေကို မိတ်ဆွေတို့ ကိုယ်တိုင် အွန်လိုင်းပေါ် တိုက်ရိုက်တင်နိုင်အောင်လည်း စီစဉ်ထားပါတယ်။ စိတ်ဝင်စားသူမိတ်ဆွေများ ဇွဲကပင်ရဲ့ ဆက်သွယ်ရန်စာမျက်နှာကတဆင့် ဆက်သွယ်ပါ။ မိတ်ဆွေတို့ဆီကို အသုံးပြုရမယ့်အမည် နဲ့ ပတ်စ်ဝါဒ် (user name & password) ပို့ပေးပါမယ်။
မိတ်ဆွေများဆီက အကြံပြုချက်တွေ၊ ကူညီပံ့ပိုးမှုတွေနဲ့ ဇွဲကပင်စာမျက်နှာကို ပိုပိုပြီး ကောင်းမွန်လာစေဖို့ ကြိုးစားသွားမယ် ဆိုတာကို အသိပေးရင်း ဇွဲကပင်ရဲ့ နှုတ်ခွန်းဆက်စကားကို အဆုံးသတ်ပါရစေ။
ရွှင်လန်းချမ်းမြေ့ကြပါစေ
ဇွဲကပင်မိသားစု




မ့ဿ္အဲဢ္ဒိးပွ႔ၯ ဆဲးက်ိး ပွၯသ့ဢ္တဖဢ္အံၯတက့ဿ္
February 17th, 2009 at 2:39 am
admin ခင်ဗျား … ဆောင်းပါးလေးတွေကို အမေ့အိမ် မှာ ပြန်တင်ပေးထားပါတယ်။ ကျေးဇူးတင်ပါတယ်
February 23rd, 2009 at 5:40 am
Admin ခင်ဗျာ . .
ကျွန်တော်ကအင်တာနက်ဆိုင်ဖွင့်ပါတယ် . .Ip Star နဲ့ သုံးတာပါ . . ကျွန်တော် server ထိုင်မထားပါဘူး network ၅လုံးနဲ့ကျွန်ပြူတာ၅လုံးသုံးတယ် . . User တွေက ဒေါင်းလော့ဒ် တွေတအားဆွဲသွားကြလို့ အကန့်အသတ်ထက်ကျော်သွားလို့ အခွန်ပိုဆောင်နေရတယ် အဲဒါကြောက် တစ်ချိုဝက်ဆိုက်တွေကိုဒေါင်းလော့ဒ်လုပ်မရအောင်ကွန်ပြူတာကလေထိန်းထားလို့ရမယ့် software လေးတွေရှိရင်တင်ပေးပါအုန်းနော်
March 2nd, 2009 at 1:13 am
မင်္ဂလာပါ
ကျနော် pagemaker 7 ကို download လုပ်လို့မရဘူးဖြစ်နေတယ်
အားရင်ကျနော်အီးမေးနဲ့ပို့ပေးလို့ရမလား
March 6th, 2009 at 1:36 am
I would like to know about zwekabin website. What kind of software are you using now? Please let me know about it.
Regards
John
March 6th, 2009 at 7:11 pm
konge- ဆောင်းပါးတွေ ပြန်ရှဲပေးတဲ့အတွက် ကျေးဇူးပါဗျား။
ပုဂံပြည်သား- အဲဒီအပိုင်းက ကျနော်လည်း သေချာမသိဘူးဗျ။ အင်တာနက်ဆိုင် မဖွင့်ဖူးဘူးလေ။ ဟီးးးးးးး။ mysteryzillion.org, technical-seven.com, myanmarfamily.org တို့မှာ အကူအညီ တောင်းကြည့်ပါလား။
ခမ်းတန်- ကျနော့်မှာလည်း PageMaker အရင်ရှိထားတာပျက်သွားတယ်။ ခု ကျနော်တင်ထားတာကို ပြန်ဒေါင်းကြည့်တော့ မရဘူး။ အဲဒါလည်း ဘာကြောင့်မှန်းမသိ။ ပျက်သွားတယ်။ ကျနော် အခု ပြန်ရှာနေတယ်။ ရရချင်း ပြန်အကြောင်း ပြန်ပါမယ်။
John- Thanks and welcome you. We use “WordPress” CMS for zwekabin website. For build webpage, now most of people use “WordPress” or “Joomla”.
March 7th, 2009 at 4:16 am
Thank you for your answer. Could you give me ”WordPress” link? Because there are many WordPress in google.
Thank you for helping
John
March 7th, 2009 at 6:29 pm
hi, John
You can go and register – wordpress.com or wordpress.org for to get a WP ACCOUNT and learn more about wp. And more info in Burmese, visit to mmwordpress.com, mbl0gger.net, mysteryzillion.org.
March 10th, 2009 at 12:20 am
ဒီလူအခွင့်အရေးကို ချိုးဖေါက်တာဘယ်သူတွေလဲ….
အဲ့ ဒါ…..နအဖ….
နအဖက…ဘယ်သူတွေလဲ….
အဲ့ဒါ….အရူး..
အရူးတွေက နောက်နှစ် ၂၀၁၀ ခွေးရူးပြိုင်ပွဲမှာ..ဘာလုပ်ဖို့ စီစဉ်လဲ…
…..ကလေးတွေကို စစ်သားပေးလုပ်မယ်…..
ကးလေးတွေက..လုပ်မှာလား…
……အရူးခိုင်းတော့ အရူးပြောတဲ့ အတိုင်းလုပ်ရတာပေါ့…
အဲ့ ဒီအရူးတွေက ဘာခိုင်းသလဲ….
တောထဲထွက်ပြီး….ရှိသမျှ ကရင်စစ်သားတွေကို သတ်လိုက်တဲ့ ….
သူ့ စိတ်တိုင်းကြိုက်လုပ်ပေး…အဲ့ ဒါမှ တို့ လိုအရူးဖြစ်မှာ…
..ပြီးတော့သူဘာပြောသေးလဲ…
..ငါ တို့ နိုင်ငံက တိုင်းသူပြည်သားတွေအားလုံးကို ထမင်းမကျွေးနဲ့ …..
… ရေမတိုက်နဲ့ ….ရှိသမျှ ဘုန်းကြီးနဲ့ လူတွေအားလုံးကို ထောင်ထဲ ပို့ ချလိုက်…
….အဲ့ ဒါဆို ..ငါတို့ တွေ လွတ်လပ်ပြီး…
အခုလို့ လားတာ….တိုင်းသူပြည်သားလွတ်လပ်ဖို့ မဟုတ်ဘူး…
..ငါတို့  စစ်ခွေးရူးတွေ လွတ်လပ်ဖို့ …
…ကျွန်တော်တို့ နိုင်ငံမှာ…ဘာစီးပွားရေးမှမဖြစ်ထွန်းပါဘူး…
ဒါပေမဲ့ …စစ်တပ်တွေတော့ ..တစ်နေ့ ကို တစ်တပ်တော့..ဖြစ်ထွန်းလာပါတယ်…
ကြာလေ…တစ်နိုင်ငံလုံး….စစ်သားတွေကြီးပါဘဲ…
March 22nd, 2009 at 2:23 am
please publish KIS8. white list
March 27th, 2009 at 1:40 am
မင်္ဂလာပါ……ဆရာတို့ ..
ကျွန်တော်…..အမည်က……အချစ်ကျောင်းသားပါ……
ကျွန်တော်…ဒီအင်တာနက် Website တင်တာသိပ်မတက်ဘူး…ဆရာ…..
အဲ့ ဒါ ကျွန်တော်ကိုကူညီပေးပါ..
ပြန်ဆက်သွယ်ပေးပါ….။.
March 31st, 2009 at 10:15 pm
ပုဂံပြည်သား-အချစ်ကျောင်းသား when u want to use internet Voip phone u can contact me at our message box …U want to open blog i can help u at morning leave ur message and email at http://www.knljapan.co.cc
April 2nd, 2009 at 2:07 am
ကျွန်တော်လည်း ကိုဂျပန်ဆီထဲကို အခုမှဝင်ကြည့်ဖြစ်တယ်….ကိုဂျပန်ဒီWebsite ကိုတင်ထားတာ…ဘယ်လောက်ကြာပြီးလဲမသိ…..
ကျွန်တော် ကိုဂျပန်ကို လေးစားပါတယ်….ဂုဏ်ယူပါတယ်….
ဒီလိုဘဲဆက်လုပ်သွားပါ…ကိုဂျပန်…
ကျွန်တော်လည်း..မြန်မာနိုင်ဒီမိုဂရေ တစ်ယောက်ပါ….
လေးစားလျက်ပါ…… ကိုဂျပန်….
April 29th, 2009 at 4:56 am
Games တွေကို နှစ်သက်တယ် ကြိုက်တယ် ရှိရင် post လုပ်ပေးလို့ရမလား ?
Thanks
May 6th, 2009 at 9:04 am
ကျုပ်e-mail box ထဲက ဗမာစာတွေတခုမှဖတ်လို့ မရတော့ဘူးဗျ။ ဘယ်လိုပြန်လုပ်ရ မှန်း မသိလို့ သိတဲ့ပုဂ္ဂိုလ်များ ကျေးဇူးပြုပြီး ကူညီဖြေရှင်းပေးကြပါဗျာ။ ကျုပ် ဘော်ဒါ တွေ ရေးပေးလိုက်တဲ့ အဘိုးတန်စာတွေကို ဖတ်ချင်လွန်းလို့ပါ။
ကျေးဇုးအထူးတင်ပါတယ်။
May 6th, 2009 at 6:33 pm
အဝေးကလူ-
Game တွေက ဖိုင်ဆိုဒ် သိပ်ကြီးတယ်ဗျ။ ပြီးတော့ အမျိုးကလည်း များမှများလေ။ ဘယ်တမျိုးကို လိုချင်တာလဲ။ myanmarfamily.org မှာတော့ ဂိမ်းတွေ ရှဲကြတာတွေ့တယ်။ projectw.org မှာလည်း ဂိမ်းတွေ အများကြီး ရှိပါတယ်။
May 6th, 2009 at 6:36 pm
Sa Than Myint-
ကွန်ပြူတာထဲမှာ ဗမာဖောင့် မရှိလို့ ဖြစ်မယ်ထင်တယ်။ လိုနေတဲ့ဖောင့်ကို control panel > fonts ဖိုလ်ဒါထဲ ကူးထည့်ပေးပြီးရင် အိုကေသွားပါမယ်။ ဒါမှမရရင် fireforx browser > tools > options > default font နေရာမှာ zawgyi, zwekabin စသဖြင့် တခုခု ရွေးပေးထားဖို့ လိုမယ်ထင်တယ်။
May 12th, 2009 at 11:55 pm
အောချွမ်းလားဆိုက်..ကိုဂှာဒေ…..
ခွဲကဘောင်..တိုးတက်နေတာကိုတွေ့ ရတာ အရမ်းဝမ်းသာတယ်ဗျား….
လင့်တွေအတွက်လည်း.ကျေးဇူးကမ္ဘာပါ……..
ခွဲကဘောင်မိသားစုအားလုံးကို ဒီကနေ နှုတ်ဆက်လိုက်ပါတယ်.
ဆရာလောင်ကျင်း ရေ…အရမ်းသတိရတယ်…ဆရာအရွှမ်းဖေါက်တာတွေ၊ စာဖတ်ဝါဿနာပါတာတွေ၊ ဆရာ့အသင်အပြတွေ၊ စိတ်ဆတ်တာတွေ၊ အရေးပါအရာရောက်တာတွေ…….အားလုံးအားလုံးကို သတိရနေတယ်..အဲအဲကိုလည်းသတိရမိတယ်……
ခွဲကဘောင်ဆထက်တံပိုးတိုးတက်ပါစေ….
အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်း ဆန္ဒပြုလိုက်ပါတယ်.
May 13th, 2009 at 12:25 am
ခွဲကဘောင် မိသားစုဝင်များခင်ဗျား…..
တစ်ခုအထူးတောင်းဆိုချင်ပါတယ်….
အင်တာနက်ပေါ်မှာ ကရင်သီချင်းတွေကို စုဆောင်းထားတဲ့ Website မရှိသေးဘူးလို့ထင်ပါတယ်..ရှာလို့လည်းမတွေ့ ပါဘူး…..
အင်တာနက်ပေါ်မှာ ကရင်သီချင်းတွေ ဟိုတစ်ပုဒ်ဒီတစ်ပုဒ်နဲ့ ပြန့်နေတာတွေ အများကြီးပါ…..အပျင်းပြေသဘောထက်၊ အမျိုးသားစိတ်ဓါတ်ရှင်သန်နှိုးထစေတဲ့ သဘောနဲ့ ကရင့်အမျိုးသားသီချင်းများကို တစ်နေရာတည်းမှာ စုဆောင်းထားနိုင်တဲ့ ၊ရှာဖွေပေးနိုင်တဲ့ Website လေးတစ်ခု လုပ်ပေးစေချင်ပါတယ်.
ကျနော့်လိုပဲ….ကရင်လူမျိုးမြောက်များစွာက နှစ်ပေါင်းများစွာ တောင့်တနေကြတာပါ..
ခွဲကဘောင်မိသားစုက လူအင်အားကော၊ ဓနအင်အားကော၊ အတတ်ပညာအင်အားပါ…တောင့်တင်းတယ်လို့သိရပါတယ်……(ဟီး…အချွန်နဲ့မြောက်ပေးလိုက်တာ…)
ခွဲကဘောင် ဆထက်တံပိုးတိုးတက်ပါစေ……
လေးစားစွာဖြင့်
May 18th, 2009 at 12:14 pm
kyaw cross ခင်ဗျား။
ပိုးကရင်ဖေါင့်တွေ ဒေါင်းလုတ်ပေမယ့် စာလုံးတွေကို ကောင်းကောင်းဖတ်လို့မရဘူး
ဒါပေမယ့် blogs ထဲကစာလုံးတွေကို copy လုပ်ပြီး font ပြောင်းလိုက်ရင် အားလုံးအ ဆင်ပြေသွားတယ်၊ ဒီတော့ ကျုပ်သိချင်တာက blogs ထဲမှာ ကရင်စာလုံးတွေ အားလုံး မြင်နိုင်အောင် ဘယ်လိုဖန်တည်းရမလဲဆိုတာ သင်ပေးပါဦး။ RFA, BBC စတဲ့ သတင်းဌာနတွေက ဗမာစာလုံးတွေလည်း အဲဒိလိုပြန်လုပ်မှ အဆင်ပြေတာ တွေ့ရပါတယ်။ ကူညီလက်စနဲ့ ဆက်ကူပါဦး။
May 20th, 2009 at 11:11 am
i would like to download karen all of logo but now i can’t download this logo
404 error i have
how can i download this logo
pls help me
thanks
kayingyi
if u don’t mind pls send me all of karen logo
thanks
u
so much
kayingyi
May 20th, 2009 at 9:10 pm
plz sharing about the Burmese sport it like a Burmese tradional boxing and their biography
June 5th, 2009 at 1:03 am
မ်ုပ၀်.ဘးသာပ်ုဆိုဒ်လိက်လဲါဆ်ုဟှီ့လါအ်ုဟှါင်.စံင်း……
June 5th, 2009 at 1:56 am
လိက်ဖႜုံအ်ုဟှင်ၟဏှ် လေ၀်လု http://www.khwekabaung.org ဏှ်ဆါ်။
June 13th, 2009 at 5:00 am
ကျွန်တော်ကို ကရင်သီချင်ပို့ ပေးလို့ ရမလား
အား၇င်ကရင်သီချင်များကိုပို့ ပေးပါနော်
အေစီ သီချင်းများကိုကျေးဇူးပြုပြီးပို့ ပေးပါနော်
June 13th, 2009 at 5:02 am
ကရင်သီချင်းများကိုအား၇င်ပို့ ပေးပါနော်
June 13th, 2009 at 5:48 pm
အေစီသီချင်းအချို့ http://www.khwekabaung.org/?page_id=427 ဒီစာမျက်နှာမှာ တင်ထားတာရှိတယ်။ အခြား ထူးဝါးတို့ စ၀်သိင်းဖ၀့်တို့လည်း တင်ထားပါတယ်။
June 20th, 2009 at 12:36 am
Hi Ko Kyaw Cross ခင်ဗျာ
ကျွန်တော့်ရဲ့ ကွန်ပြူတာအရမ်းကိုနေမကောင်းဖြစ်နေပါသည်။ သတိမေ့မျောသွားသလို ပြန်ခေါ်နှိုးလို့လဲ မရတော့ဘူး။ စက်ကိုဖွင့်လိုက်တဲ့အခါ အပြာရောင် နဲ့ စာလုံးအဖြူလေးတွေ တစ်ချက်ပဲ ခတ်ပြန်ပြန်လေးတွေ့ပြီး အားလုံးပျောက်ကွယ်သွားပါသည်။ ပြန်ဖွင့်တဲ့အခါတိုင်းဒီလိုပဲ ဖြစ်နေတယ်။ ဘယ်လိုဘယ်ပုံဘယ်နည်းနဲ့ ကျွန်တော် လုပ်ရမလဲ အကြံဥဏ်လေး ပေးလှည့်ပါအုံးခင်ဗျာ
Thanks
June 23rd, 2009 at 8:48 pm
ဘော်ဒါတို့
ကရင်ရိုးရာ ချည်ဖြူပွဲ အကြောင်း သိရင် နည်းနည်း ပြောပြကြပါလားဗျာ။
ပိုးကရင်ဆိုပေမယ့် မြစ်ဝကျွန်းပေါ်ကဆိုတော့ တင်ထားတဲ့ ပိုးကရင်စာတွေကို နားမလည်ဘူးဗျ။
ဖြစ်နိုင်ရင်တော့ ကရင်ရိုးရာ ပွဲတော့ ရှိသမျှကို သိချင်တယ်။ အခုအထိ ကျင်းပတဲ့ ပွဲတော်တွေမှာ ပါဝင်ရင်း ယဉ်ကျေးမှုလေးတွေကို လည်း ထိန်းသိမ်းရင်းပေါ့ဗျာ။
ထီးသို့ အားလုံးကို ကျေးဇူးတင်ပါတယ်။
June 25th, 2009 at 11:21 pm
How to use Font Converter?…..I think it’s better for everyone…But how to start it?…….Please post a blog about that Font Converter……I’ll hope it….I’m from Clinic too…
June 27th, 2009 at 5:02 pm
how r u
June 27th, 2009 at 5:04 pm
How are you? nice to know our people around on the world
July 14th, 2009 at 11:07 am
ဟဲလို မင်္ဂလာပါဗျာ….. ကျွန်တော်က ကရင်လူမျိုးတစ်ယောက်ပါ ကျွန်တော် ဒီ ၀က်ဆိုက်ကို အားပေးပါတယ် ကျွန်တော်လည်း တတ်စွမ်းတဲ့ ဘက်က ပါဝင် ကူညီပေးမှာပါ …..သီချင်းတွေ က စကော ကရင်သီချင်းတွေပဲရှိတာလားခင်ဗျာ ….
ကျွန်တော်က ပိုးကရင် ဆိုတော့ စကောကရင်သီချင်းနားမလည်ဘူးဗျ..ပိုးကရင်သီချင်းရှိရင်ပို့ပေးပါလားဗျာ….ကျွန်တော့်ကို ဆက်သွယ်ချင်ရင်တော့ ကျွန်တော့် gmail လိပ်စာ က pilaykay.plk@gmail.com ပါဗျာ ပိုးကရင် သီချင်းပို့ပေးပါလို့ …..
July 15th, 2009 at 2:26 am
ကရင်သီချင်း နားဆင်ခံစားလိုသူ ညီအကိုများ။ … ။ ရုပ်ရှင်သီချင်း စာမျက်နှာကို ဖွင့်ပါ။ အဲဒီမှာ နှစ်သက်ရာကို ရွေးချယ် နားဆင်နိုင်ပါတယ်။
August 7th, 2009 at 10:16 pm
i love kayin
August 13th, 2009 at 2:22 am
mingalar par.i born ayawadi.welcome my homepage.
August 15th, 2009 at 4:08 am
friendship to zwekabin
August 16th, 2009 at 12:56 am
i want friendship to you
August 16th, 2009 at 9:10 pm
အစ်ကိုတို့ ကူညီပါဦး
DEEPFREEZE ဆိုတဲ့ SOFTWARE ကို သုံးလိုက်ပြီး
ok တော့ ok ပါတယ်
နောက်တော့ startup ထဲ ၀င်ပြင်လိုက်မိတယ်
နောက်တော့ မေ့ပြီး restart ချလိုက်မိတယ်
ခု သူ့ကိုပိတ်ဖို့ ctrl+alt+shift+F6 ကိုနှိပ်လို့လည်းမရတော့ဘူး
မပွင့်လာတော့ဘူး
start bar ရဲ့ ညာဘက်ဘေးမှာလည်း မပေါ်တော့ဘူး
တတ်နိုင်ရင် ကူညီပေးပါဦး
software တွေလည်း install လုပ်လို့လည်းမရတော့ဘူး
ဘာမှလုပ်မရတော့ဘူး
ကူညီပေးပါဦး
မြတ်ပွင့်ခိုင်
August 20th, 2009 at 1:22 am
HAPPY BIRTHDAY MY KO KO
September 17th, 2009 at 10:25 am
ကရင်သီချင်းတွေ ဖွင့်လို့ မရဘူး ဖြစ်နေတယ် ဘာဖြစ်လို့လဲ မသိဘူး
သူညီပါအုံး ဇွဲ ကပင်ရယ် ဖြစ်နိုင်ရင် ပို့ ပေးလို့ရမလား ခင်များ အရမ်းကို နားထောင်ချင်လို့ပါ နော
naymoo82@gmail.com
October 7th, 2009 at 6:14 am
ပုဂံပြည်သား Says:
February 23rd, 2009 at 5:40 am
Admin ခင်ဗျာ . .
ကျွန်တော်ကအင်တာနက်ဆိုင်ဖွင့်ပါတယ် . .Ip Star နဲ့ သုံးတာပါ . . ကျွန်တော် server ထိုင်မထားပါဘူး network ၅လုံးနဲ့ကျွန်ပြူတာ၅လုံးသုံးတယ် . . User တွေက ဒေါင်းလော့ဒ် တွေတအားဆွဲသွားကြလို့ အကန့်အသတ်ထက်ကျော်သွားလို့ အခွန်ပိုဆောင်နေရတယ် အဲဒါကြောက် တစ်ချိုဝက်ဆိုက်တွေကိုဒေါင်းလော့ဒ်လုပ်မရအောင်ကွန်ပြူတာကလေထိန်းထားလို့ရမယ့် software လေးတွေရှိရင်တင်ပေးပါအုန်းနော်
ကျွန်တော်အတိုင်းအတာလောက်ထိဖြေရှင်းလို့ရပါတယ် အစ်ကို ။ အဆင်မပြေသေးဖြစ်နေရင် ပြန်လာပြောပေးပါ။ ကျွန်တော်ကူးညီပေးပါမယ်။
October 30th, 2009 at 9:40 am
admin ခင်ဗျား..
ကျွန်တော့် computer မှာ mozillafire fox,internet explorer & google crome တွေရှိပါတယ်။ mozillafire fox & internet explorer မှာ မြန်မာလိုဖတ်လို့ ရပြီး
google crome မှာ မြန်မာလိုဖတ်လို့ မရပါ။ ဘာလို အပ်သလဲဆိုတာသိပါရစေ။
October 30th, 2009 at 9:47 am
Admin ခင်ဗျား
software များထဲမှ Data Doctor Recovery Pen Drive 2&Deepfreeze v6 ကို ifile.it နဲ့ ပြောင်းတင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
မြန်မာပြည် မှ download မရလို့ ပါ။
October 30th, 2009 at 8:30 pm
kogyi: ကျနော်က ဖိုင်းယားဖောက်စ်ဘဲသုံးတယ်။ ခရုမ်းကိုတော့ ခုပြောလို့ စမ်းကြည့်လိုက်တာ ကျနော့်ဆီမှာတော့ မြန်မာလို အဆင်ပြေတယ်။ အခြားစက်မှာ စမ်းကြည့်အုံးမယ်ဗျာ။ kigyi ဆီမှာ မြန်မာလို ဖတ်မရတာ ဘာလိုလဲ ကျနော် မသိသေးပါ။ အခြားစက်မှာ စမ်းပြီး သိရင် စာပြန်ပါမယ်။ ifile မှာ ပြန်တင်ဖို့ ကြိုးစားပါမယ်။ ဒါပေမယ့် upload speed အရမ်းနှေးလို့ ခဏစောင့်ပါ။ မီဒီယာဖိုင်းယားတို့ကတော့ upload speed မြန်တယ်လေ။ အိုကေနော်။ ဇွဲကပင် ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နိုဝင်ဘာ ၇ ကရင်ပြည်နယ်နေ့နဲ့ တပေါင်းလပြည့် ဇွဲကပင် ဘုရားပွဲကိုလာလည်ရင်း ဇွဲကပင်တောင်လည်း တက်သွားနိုင်ပါစေဗျားးး။
October 31st, 2009 at 12:25 am
admin ခင်ဗျား…
စာပြန်ပေးလို့ အတိုင်းမသိ ၀မ်းသာရပါတယ်။deepfreeze ဒေါင်းလို့ ရမယ် website ရှိရင်လဲပေးပါနော်။ကျွှန်တော် ကနယ်မှာ Internet shop လေး ဖွင့်ထားပါတယ်။ipstar နဲ့ ပါ။ computer 10 လုံးရှိပါတယ်။ sever မထိုင်ထားပါဘူး။အားလုံးကို deepfreeze တင်ချင်လို့ ပါ။ zwekabin.org ကို နေ့ စဉ်အားပေးနေပါတယ်။ customer (user)တွေကိုလဲ သုံးကြည့် ရန် တိုက်တွန်းနေပါတယ်။ ဇွဲကပင် ကိုကျေးဇူးအထူးတင်ပါတယ်။ ဇွဲကပင် အဒွန့် ရှည်တည်တန့် ပါစေ။
October 31st, 2009 at 12:56 am
ပုဂံပြည်သားခင်ဗျား….
အကို့  ipstar က bagan ipstar ဖြစ်မယ် ထင်တယ်။ဖုန်းနံပါတ်က 44 နဲ့ စပါတယ်။ dater limit ကို ဘယ်လောက်ယူထားပါလဲ။ဥပမာ လစဉ်ကြေးက ၆၀၀၀၀ကျပ်(သို့ )၁၄၅၀၀၀ကျပ်။လစဉ်ကြေး ၆၀၀၀၀ ကျပ်က dater limit 600 mb ပဲ ရပါတယ်။၁၄၅၀၀၀ကျပ်က2000mb ရပါတယ်။limit ကျော်သွားရင် 1 mb ကို ၂၅၀ကျပ်ထပ်ဆောင်ရပါတယ်။
အကောင်းဆုံးကတော့ sever ထိုင်ပြီး dater limit ပေးလိုက်ရင်ဒေါင်းရတာခက်သွားမှာပါ။နောက်ထပ်ပိုကောင်းတာကတော့ bagan ကိုရောင်းပြီး mpt ipstat တပ်လိုက်ပါ။ကျွှန်တော့်ဆီမှာ အရင်က bagan ipstar 5 စုံရှိပါတယ်။အားလုံးရောင်းလိုက်ပါပြီ။အခု mpt ipstar 3 လုံးပဲရှိပါတော့တယ်။mpt က 333 နဲ့ စတဲ့ ဖုန်းနံပါတ်ပါ။mpt က ကြိုက်သလောက်သုံး တစ်လကို fec 60 (or) 90 ပဲပေးရပါတယ်။အသေးစိတ်သိချင်ရင် yelomilo@gmail.com ကို add လိုက်ပါ။
October 31st, 2009 at 5:17 am
To all Zwe Kabin website creaters
I am really appreciae for your effort to appear this website.
2. I got alot knowledge by reading your upload news, stories, songs, softwares, computer lesson and documentaries within one hour.
3. I noticed that Kayin national leaders’ right polital views and smart idea.
4. I admire Dr Cinthiyar Maung’s track record and happy to see her innocent smile. She is a great leady in our country.
5. I like to read other IT knowledge; how to creat local network, server, blogsport etc.
Thanks
October 31st, 2009 at 5:44 am
kyaw cross ခင်ဗျား
ifile.it ကမရရင် zshare ကရောရနိုင်ပါလားခင်ဗျား
November 1st, 2009 at 8:50 pm
kogyi: Deepfreeze, Data Recover တို့ကို ifile မှာရော၊ zshare မှာရော တင်ထားပေးလိုက်ပါပြီ။
November 3rd, 2009 at 5:21 am
admin ခင်ဗျား.. gmail ကစာတွေကိုကောင်းကောင်းမမြင်ရတာဘယ် font လိုနေပါသလဲ။ ဥပမာြ ကွှို လို့ မြင်နေရပါတယ်။ကျေးဇူးပြုပြီးဖြေပေးပါဦးနော်။
November 3rd, 2009 at 6:45 pm
kogyi: firefox ရဲ့ Tools > Options > Contact မှာ Default Font နေရာမှာ Zawgyi ဖောင့် ပြောင်းထားပါ။ အဲလိုပြောင်းပြီးမှ မအိုကေသေးရင်တော့ ပို့တဲ့စာရဲ့ ဖောင့်က MyMyanmar, BIT အဲဒီဖောင့်တွေ ဖြစ်နေလို့ ထင်ပါတယ်။
November 4th, 2009 at 10:41 pm
ကျနော့်ဆီမှာလည်း ကရင်နဲ့ ပတ်သက်ပြီး trace လုပ်ထားတဲ့ ပုံတွေ logo တွေ အနည်းငယ်စီရှိပါတယ်။ အသုံးတဲ့ မယ်ထင်ရင် သုံးနိုင်ဖို့ ဘယ်ကို ပို့ပေးရမလဲ သိချင်ပါတယ်။ အကိုတို့ဆီမှာ ပုံတွေရှိရင်လည်း ပို့ပေးပါ ကျနော် trace ပြီး ပြန်တင်ပေးပါမယ်။
November 5th, 2009 at 6:52 pm
shwe ya: ကြိုဆိုပါတယ်ဗျာ။ ဖိုင်ဆိုက်မကြီးရင်တော့ ကျနော့်မေးလ် kyawcross@gmail.com ထဲ ပို့ရင် ရပါတယ်။ ကြီးရင်တော့ mediafire တို့လို တနေရာရာမှာ အကောင့်တခု လုပ်ပြီး တင်ပေးရင် ပိုအဆင်ပြေပါမယ်။ ကျေးဇူးတင်ပါတယ်ဗျာ။
November 8th, 2009 at 8:13 am
admin ခင်ဗျား…ယခင်က မေးခဲ့တဲ့ မေးခွန်းတွေကိုစိတ်ရှည်ရှည်ဖြေပေးတဲ့အတွက်အတိုင်းမသိ အထူးကျေးဇူးတင်ပါတယ်။ယခုလဲ တစ်ခုတော့တောင်းဆိုပါရစေ။ internet cafe တွေမှာသုံးတဲ့  cafezee software အကြောင်းလေးသိပါရစေ။အသုံးပြုပုံကိုပြောတာပါ။ကျွန်တော့ဆီမှာတော့ version 3.9 ရှိပါတယ်။ဘယ်လိုသုံးရလဲဆိုတာမသိလို့ ပါ။ကျွန်တော့် ဆိုင်လေးမှာသုံးချင်လို့ ပါ။ဖြေပေးပါဦးနော်။
zwekabin အဓွန့် ရှည်တည်တန့် ပါစေ
November 18th, 2009 at 12:04 am
ကျွန်တော် နယ်စပ်အဖွဲအစည်းထဲ့ ၀င်ပြီ တိုင်ရင်သားများနဲ့ အတူ ပါဝင်ဆင်နွဲချင်ပါသည်။အသက်က ၂၁ နှစ်အ၇ပ်က ၅ ပေ ၉ လက်မ
၁၀တန်ပါ။
ကျွန်တော်ကို ပြန်ဆက်သွယ်ပါနော်…………
November 22nd, 2009 at 12:13 am
Funsy.exe virus ၀င်ပြီး ကွန်ပျူတာထဲက ပုံတွေကိုဖျက်သွားတယ်။
ပုံတွေကို ပြန်ပြီးလိုချင်ရင် ဘယ်လိုလုပ်ရမလဲ။
November 26th, 2009 at 12:12 pm
zwekabin admin ခင်ဗျာ။ ကျနော်လိုအပ်နေတာ blog ထဲမှာ ကရင်စာဘယ်လိုရေးရ မလဲခင်ဗျာ။ ဗမာနှင့်English တော့အခက်ခဲမရှိသလောက်ပါပဲ။ နည်းလမ်းလေးပြပါ အုံးခင်ဗျာ။ karen blog ကိုကျနော်ရေးခြင်တာပါ။
November 30th, 2009 at 5:38 am
ဇွဲကပင်ဖေါင့်ကိုတီထွင်ပေးတဲ့အတွက် အရမ်းပဲကျေးဇူးတင်ပါတယ်။ ဇွဲကပင်ဖေါင့်တီထွင်ပေးတာကြောင့်၊ ကျနော်အခုစကောကရင်ဘလော့တခု ရေးလို့ရတာ။
November 30th, 2009 at 9:27 pm
ကျနော့်ရဲ့ဘလော့ကတော့ http://www.tnmtkarenlanguage.blogspot.com
December 14th, 2009 at 8:12 am
ကရင်နှစ်သစ်ကူးပွဲတော်ကိုကျင်းပဘို့အတွက် kNU ကိုဆက်ကြေးပေးရတာ ယနေ့မျက်မှောက်အချိန်မှာကြုံတွေ့နေရပြီ…….
December 27th, 2009 at 2:10 am
ကျနော်ကရင်တယောက်ပါ ကရင်ရိုးရာယဉ်ကျေးမှုကိုလဲအင်မတန်မြတ်နိုးပါတယ် လိုက်လဲလိုက်စားခဲ့ပါတယ်။ကျနော့်တစ်သက်နှစ်ပေါင်း ၄၀ ကျော်၅၀ အတွင်းမှာကရင်နှစ်သစ်ကူးပွဲတော်ကျင်းပဘို့အတွက် KNU ကိုဆက်ကြေးပေးရတာဒီနှစ်ပထမဆုံးအကြိမ်ပါ။ဒီ KNU က ကရင်မဟုတ်တော့ဘူးလား။ပြီးတော့သူတို့ခရစ်ယာန်ဘာသာကိုယုံကြည်သူတွေဟာ ရိုးရာယဉ်ကျေးမှုမရှိတော့ဘူးလို့ပြောပါတယ်။အဲဒါဟုတ်ပါသလား။ဒီ comment ကိုဖတ်မိလို့သိမယ်ဆိုရင်ကျနော့် e mail ကိုပြန်ဆက်သွယ်ပေးပါနော်……
December 27th, 2009 at 2:20 am
ကရင်ရိုးရာယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအတွက် blog တင်တဲ့ညီအကိုများအားလုံးကိုလေးစားဂုဏ်ယူပါတယ်………………ကျနော့် e mail က mightxxxx@gmail.com ဖြစ်ပါတယ်
December 27th, 2009 at 2:24 am
E mail မှားလို့ mightyxxxx@gmail.com
December 27th, 2009 at 10:51 pm
ဖလုံဖိုး ခင်ဗျား
နှစ်သစ်ကူး ငွေပေးရတယ်ဆိုတာ ကျနော် မတွေ့လို့ဗျ။ ဖလုံဖိုး ဘယ်မှာတွေ့တာလဲ မသိဘူး။ ကျနော့်ကို link ပေးပါလား။ စိတ်ဝင်စားဖို့ ကောင်းလို့ပါ။ အလည်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်။
December 28th, 2009 at 9:21 am
ဇွဲကပင်ဖေါင့် ကို EOT လုပ်လို့ရလား။
December 28th, 2009 at 11:02 pm
ကို kyaw cross ရေ ကိုယ်တိုင်ပေးခဲ့ရလို့ပါခင်ဗျာ…..
December 28th, 2009 at 11:11 pm
ဖါပွန်နှစ်သစ်ကူးပွဲတော်မှာမိုင်းပေါက်တဲ့အခြေအနေကို ကရင်အမျိုးသားများအဖွဲ့ချုပ်(ဂျပန်) link ရဲ့ comment မှာအပြည့်အစုံတင်ထားပါတယ် ဖတ်ကြည့်ပါခင်ဗျာ…..
December 29th, 2009 at 8:21 am
ကျေးဇူးပဲ။ အခု ကိုမိုက်ကယ်က Firefox နဲ့ EOT လုပ်လို့ရဖို့အတွက် စမ်းကြည့်နေတယ်။ သူစမ်းကြည့်လို့ရရင်တော့ ကျနော်တို့ကရင်ဘလော့ဂါတွေအတွက် အရမ်းအကျိုးရှိမှာ။
January 4th, 2010 at 12:52 am
နယ်စပ်တိုင်းရင်းသား….ပါပဲ………..
နောက်ဆုံးရသတင်းတွေပို့ပေးပါ
January 4th, 2010 at 6:06 am
ကိုမိုက်ကယ်က ဇွဲကပင်ဖေါင့်ကို EOT လုပ်လို့မရဘူးလို့ပြောနေတယ်။ http://www.mirrorofmyanmar.co.cc မှာသွားကြည့်လို့ရတယ်။
January 10th, 2010 at 4:58 am
အစ်ကိုများခင်ဗျာ
က၇င် တိုင်း၇င်းသားနဲ့ပတ်သက်ပြီး စာအုပ်ကလေးတွေတင်ပေးပါလားဗျာ..
မေးထဲသို့ပို့ပေးစေချင်ပါတယ်..။ က၇င် ၇ိုး၇ာကျင့်ဝတ်များနဲ့ပတ်သက်ပြီး မှတ်တမ်းတင်ထားချင်လို့ပါ..
January 12th, 2010 at 6:41 am
ကရင်တိုင်းရင်းသားနဲ့ပတ်သက်တဲ့စာအုပ်တွေ http://www.drumpublications.org မှာဒေါင်းလုပ် ယူလို့ရတယ်.
January 12th, 2010 at 10:44 pm
မင်္ဂလာပါလို့ နူတ်ခွန်းဆက်သလိုက်ပါတယ်။
January 26th, 2010 at 10:27 pm
ကိုကျော်ခရော့ရေ…၀င်ရေးလိုက်ပြန်ပြီဗျာ…..အခုကျနော်လေ့လာတွေ့ရှိချက်အရ ယခုမျက်မှောက်ခေတ်အချိန်မှာ ကျနော်တို့ကရင်လူမျိုး ခရစ်ယာန်ကိုကိုးကွယ်ယုံကြည်သူများဟာ ရိုးရာယဉ်ကျေးမှုမရှိတော့ဘူးတဲ့….နှစ်ခြင်းခံကတည်းက ရိုးရာယဉ်ကျေးမှုကိုစွန့်လွှတ်လိုက်ပြီးတဲ့..သူတို့မှာလူမျိုးမရှိတော့ ဘူး ဘုရားသခင်ရဲ့သားတော် တမျိုးတည်းဘဲရှိတော့တယ်တဲ့………..ကျနော့်လေ့လာတွေ့ရှိချက် မှန်မမှန်ကိုကျော်ခရော့ရေ ကျနော့်ကို အကြောင်းပြန်ပေးပါဗျာ….ခင်မင်လေးစားလျက်………..
January 28th, 2010 at 4:26 am
ကရင်ဆက်သွယ်ပါတယ်
January 28th, 2010 at 4:28 am
zawwan
February 9th, 2010 at 11:37 pm
တချို့ဝင်းဒိုး မှာ ဇွဲကပင် ဖေါင့် ဒေါင်းလုပ် လုပ် လို့မရဘူးဖြစ်နေတယ်။ eot ထည့်လည်း မပေါ်လာဘူးဖြစ်နေတယ်။ ၀င်းဒိုး xp မှာတော့ရတယ်။ ဘယ်လိုလုပ်ရမှာလည်း။
February 12th, 2010 at 11:09 pm
ကျနော်ဟာ computer ကို နဲနဲ ပါးပါးလောက် ဘဲ သုံးတတ်ပါတယ်။ Brother တယောက်ရဲ့ အကူအညီ နဲ့  swegabin site ကို ၀င်ကြည့်ဒါ တော်တော် လေးကို သဘောကျပါတယ်။ ဘာကြောင့်လဲဆိုတော့ computer ပတ်သက်ပြီး ဘာမှမသိတဲ့ ကျနော် အတွက် တော်တော် အသုံးဝင်ပါတယ်။ ကျနော် မေးခွန်း တခု လောက် မေးချင် ပါတယ်။ phone & computer (laptop) ကို Bluetooth stick ကတဆင့် internet connection ရအောင် ဘယ်လိုလုပ်ရတယ်ဆိုဒါ ကို ဖြစ်နိုင်မယ်ဆို ရင် step by step ချင်း ကျေုးဇူးပြု ပြီး Swegabin site မှာ တင်ပေးစေချင်ပါတယ် ခင်ဗျာ။ ဒါမှမဟုတ် e-mail နဲ့ ပဲ ပို့ ပေးစေချင်ပါတယ်။ ကျေးဇူးတင်လျက်…… clote kwe say
February 14th, 2010 at 8:20 am
?
February 26th, 2010 at 7:39 am
ဇွဲကပင်က အစ်ကိုရေ တခုလောက်ကူညီပေးပါအုန်း
wordpress မှာ မြန်မာဖောင့်မပေါ်လို့ အစ်ကိုရေးထားတဲ့အတိုင်းလုပ်ကြည့်တာမရဘူးဖြစ်နေတယ် ဖြစ်နိုင်ရင် ကူညီပေးစေချင်ပါ ကျွန်တော့်ဘလော့က် က http://pannthee.byethost4.com ပါ
ိdatabase ကိုလဲ byethost.com မှာပဲလုပ်ထားပါတယ်
February 28th, 2010 at 7:51 pm
၁။ byethost ရဲ့ Control Panel > FTP Manager > File Manager ကို ဖွင့်ပါ။
၂။ pannthee.byethost4.com > htdocs ကိုဖွင့်ပြီး wp-config.php ဖိုင်ကို Delete လုပ်ပါ။
၃။ browser ကနေ http://panthee.byethost4.com ကို ဖွင့်ပါ။
၎။ Create a Configuration File ကို ကလစ်ပါ။
၅။ နောက်စာမျက်နှာမှာ Data base တွေကိုဖြည့်ပါ။
၆။ Run the install ကို ကလစ်ပါ။
အိုကေသွားမယ် ထင်ပါတယ်။ မအိုကေသေးရင် ကျနော်တင်ထားတဲ့ Wordpress Free ဆိုတဲ့ ဖိုင်ကို သေချာဖတ်ပြီး တဆင့်ချင်းပြန်လုပ်ပေါ့လေ။
ဒါမှမဟုတ် Password တွေပို့ပေးမယ်ဆိုရင်တော့ ကျနော် ပြင်ပေးလို့ ရမယ်ထင်ပါတယ်။ ကျနော်ပြင်ပြီး အိုကေသွားပြီးမှ Password တွေ ပြန်ပြောင်းလိုက်ပေါ့။ အိုကေပါစေဗျာ … ။
March 15th, 2010 at 9:35 pm
ကိုကျော်ခရော့ေ၇….ခံစား၇တယ်ဗျာ….. က၇င်လူမျိုးကောင်းစားေ၇းအတွက်ကြွေးကြော်နေတဲ့ KNUက က၇င်နှစ်သစ်ကူးပွဲတော်ကိုဆက်ကြေးကောက်တယ်…အခုက၇င်ပ၇ဟိတကကလေးတွေအတွက်၇ံပုံငွေ၇ှာတာကိုပိုက်ဆံတောင်း၇က်တယ်ဗျာ….KNU အဖွဲ့ဟာက၇င်လူမျိုးတွေမဟုတ်တော့ဘူးလား..KNU ဆိုတဲ့စကားက KAREN NO UNITY လား KAREN NEED UNITY လား KAREN NEVER UNITED လား…..KNU ကဂိတ်မှူးတွေဆို၇င် ၁၅ ၇က်တစ်ခါေ၇ွှတွေကိုကီလိုချိန်နဲ့ဝယ်တယ်..ပ၇ဟိတကျောင်းကက၇င်ကလေးငယ်တွေစားဘို့ဆန်တောင်မ၇ှိဘူး….အဲဒီကလေးတွေက KNU အုပ်ချုပ်တဲ့၇ွာကကလေးတွေကြီးဘဲ…ဘယ်မှာလဲက၇င်လူမျိုးကောင်းစားေ၇းဆိုပြီးကြွေးကြော်နေတဲ့ KNU တွေ….ကိုကျော်ခေ၇ာ့တစ်ချက်မေးကြည့်ပါဗျာ…….
March 18th, 2010 at 9:03 pm
MS WORD 2007 ရဲ့ အသုံးပြုပုံအသေးစိတ်ရှင်းထားတဲ့ pdf လိုချင်ပါတယ်
April 6th, 2010 at 9:51 am
မဲမပေးရေး လှုပ်ရှားမှု (No Vote Campaign)
မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
သတင်းစကားလေးတစ်ခုလည်း ဝေငှပါရစေ။
မြန်မာပြည်သူ၊ ပြည်သားတွေအဖို့ နှစ်ပေါင်းများစွာ တစ်နည်းနည်းနဲ့ စစ်အာဏာရှင်တွေရဲ့
ဒဏ်ကို ခံခဲ့ကြရရာမှာ တပ်မတော်သားတွေလည်း အပါအဝင် ဖြစ်ပါတယ်။
လူတစ်စုရဲ့ ဆန္ဒနဲ့ အကျိုးစီးပွားထက် လူအများအတွက် ရှေ့တန်းတင်သင့်ကြပြီ ထင်ပါတယ်။
လက်နက်မရှိ၊ အာဏာမရှိ၊ အားထားရာမဲ့တဲ့ ပြည်သူတွေရဲ့ အနေထားကို နားလည်ပါတယ်။
ဒါပေမယ့် ရင်မဆိုင်ရင် အားလုံးရဲ့ ဒုက္ခတွေ မဆုံးနိုင်ဘူးဆိုတာလည်း နားလည်ပေးကြရပါမယ်။
တုတ်၊ ဓါးတွေ ဆွဲစရာ မလိုပါ၊
လက်သီး လက်မောင်းတန်းပြီး အော်ဟစ်နေစရာ မလိုပါ၊
ရှေ့ထွက်ပြီးလည်း ဦးဆောင်စရာ မလိုပါ၊
အအေးချမ်းဆုံး ကိုယ့်ဘဝ ကိုယ်ဆက်သွားရင်း ကိုယ်ပိုင်တဲ့ မဲတစ်ပြားကို မကြာခင်ဇွတ်လုပ်
တော့မယ့် ရွေးကောက်ပွဲမှာ ဝင်မထည့်ရုံပါ။ အကြမ်းမဖက်ပဲ အာဏာရှင်တွေကို ရင်ဆိုင်ကြ
ရအောင်။
တစ်ဆင့်တက်ပြီး အမိန့်အာဏာကို မလိုက်နာတာမျိုးတွေနဲ့ အနုနည်းဆန့်ကျင်သွားကြလို့ ရပါ
သေးတယ်။ နိုင်ငံကို ပြည်သူတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ပြည်သူတွေအပ်မှ ပြည်သူ့ကိုယ်စား
လှယ်တွေ အာဏာရ အုပ်ချုပ်ရိုးထုံးစံရှိတာ နှစ်ပေါင်းထောင်နဲ့ချီခဲ့ပါပြီ။
ဒါကြောင့် (စာဖတ်သူ) ပြည်သူတွေရဲ့ စွမ်းအားကို ယုံကြည်ပါတယ်။ အားထားပါတယ်။ လူတိုင်း
လုပ်နိုင်မယ်လို့ မယူဆပေမယ့် ကြိုးစားကြည့်ကြရအောင်လို့ နှိုးဆော်လိုက်ပါတယ်။ ပြိုင်တူ
တွန်းရင် ရွေ့နိုင်ပါတယ်။
မန်းကိုကို
၀၆၊ ၀၄၊ ၂၀၁၀
http://mahnkoko.blogspot.com/
April 16th, 2010 at 2:12 am
ကျွန်တော်ကဗုဒ္ဓဘာသာဝင်တစ်ဦးပါ။
ဗမာအဓိကမိသားစုအတွင်းမှာမွေးဖွားကြ်ီးပြင်းလာရသူပါ။ အမေ့ဖက်ကအဖွားအဆိုအရမွန်နှင့်ကရင်မျိုးနွယ်စုသွေးနှောသည်ဟုသိရသော်
လည်းထိုအရာအနှောဒီဂရီကိုတိုင်းတာရန်တစ်ခါဘူးမှအားမထုတ်မိသေးပါ။ အဖွားကတော့ ဧရာဝတီတိုင်းသူဖြစ်ပြီးလွန်လေပြီးတာကြာပါပြီ။
ငယ်စဉ်ကတော့မိမိကိုယ်မိမိ “ဗမာ” အဖြစ်အနည်းငယ်တော့စွဲယူခဲ့ဘူးပါသည်။ ခုတော့သိနေတာတစ်ခုရှိလာပြီဆိုတော့မစွဲလိုတော့ပါ။ထိုသိမှုကိုပေးသူမှာအခြားမဟုတ်ပါ။ ကျွန်တော်သက်ဝင်ယုံကြည်ရာဗုဒ္ဓ၀ါဒပင်ဖြစ်ပါသည်။ အယူအစွဲမကင်းသေးသ၍သံသရာမှမလွတ်ဘဲဘ၀ဖြစ်ကြရပါသည်။
သံသရာကရှည်လွန်းလှသဖြင့်သတ္တ၀ါတို့၏ဘ၀တွင်ဆွေမျိုးမတော်စပ်ဘူးသူမရှိဟုဆိုပါသည်။ နောက်တခြားထောင့်တစ်ခုမှလှည့်တွေးကြည့်ကြစို့လား။ တိုက်ရိုက်မျိုးနွယ်စုဆင်းသက်ပုံအရတော့ယခုစာဖတ်နေသူနှင့်ကျွန်တော်သွေးစပ်၍လွယ်မည်မဟုတ်သေးပါ။သို့သော်တမြေတည်းနေ၊တရေတည်းသောက်နိုင်ငံသူနိုင်ငံသားအချင်းချင်းတော့သင်လိုချင်သည်ဖြစ်စေ၊မလိုချင်သည်ဖြစ်စေသွေးတော်ပါသည်
ယခုတော့သွေးကွဲကြပါသည်။ အခြေခံအမျိုးမျိုးဖြင့်ပင်သွေးကွဲကြပါသည်။
လူမျိုးရေးအခြေခံ – ရှုပ်ထွေးသည်။ မျိုးနွယ်စုကွဲပြားခြင်း၊ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ဆင်တူမှုမရှိခြင်း၊ ထို့ကြောင့်အခြားမျိုးနွယ်စုများနှင့်ဆက်ဆံခြင်းမပြုလိုခြင်း(မိမိတို့ကိုယ်၌ကိုယ်ကကွဲ
ပြားလိုခြင်း – သမိုင်းဦးဘုံမြေခေတ်မှအကြွင်းအကျန်ဓလေ့ထုံးစံ)၊ လူမျိုးကြီးဝါဒအလေ့အကျင့်ပါးလျှားသည်ဖြစ်စေ၊ အားများသည်ဖြစ်စေနိုင်ငံတွင်းရှိ အကြီးဆုံးသောမျိုးနွယ်စုအားမုန်းတီးခြင်း၊ မုန်းတီးရန်လေ့ကျင့်ပေးမှုများ အစဉ် တစိုက်ရှိနေခြင်း
ဘာသာရေးအခြေခံ – ဘာသာတို့၏သာသနာပြုပုံသဘာဝအရဘာသာဝင်အချင်းချင်းသာအရေးတယူ
လုပ်ကြသည်။ဘာသာဝင်မဟုတ်သူများသည်ယုံကြည်စိတ်ချစရာ မဟုတ်၊ အချို့ အခြေအနေများတွင်ဘာသာခြားများ၏အသက်အိုးအိမ်စည်းစိမ်တို့မှာဘာသာဝင်
်တို့အတွင်အဘိုးပင်မထိုက်တန်
လူမျိုးကြီးဝါဒ – နိုင်ငံတိုင်းလိုလိုတွင်ရှင်သန်ခဲ့၊ ရှင်သန်နေဆဲဖြစ်သည်။ အထူးသဖြင့်နိုင်ငံ့အာဏာရယူထားသူများက၄င်းတို့၏အုပ်ချုပ်မှုယန္တယားတွင်အရေးပါသောလက်နက်အဖြစ်အသုံးပြုလေ့ရှိသည်။နိုင်ငံ့လူဦးရေအချိုးအစားအများဆုံး
သောမျိုးနွယ်စု၏ဓလေ့ထုံးစံကိုလိုက်ရခြင်းဖြစ်သည်။ လူမျိုးစုစစ်ပွဲတစ်ပွဲဆင်နွဲပြီးချိန် (သို့မဟုတ်) ကိုလိုနီလက်အောက်မှလွတ်မြောက်စ အချိန်တွင်ကျင့်သုံးလေ့ရှိသည်။ “Assimilation” ဟုခေါ်ပါသည်။ လူနည်းစုတို့၏ပိုင်ခွင့်များချိုးဖောက်ခံရမှုမှာအခြေအနေအရပ်ရပ်ပေါ်မူတည်၍က
ွဲပြားမှုရှိမည်ဖြစ်ပါသည်။
ဒီမိုကရေစီအလေ့အကျင့်ရှင်သန်အားကောင်းချိန်တွင်လူမျိုးကြီးဝါဒမှေးမှိန်သွားမည်သာဖြစ်သည်။
အထက်ပါကွဲပြားမှုအခြေခံအစုစုအားအခြေခံ၍ “Divide & Rule” မူကိုဗြိတိသျှနယ်ချဲ့တို့ကကောင်းစွာအသုံးချသွားနိုင်ခဲ့သည်။ လူနည်းစုမျိုးနွယ်စုများကိုဘာသာရေးအဓိကစည်းရုံးထားနိုင်မှုဖြင့် (Missionary) ဗမာလူမျိုးကြီးအစုနှင့်မသင့်မြတ်အောင်ဖန်တီးစီမံနိုင်ခဲ့သည်။ လွပ်လပ်ရေးကြိုးပမ်းမှုကာလ ရဲဘော်သုံးကျိတ် ဂျပန်မှပြန်အ၀င် BIA တပ်များနှင့်မြစ်ဝကျွန်းပေါ်နေကရင်လူမျိုးစုအကြားအလွန်အကျူးဖြစ်ခဲ့မှုများမှာအ
ခြေအနေအရရှောင်လွှဲ၍မရခဲ့နိုင်ဟန်ရှိနေပါသည်။တော်လှန်ရေးစိတ်ခက်ထန်မာန်
်ပြင်းနေသောဗမာ့လွပ်မြောက်ရေးတပ်မတော်နှင့်ထိုစဉ်ကအမျိုးသားရန်သူနယ်ချဲ့ဗြိတိသျှတို့၏ မဟာမိတ်သဖွယ်ဖြစ်ခဲ့ရသောကရင်လူမျိုးစုတို့၏ အခြေအတင် ဖြစ်ခဲ့မှုများမှာယခုထက်တိုင်ရင်ကြားစေ့၍မရတတ်တော့ပါ။ (ဘုံရန်သူဂျပန်အားတိုက်ရန်ရန်သူဟောင်းနယ်ချဲ့ဗြိတိသျှတို့နှင့်ပြန်လည်မဟာမိတ်ပြုပြီးချိန်တွင်လူမျိုးစုများနှင့်သင့်မြတ်ရေးကိုထိုစဉ်ကဗိုလ်ချုပ်အောင်ဆန်းနှင့်တကွလွပ်လပ်ရေး ခေါင်းဆောင်များအမြှော်အမြင်ကြီးစွာအရေးပေးလုပ်ဆောင်ပါသော်လည်း လမ်းခုလပ်တွင်လုပ်ကြံခံရခြင်းကလည်းကျွှန်ုပ်တို့တိုင်းပြည်၏ဆိုးဝါးသောအမျိုးသားရေးကံကြမ္မာပင်လား)
ကျွန်တော်နှင့်ခေတ်ပြိုင်လူများစုအတွက်ကိုယ်စားပြောပေးနိုင်တာတစ်ခုတော့ရှိ
ပါသည်။ကျွန်တော်၏ကျောင်းသားဘ၀တလျှောက်လုံးမိမိတို့၏လူမျိုးစုသူငယ်ချင်း
များနှင့်အတူတကွပညာသင်ကြားခဲ့ရာတွင်ချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင်ရှိခဲ့ကြပါ
သည်။ဤသည်မှာလူမျိုးရေးဝါဒမထင်ရှားနိုင်သော အခြေအနေအချိန်အခါတစ်ခု အောက် တွင်အတူတစ်ကွရှိနေစဉ်စည်းလုံးမှုကိုအမြင့်ဆုံးရနိုင်ကြောင်းဘ၀ပေး သာဓကပင်ဖြစ်ပါတော့သည်။
ကျဉ်းမြောင်းဆက်စုပ်ဘွယ်လူမျိုးရေးခွဲခြားကျင့်သုံးမှုများကိုမိမိထိုင်းနိုင်ငံသို့ရောက်မှသာအထင်အရှားသိသာရပါတော့သည်။ ထိုင်းလူမျိုးတို့၏ကျဉ်းမြောင်းမှုကိုစာမဖွဲ့ပြလိုတော့ပါ။
ဲမြန်မာပြည်မတွင်နေစဉ်ကဗမာလူမျိုးကြီးအစုဝင်အဖြစ်မကြုံတွေ့ခဲ့ရဘူးသောလူမျိုး
ရေးခွဲခြားကျင့်သုံးမှုကိုထိုင်းနိုင်ငံတွင်ရောက်ရှိနေထိုင်စဉ်ကာလအတွင်းမကြာခဏ
တွေ့ရပါတော့သည်။ သို့ဆိုလျှင်မည်သူကမည်သူ့ကိုခွဲခြားပါလိမ့်။ စာရှုသူစဉ်းစားရန်အတွက်ချန်ထားခဲ့ပါသည်။ကုစား၍မရနိုင်စရာမဟုတ်ထင်ပါသည်။
ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သောကျွှန်တော်၏လူငယ်ဘ၀အစောပိုင်းခရစ်ယာန်သမ္မာကျမ်းစာလေ့လာမှုအရပြောရလျှင် “ဘုရားသခင်၏လက်တော်နှင့်ပြုလုပ်ထားသောဤကမ္ဘာမြေ” ပေါ်တွင်လူတို့ကဤ
နေရာသည်ငါ၏နေရာ၊ထိုနေရာသည်သင့်နေရာဟုပိုင်းခြားရန်အခွင့်မရှိဟုထင်ပါ
သည်။
ချစ်ခြင်းမေတ္တာအခြေခံနှင့်ဖြေရှင်းရန်မကြိုးစားသမျှမည်သည့်နိုင်ငံရေးစနစ်ကျင့်သုံးသည်ဖြစ်စေအမျိုးသားရင်ကြားစေ့ရေးနှင့်ငြိမ်းချမ်းရေးမှာအိပ်မက်နေရအုံးမည့်အရာသာပဲဖြစ်ပေမည်။
PS: ဒီနေရာဟာကျွှန်တော်ဝင်ပြောလို့ရတဲ့နေရာမဟုတ်လျှင်ခွင့်လွှတ်ပေးပါ
April 19th, 2010 at 3:53 am
DOK – အချိန်သိပ်မရလို့ အတိုချုပ်ပဲရေးလိုက်ပါမယ်။ “မျိုးမစစ်” ဆိုတဲ့ စကားလုံးအတွက် သိပ်စိတ်ထဲ ထည့်မထားပါနဲ့။ အမျိုးစစ်မှအမျိုးချစ်မယ် လို့ ဆိုစကားရှိပေမယ့် သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ ကမ္ဘာပေါ်မှာ သွေးမရောတဲ့လူမျိုး မရှိတော့တာမို့ သမုဒ္ဒရာရေမြှုပ်ကို အဟုတ်လုပ်ပြီး စိတ်ကြီးဝင် ဘဝင်မြင့် နေသူများအတွက်တော့ ပူဖောင်းကလေး ပေါက်သွားခဲ့ပါပြီ ဆိုတာကို လက်ခံဖို့တော့ ခက်ကြပါလိမ့်မယ်။ လူမျိုးမုန်းတီးရေး ဆိုတဲ့စကားကတော့ ကမ္ဘာမှာ ရွံစရာကောင်းတဲ့ စကားလုံးတစ်လုံး ဖြစ်ပေမယ့် အာရှသားအတော်များများကတော့ ပဒေသရာဇ်စနစ်ရဲ့ အာဏာမျိုးကို ယစ်မူးလို့ အရှိန်မကုန်ကြသေးလို့ အာဏာရှင်စနစ် ဆက်တည်ဆောက်ပြီး ကြီးနိုင်ငယ်ညှင်းလုပ်ရင်း အဆစ်ဆက်ပါနေသေးတဲ့ ကိစ္စတစ်ရပ်သာသာပါ။ အတိုချုပ်ကတော့ ပညာရေးဟာ အခရာပါ။ ဆက်ပြောရင် ရှည်မှာမို့လို့ ဒီလောက်ပဲရေးပါတော့မယ်။ တစ်ခုပဲပြောလိုတာက DOK ရဲ့ အမြင်တွေဟာ မမှားပါဘူး၊ ဒါပေမယ့် ပိုပြီးကျယ်ကျယ် ပြန့်ပြန့်သိနိုင်အောင် စာတွေဖတ်၊ သက်ကြီးသူတွေကို ချဉ်းကပ်မေးမြန်းပါလို့သာ အကြံပေးလိုပါတယ်။ – မန်းကိုကို – http://mahnkoko.blogspot.com/
May 15th, 2010 at 5:33 am
မြန်မာတစ်တိုင်းပြည်လုံးတိုးတက် ဖို့ တိုင်းရင်းသားလူမျိုးအားလုံးသည်လည်း မြန်မာနိုင်
ငံသားများပင်ဖြစ်သည့် အတွက် လူမျိုးရေးမခွဲခြားဘဲ လိုရာပန်းတိုင်ချီတက် နိုင်ဘို့ကြိုး
စားကြပါစို့…….
May 15th, 2010 at 5:39 am
We are One !!!
May 15th, 2010 at 11:07 pm
ဆရာကျော်ခရော့စ်၊
“စောကရင်” မှာမှတ်ချက်သွားပေးပြီး အလဟဿမဖြစ်အောင်ကူးပြီး ဒီမှာပါလာတင်ပေးလိုက်တယ်။ ကရင်လူမျိုးနဲ့ စာပေမတတ်တဲ့ အကြောင်းလေးပါ။
ဒါနဲ့ http://vimutti.blogspot.com/ (စာမျက်နှာ ၄ ပုံတစ်ပုံလောက်) မှာ ဦးပညာရဲ့ ကရင်ရာဇဝင် အီး-စာအုပ်ရှိတာ သိပြီးပြီလား။
———————————————————————
ဆရာသမားရေ၊
အတိုချုပ်လေးတော့ ဆွေးနွေးသွားပါရစေ။ နောင်မှ အသေးစိတ် ဆွေးနွေးသွားမှာဖြစ်ပြီး ပြန်ဆွေးနွေးဖို့လည်း ဖိတ်ခေါ်ပါတယ်။ ဒါမှ ကိုယ်တွေရဲ့ အားနည်းချက် ကိုယ်ပိုမြင်လာပြီး ပြင်နိုင်ကြရအောင် ရယ်လို့ပါ။ ကရင်တွေအတွက် ဝေဖန်မယ့်သူနည်းတာ၊ အဝေဖန်မခံနိုင်ကြတာ ကြာခဲ့ကြပါပြီ။
ပထမဆုံး အနေနဲ့ ကရင်လိုမရေးနိုင်တာကိုတော့ စိတ်မကောင်းပါ။ ဒါပေမယ့် ကရင်လိုမပြောနိုင်၊ မရေးနိုင်တဲ့ ကိစ္စတွေကြောင့် ကိုယ့်အမျိုးသားချင်း မျက်နှာပျက် နေကြရတာကိုတော့ ပိုမသင့်တော်ဘူးလို့ ထင်မိပါတယ်။
အပိုင်းတွေခွဲရင်တော့ အတော်များများလေး ရှိပါတယ်။ ကရင်တွေကြားထဲမှာ ဘာသာ၊ ဒေသနဲ့ အခြားအစွဲတွေကြားမှာ အုပ်စုတွေကွဲနေတာက ပထမပြဿနာပါ။ ဒုတိယက အခြားလူမျိုးကြီးဝါဒ စွဲကိုင်ထားသူတွေ၊ လက်ရှိမြန်မာပြည်ကိုချုပ်ကိုင်ထားသူတွေနဲ့ အုပ်ချုပ်ရေး ယန္တယားတွေပါ။ နောက်ဆုံးအနေနဲ့က ဖြစ်ပေါ်လာနေတဲ့ နိုင်ငံရေးနဲ့ ဒေသအခြေအနေတွေပါ။
အကျယ်တော့ မပြောတော့ပါ။ အချက်တွေအနေနဲ့ ချကြည့်ရင်တော့ (၁) လူတယောက်ကို လာပါ၊ လုပ်ပါ၊ ဒီလိုဖြစ်ရမယ်လို့ ပြောလို့ရရိုးထုံးစံ မရှိပါ၊ လုပ်ချင်လာအောင် လမ်းကြောင်းပေးရပါတယ်။ (၂) ကရင်စကားမပြောလည်းကရင်ပဲ၊ ကရင်စာမတတ်လည်း ကရင်ပဲဆိုတာ ကရင်အများစု လက်ခံကျင့်သုံးဖို့ လိုပါတယ်။ (၃) မြန်မာပြည် စီးပွားရေးနိမ့်ကျနေလို့ အုပ်ချုပ်သူတွေက အလိုက်သင့် စာပေယဉ်ကျေးမှုကို ပိတ်ပင်ပေးလိုက်ရုံနဲ့ ကရင်တွေ ဆန့်ငင်ဆန့်ငင် ဖြစ်သွားပါတယ်။ ဘယ်သူ့မှအားကိုးလို့မရပါ၊ ကိုယ့်လမ်းကိုယ်ရှာရပါမယ်။ (၄) ကိုယ်တွေအနိုင်ကျင့်ခံ၊ ဒုက္ခခံနေကြရတာ မမှတ်သေးပဲ အချင်းချင်းလက်ညိုးထိုး၊ အပြစ်တင်၊ ရန်ရှာမုန်းတီးနေကြတာဟာ ကိုယ်တွေရဲ့ အားနည်းချက်မို့ အထူးသဖြင့် လူငယ်တွေကို လမ်းပြဖို့က အားလုံးရဲ့ တာဝန်ပါ။
ဒီလောက်နဲ့ ရပ်ထားပါရစေ၊
အားလုံးအတွက်၊
မန်းကိုကို
May 30th, 2010 at 9:36 pm
ကိုကိုကျော်ခင်ဗျ
ကျတော့ မယ်တောင်မိုင် မှ ကွန်ပျူတာမှ ဟာ့ခ်ဒစ် ပျောက်သွားလို့
ဘယ်လိုလုပ်ရမှန်း မသိလို့ပါ…
KAT
June 18th, 2010 at 9:45 am
ယားက ကရင်လူမျုီုးတစ်ယောက်ပါ ကရင်လူမျီုးသမိုင်းကြောင်းစာပေဖတ်ချင်ာလို့ပါ
July 8th, 2010 at 8:29 am
ကျေးဇူးအရမ်းတင်တယ်။
July 8th, 2010 at 8:33 am
အမြဲလာလည်ပါရစေ။သိပ်ပညာရစေတယ်။ဖိနှိတ်ခံရတဲ့အပြင်ပညာသင်ခွင့်မရတဲ့သူတွေအတွက်ဝေငှလို့ ရတဲ့အတွက
်ကျေးဇူးတင်နေမိတာ…..ဘု၇ားသခင်နာမကိုချီးမြှောက်ပါတယ်။
July 14th, 2010 at 10:31 pm
ဘယ်သူမပြုမိမိမှူ့ ထင်တယ်…အများအတွက်လုပ်နေတဲ့ခင်ဗျားလိုလူရှေ့ဆက်လုပ်ပါ
August 13th, 2010 at 7:30 am
Hello,
My grandfather(Mother ’s father) is Karen in Irrawaddy.
My father is Burmar.
But I love Karen and Karen State.
And I visit frequently to the Karen State.
I would like to able to speak the Karen-Language and be able to be Karen -Literature.
Please can you help me for my learning.
Best regards,
Tarteephoe
August 21st, 2010 at 8:57 pm
ကျွန်တော့ Website တွင် zwekabin font နှင့် K.B.T.S ကို Dream Weaver CS 5, Adobe Contribute CS5 တွင် ရေး၍မရပါ။ ရေးရန်အတွက် လိုအပ်ချက်များကို ကျေးဇူးပြုပြီး E-mail ဖြင့် အသေးစိတ် ပို့ပေး စေလိုပါသည်။