ရုပ်ရှင်၊သီချင်း
ကရင်သီချင်းများကို khwekabaung.org မှာ တင်ထားပါတယ်။ နားဆင်လိုပါက ဒီမှာကလစ်ပါ
ဖ၀့်ခါန်ၟဆိုင့် သီချင်းများ နားဆင်လိုပါက ဒီမှာကလစ်ပါ
စ၀်သိင်းဖ၀့် သီချင်းများ နားဆင်လိုပါက ဒီမှာကလစ်ပါ
အေစီ သီချင်းများ နားဆင်လိုပါက ဒီမှာကလစ်ပါ
ထူးဝါး သီချင်းများ နားဆင်လိုပါက ဒီမှာကလစ်ပါ
အနှိုင်းမဲ့ မိခင်
တေးရေး- ဂျိမ်း(စ်)၊ မန်းဗေဒါ (ဧရာဝတီ)၊ ဆဲနေမူး၊ ကိုစု
တေးဆို၊ သရုပ်ဆောင်- ရီဆဲနာ၊ ဒေးအယ်၊ အဲနာမူး၊ Ah Ro / Boe Boe
တည်းဖြတ်- Boe Boe (BPHWT)
သူရဲကောင်းမေမေ
Play MP3
သူရဲကောင်း မေမေ
ကြည်နူးခဲ့ရဖူးပါသည် ကြေကွဲခဲ့ရဖူးပါသည် လူသားတယောက်ရဲ့ ဘ၀ဒဏ်ရာနေ့များ နာကျင်ကျော်ဖြတ်ရင်းလေ
အိမ်မက်ရဲ့ အသက်မိခင်တဦး မျှော်လင့်ခြင်းရဲ့ အလင်းတန်းလေး နေလောင်ပန်းတို့ နေ့သစ်အနာဂတ်များ အစဉ်အမြဲ စိမ်းလန်းနိုင်ဖို့
စုတ်ခြယ်အလှဆင်ခဲ့ ကိုယ်တိုင်က ဆေးသားလေးပါပဲ ဘ၀အမောတွေကို ချွေးသိမ့် နှစ်သိမ့်ပေးခဲ့သူ အမှောင်ခွင်းသော အလင်းရှင်လေး အဖြူစင်ဆုံး ကြီးမြတ်သော ကြယ်စင်လေး ကျေးဇူးတင်တယ် ချစ်တဲ့မေမေ
ဟိုမိုးမြင့်ထက် အတွေးအိမ်များ နာရီများရဲ့ စီးချက်အတိုင်း အမှန်တရားဘက်က ရပ်တည်ရှင်သန်ခဲ့ ခိုင်မြဲလက်တွေ ရှေ့ဆက်
အေးမြခြင်းတွေအမြဲသူပေး အိုအေစစ်လေး
အချစ်နဲ့ ဘဝ
Play MP3
အချစ်နဲ့ ဘဝ
လူသားအစ ဒို့ကမ္ဘာဦးထဲက ချစ်ခြင်းနဲ့ဘ၀ ထပ်တူညီပြီးသား သဘာဝတရားရဲ့ အပြောင်းလဲကြား ရှင်သန် ချစ်အဓိပ္ပါယ်နဲ့ အတွေးများ ပညာမဲ့အချစ်ရဲ့ မျက်ကန်းမဖြစ်လိုပါ နှစ်ကိုယ်တူအချစ်နဲ့ နေ့သစ်တွေ အစဉ်မြဲလှစေချင် ဘ၀တန်ဘိုးတွေ အစဉ်ထိန်းသိမ်းကာနေ အချစ်ကို အလှဆင် ဖော်ညွှန်းကြမယ် အဖြူရောင် အချစ်နဲ့ အနမ်းများ
လူသားအစ ဒို့ကမ္ဘာဦးထဲက ယဉ်ကျေးသော ပညတ်တွေရှိပြီးသား ဆယ်ကျော်သက် ခေတ်လူသား အားလုံး ခန္ဓာစိတ်ဓာတ် ကျန်းမာအောင်ကြိုးစား ပညာနဲ့ ယှက်လုပ်ထားတဲ့ ဘ၀အိမ် နေရာသစ် ရှာဖွေပါ မနက်ဖြန်များစွာ ပွင့်လန်းဖို့လေ လူ့တန်ဖိုးတွေ အစဉ်ထိန်းသိမ်းကာနေ လောကကြီးကို လူတိုင်း အလှဆင် ပညာ အလင်းနဲ့
(အချစ်ရဲ့နွံထဲမကျွံမိဖို့ အပြစ်ရဲ့ နွံထဲ မနစ်မွန်းဖို့)၂ စိတ်ဓာတ်ခန္ဓာ ပြင်ဆင်ဉာဏ်အသိနဲ့ ရှေ့ဆက်မယ့်ခရီး ဒို့လူ့ဘောင်ကြီး သာယာစေကောင်းဖို့ ကြိုးစားစို့လား
ပေးဆပ်ခြင်းရဲ့ အဓိပ္ပါယ်
Play MP3
ပေးဆပ်ခြင်းရဲ့ အဓိပ္ပါယ်
ပူဆာတဲ့ဘ၀ရဲ့ နေ့တွေထဲ ခန္ဓာတ၀က်ရင်းနှီးခဲ့ပြီပဲ ပူလောင်တဲ့ လောဘသားတွေကြား အမှောင်အတိ ပေးဆပ်ခဲ့ပြီပဲ ကူသူကယ်သူ မရှိတော့ ဘယ်လိုရင်ဆိုင်ရမလဲ ရှေ့ဆက်မယ့် ခရီး
ကြင်နာမှု ချစ်ခရီးလမ်းတွေကြား ကံကြမ္မာနဲ့ ဆုံးဖြတ်ခဲ့ရပြီ ပူလောင်တဲ့ အချစ်ရဲ့ လောကတရား ရင်မှာအပြည့် ပေးဆပ်ခဲ့ပြီပဲ အကြင်သူသာ အသိပေါ့ ဘယ်လိုရင်ဆိုင်ရမလဲ ရှေ့ဆက်မယ့်ခရီး
ရည်ရွယ်ချက်များစွာနဲ့ အမှောင်ညတွေကြား ပူဆာမှုများ ရင်ထဲ အနှိုင်းမဲ့ လောကသစ္စာတရား
အကြင်နာများပေးကြပါ ဘယ်လိုမှ တိုင်းမရနိုင်တဲ့ ဝေဒနာလေးတစ်ခုပေါ့လေ ကြိုတင်မမြင်နိုင်တဲ့ မနုဿ သန္ဓေသား
ရည်ရွယ်ချက်များစွာနဲ့ ကင်နာမှုတွေကြား ပူလောင်မှုများရင်ထဲ အနှိုင်းမဲ့ လောကသစ္စာတရား
အကြင်နာများပေးကြပါ ဘယ်လိုမှ တိုင်းမရနိုင်တဲ့ ဝေဒနာလေးတခုပေါ့လေ ကြိုတင်မမြင်နိုင်တဲ့ မနုဿ သန္ဓေသား
တာဝန်
Play MP3
တာဝန်
မွေးမိခင်တွေ အသက်ဆုံးရှုံးတာတွေလည်း များလှပြီ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးနေရတယ် အရင်းစစ်တော့ အမြစ်မြေက ဆိုရိုးစကားရှိသည် ဗဟုသုတ အခွင့်အရေးများ မဲ့လို့နေ
သိလျှက်နဲ့လည်း မလုပ်ဖြစ်သူတွေ လက်ပိုက်ကြည့်နေဆဲ လုပ်ဖြစ်သော်လည်း တ၀က်တပျက်နဲ့ အစဉ်ကြိုးစားနေဆဲ မိခင်များရဲ့ အသက်ကို ကာကွယ် စောင့်ရှောက်ကာ အစဉ်အမြဲ မျိုးဆက်သစ်ကို ပြုစုရတယ်
ပုလဲမျက်ရည် ပုလဲမျက်ရည် ဒီကမ္ဘာမြေကို အတုမဲ့ မေတ္တာနဲ့အစဉ်ခြုံလွှမ်း ပုလဲမျက်ရည် ပုလဲမျက်ရည် မိခင်တွေ အသက် မဆုံးရှုံးဖို့ ကာကွယ် စောင့်ရှောက်ကြစို့လေ
ချစ်ခြင်းရဲ့ ညီမျှခြင်း
Play MP3
ချစ်ခြင်းရဲ့ ညီမျှခြင်း
အချစ်ဆုံးသူ့အပေါ်ကို ကိုယ်ပေးဆပ်နေမယ် အချစ်ဆုံးမင်းကို ကိုယ် အရာရာနားလည်မယ် အမှန်တွေလည်းရှိမယ် တခါတရံတော့မှားတယ် အချစ်ဆုံးမင်းကိုလေ ကိုယ်အနိုင်မယူဘူး အချစ်ရယ်
မနေ့ကဖြစ်ပျက်ခဲ့တဲ့အကြောင်းလေး တွေးတိုင်း ဒို့ရင်ထဲမှာ မငြိမ်းအေး ကူပါအိမ်မှုကိစ္စလေးတော့ ပူဆာ ရင်သွေးလေးကို ချော့ပေါ့ အချစ်က ဒို့ကိုအဲလိုပြောတော့ မျက်နှာချင်းဆိုင် စကားများ ရန်ဖြစ်ကြပေါ့ ကိုယ့်ရှုထောင့် တွေကို သုံးပြီး ကိုယ်လိုရာတွေကို ပြောကြတော့ ငါ့ကို ရှေးရိုးစွဲ အဟောင်းကြီးလို့ စွပ်စွဲတော့ ငါက ယောက်ျား မာန်တွေ တင်းဆဲပေါ့ (တကယ်ကို မှားပါတယ်)
အိမ်ထောင်ရေး ကတောက်ကဆတွေ ဖြစ်ကြတော့ သားသမီးတွေဟာ စိတ်ဒုက္ခတွေ ရောက်ရပေါ့ လူမှုရေးစီးပွားရေးတွေ အဆင်မပြေတာ ဆက်တိုက်ပေါ့ အိမ်ထောင်ရေး မသာယာနိုင်ပါ ပျော်စရာတွေဟာ ဆုံးရှုံးပေါ့ အားနည်းချိန် ငါကူပါ့မယ် မင်းလဲရင် ငါထူပါ့မယ် မှန်ကန်သော အသိစိတ်နဲ့အတူ တစ်ကနေ ပြန်စကြစို့ (တကယ်ကို မှားပါတယ်)
ဒီနေ့ဒီခေတ် ဒီအချိန်ခါမှာ ဒို့တွေသိရှိဖို့က ကျန်းမာရေး ပညာရေး စီးပွားရေးလူမှုရေး စတာတွေကို ကိုယ့်ရဲ့အိမ်ထောင်ဘက်ဇနီးနဲ့ ညှိနှိုင်း တိုင်ပင်ဆွေးနွေးပြီး သာယာတဲ့ အိမ်ထောင်ကို
တည်ဆောက် ခေတ်သစ်လူ့ဘောင်ကြီးထဲမှာ ခေတ်မီစွာ လျှောက်လှမ်းနိုင်ကြဖို့ပါ
ဘ၀ရဲ့ စီမံကိန်း
Play MP3
ဘ၀ရဲ့စီမံကိန်း
လူမှုရေးဒုက္ခတွေ ဒီခေတ်စားဝတ်နေရေး လူ့ပတ်ဝန်းကျင် နေ့စဉ်တွေ့ရ အဆင်မပြေမှုများ သောကဝေ မိသားစုရဲ့ကြား သားကတရာ မြေးတဖျာ မလွယ်ပါ
ဒီအိမ်ခန်းကျဉ်းလေးမှာ မိသားစုကများ အမြဲတမ်းဖျားနာ စိတ်တွေညစ်ရ ဆာလောင် ငိုကြွေး ကလေးများစွာ ပညာရေးနောက်ကျန်ခဲ့ သားကတရာ မြေးတဖျာ မလွယ်ပါ
အိမ်ထောင်မိသားစုတွေ စီမံကိန်းရှိရမယ် သားဆက်ခြားအောင် အစဉ်ထိန်းပါ မေမေနဲ့ ကလေးလည်း ကျန်းမာ ၀င်ငွေလည်း တိုးလိမ့်မယ် သင့်ရဲ့ဘ၀တွေ လှလာမယ်
မသာယာသော ဘ၀ရဲ့ အခြေ ခဏလေးဝေးကြမယ် အချစ်နဲ့ဘ၀ကို နားလည်ပိုင်းခြား အဆင်ပြေသော ဘ၀တခုကို ဒို့များကြိုးစားမယ် အသင့်ပြည့်စုံမှ အချစ်ကလာခေါ်နော်
အိုး … ပြင်ဆင်ပါ ရင်သွေးအနာဂတ်အတွက် ပညာရေး စီးပွားရေး ကျန်းမာရေး လူတိုင်း … အိမ်ထောင်ရှင် ၀တ္တရားတွေ ကျေပြွန် လုံခြုံသော ကလေးများရဲ့ ဘ၀တွေ ဖန်တီး
(မေမေရယ် ကြောက်တယ် ဖေဖေရယ် ကြောက်တယ် သားကတရာ မြေးတဖျာ မလွယ်ပါ)
သဘာဝ ဆုလာဘ်
Play MP3
သဘာဝဆုလာဘ်
မိခင်တွေအတွက် သဘာဝဆုလာဘ်တွေ သင့်ရဲ့ရင်သွေး ပိုင်ဆိုင်ခွင့်ရချိန် ဖွားမြင်လာမယ့် သန္ဓေသားလေး အတွက်ကို သုတရှာဖွေ အမြဲကျန်းမာရေး ဂရုစိုက်
မမွေးဖွားမီ စောင့်ရှောက်မှု ခံယူကြပါ လမ်းညွှန်ချက်များ မှတ်သားလိုက်နာ ပဋိသန္ဓေတည်စ သင်မွေးဖွားမယ့်အချိန် ကာကွယ်ဆေးများ ထိုးကာပေး အန္တရာယ်ဘေး ကင်းရှင်းနိုင်ဖို့
လိုနေတဲ့ အဟာရ ဖြည့်စွမ်းပေးပါ မမှန်ကန်တဲ့ အယူအဆ ဖယ်ရှားပစ်ပါ အနာဂတ်ရဲ့ မျိုးဆက်များ သန်စွမ်းပြီး ကျန်းမာဖို့ ၀ိုင်းဝန်းစောင့်ရှောက်ပေး လောကအားမာန်တွေ
အနှိုင်းမဲ့မိခင်
Play MP3
အနှိုင်းမဲ့မိခင်
သန်းခေါင်ယံညနက် ခရီးနှင်လာခဲ့တယ် ဘယ်ညာယိမ်းလို့ လျှောက်လာခဲ့ အဝေးက ဖခင်တဦးရဲ့ ပျော်နေတယ် သူ့အတွေးလေး လောကထဲ ထိုးဖောက်နိုင်ဖို့ 
သန်းခေါင်ယံညနက် ညည်းတွားနေခဲ့တယ် ဝေဒနာရယ်မှန်းမသိခဲ့ အနှိုင်းမဲ့ မိခင်တယောက်ရဲ့ မျှော်နေတယ် ရင်သွေးလေး လောကထဲ တိုးထွက်လာဖို့
(နာကျင်ခြင်းနဲ့ သူ့ရဲ့အပြုံး မရဏကို ခြေတဖက်လှမ်း အသက်တ၀က် ဖက်နဲ့ထုပ် လောကရဲ့) ဝေဒနာကို ခံစားရင်း (အကြင်နာတွေကို တမ်းတနေတယ်)
(လောကလူသားများ အနာဂတ် ရင်သွေးငယ်များ ကြင်နာခြင်းများ စာနာခြင်းများ ၀ိုင်းဝန်းပေးဆပ်သွား)
အလှသစ်ဆီသို့
Play MP3
အလှသစ်ဆီသို့
မွေးဖွားကတည်းက အထီးကျန်ခဲ့တယ် ကျည်ဆံကြားထဲ ယမ်းငွေ့များနဲ့ လွင့်ပျံ့ခဲ့တယ် ငိုသံကြားထဲ အို-လူသားခလေးများရဲ့ ဘ၀ခရီးများဟာ အမှီကင်းမဲ့လေပြီ
လမ်းဘေးနား ခလေးတွေတချို့ဟာ ဆူညံကြားထဲ အခန်းကျဉ်းထဲက ခလေးငယ်တချို့ဟာ ပူဆာမှုများ မှီခိုခြင်းကင်းမဲ့တဲ့ အနာဂတ်လေးတွေ အခြေမဲ့ခဲ့လေပြီ
လွတ်လပ်တဲ့ အို … လောကကြီး မွေးကတည်းက မရရှိခဲ့ လူ့ဘ၀တွေ ဆုံးရှုံးနေခဲ့ လွတ်လပ်တဲ့ အို … လောကသစ် အများအတွက်နဲ့ ၀ိုင်းဝန်းကြ လောကကို အလှသစ်ဆင်ခဲ့ပြီ
အပြစ်မဲ့ဒုက္ခရောက်နေရတယ် ထိုလူသားတို့ ဆုံးရှုံးရတဲ့ လူ့အခွင့်ရေးတွေ အနာဂတ်ရဲ့ နိုင်ငံမဲ့ ကလေးများရဲ့ ဘ၀ခရီးလမ်း ပျောက်ဆုံးလို့နေပြီ (အပြစ်မဲ့တဲ့ ကလေးများအတွက် … ကိုယ်ချင်းစာကာ ပေးဆပ်)
အပြုံး
Play MP3
အပြုံး
နာကျင်သူ ဝေဒနာနှလုံးသားတွေ ပြောသမျှ နားထောင်ရင်း ပြုစုယုယရင်း တနေ၀င်ကာ တနေထွက် သူမမောနိုင် ဝေဒနာရှင်တွေရဲ့နဘေး သူ့အပြုံးတွေ အစင်ကြယ်ဆုံး သီတာရေစက်လို အားနည်းသူအတွက် အေးမြစေတယ်
ဒဏ်ရာတွေ ရင်မှာအပြည့်ရှိနေ ထိုးနှက်ချက်တွေနဲ့ အားတင်းပြုံးနေဆဲ ဝေဒနာရှင်တွေအတွက်ပဲ သူကြည့်နေတယ် စေတနာမှန် ဖြူစင်စိတ်ရင်း သူရှိတယ် ပူလောင်သူများအတွက် အရိပ်ကလေးတခု ဖြစ်နေခဲ့တယ် တကမ္ဘာလုံး အသိအ မှတ်ပြုနေပြီ
(စေတနာကြောင့် အသန့်ရှင်းဆုံး ပြုံးတဲ့အပြုံး နာကျင်လည်း ကိုယ်ကျိုးစွန့် ရဲတဲ့အပြုံး လိုရာခရီး မျှော်မှန်းတဲ့ ပန်းတိုင်အတွက် ရဲရင့်တယ် အကြည်လင်ဆုံး အပြုံးလေး များစွာနဲ့
ဒဏ်ရာတွေ ရင်မှာအပြည့်ရှိနေ ထိုးနှက်ချက်တွေနဲ့ အားတင်းပြုံးနေဆဲ ဝေဒနာရှင်တွေ အတွက်ပဲသူကြည့်နေတယ် စေတနာမှန် ဖြူစင်စိတ်ရင်း သူရှိတယ် ဆာလောင်သူများအတွက် အရိပ်ကလေးတခု ဖြစ်နေခဲ့တယ် တကမ္ဘာလုံး အသိအမှတ်ပြုနေပြီ
၂၇၄၇-ဏိင်းထင်း္ဘါ ဏိင်းထင်းသင့် မ်ုလေးယှး
၂၇၄၆-ဏိင်းထင်း္ဘါ ဏိင်းထင်းသင့် ဖံႜုပညာ့တ်ုဝါန့်




မ့ဿ္အဲဢ္ဒိးပွ႔ၯ ဆဲးက်ိး ပွၯသ့ဢ္တဖဢ္အံၯတက့ဿ္
April 20th, 2009 at 8:14 pm
အခုလို ကရင်ဒုံးလေးကြည့်ရတာအရမ်းကို စိတ်ပျော်ရွင်သွားတယ်ဗျား…
နောက်ဆိုလည်း ပို့ ပေးအုံးနော်…..
April 25th, 2009 at 9:21 am
ကရင်ဝတ်စုံနဲ့ကရင်တွေကိုကြည့်ရတာစိတ်ကြည်နူးပါတယ် ဒါပေမဲ့ကရင်တွေကရင်မှန်းမသိတာကိုဘဲအရန်းကိုခံစာရတယ် ကရင်တော်လှန်ရေးရဲဘော်ဖြစ်ရတာကိုဘဲမှားနေပြီလားမသိဘူး..ကရင်တွေနအဖရဲ့ခိုင်းနွားမဖြစ်ပါစေနဲ့
April 26th, 2009 at 4:59 am
I every day use this site
April 26th, 2009 at 5:01 am
I love my nation
May 10th, 2009 at 1:39 am
kaung kaung lay twe pe tinn htar pae par larr eminem to par to pop
May 16th, 2009 at 9:10 pm
please put more EhCher, DahBuKlane and KwaPlue soung more. Thank
June 29th, 2009 at 1:43 pm
နေရာသစ်ရောက်နေသော်လည်းမြင်နေကျမျက်နှာများကိုမြင်လိုက်ရချိန်မျက်ရည်များနဲ့ဖြေသိပ်နေရပါတယ်ခင်ဗျား၊၊ချဉ်ပေါင်မတုံးခင်မောင်ဘုန်းအရောက်ပြန်လာဖို့ကြိုးစားနေပါတယ်ခင်ဗျား၊၊
မိုးမခ(သို့)မျိုးမြင့်အောင်
July 16th, 2009 at 3:35 am
pleas put more karen dance in (2009) we are very happy to see your website
thank———————–.
September 17th, 2009 at 9:38 am
ကရင် သီချင်း များစွာ လိုချင်တယ် ပို့ ပေးလို့ရမလား
September 17th, 2009 at 9:40 am
ကရင် သီချင်းတွေ ဟာ အလွန်ကောင်းပါတယ် ကျေးဇူးပြုပြီး ပို့ ပေးပါနော
naymoo82@gmail.com
December 18th, 2009 at 7:25 pm
I am so happy to see my karen dance. I have seen karen dance for along time. I see all of my people love their culture and traditional. Thank you so much you put karen dance in your website. I hope you will put more.
December 26th, 2009 at 5:33 pm
I would like to say thanks a lot for putting Karen done dance.i enjoying
watching that dance.i think our karen people are very lucky to that dance,
because that dance is so interesting.i hope you can put more.
December 26th, 2009 at 5:36 pm
thanks a lot for putting karen done dance.i enjoy watching that dance.
i think our karen people are very lucky to have that kind of dance.i hope you can put more.
April 24th, 2010 at 10:45 pm
oh i really love my karen people
nice website
i really proud of my karen people
April 24th, 2010 at 10:48 pm
i want this song
please send to me
tiri.thin@yahoo.com
June 19th, 2010 at 9:37 pm
အားလုံးကျန်းမာပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ကျနော်ပြောချင်တာက ဒို့ ကရင်လူမျိုးတွေညီညွတ်ဖို့ အချိန်တန်ပြီ ဒီအတိုင်းဆက်နေလို့ မဖြစ်တော့ဘူးဆိုတာသိထားဖို့ လိုပါတယ် ဆရာလုပ်တာမဟုတ် ဘူးနော် ကိုယ်လူမျိုးအဖိနှိပ်ခံဘ၀ကနေလွတ်မြှောက် ဖို့ အတွက်ပြောနေတာ တစ်ယောက်န့ဲ့ တစ်ယောက်နားလည်မှုရှိရှိ ခွင့်လွတ်စိတ်ရှိရှိနဲ့ အလုပ်အတူတူတွဲလုပ်ဖို့အချိန်တန် ပြီ တစ်ယောက်တည်းလုပ်လို့ မအောင်မြင်ပါ ကိုယ်ချင်းတရားမကောင်း people များအလို မရှိပါ ရှင်းထုတ်ပစ်ပါ အားနာစရာမလိုပါ ကရင် တွေ အားနာလွန်းလို့ မဖြစ်သင့်တာတွေအကုန်ဖြစ်ကုန်တော့တာပဲ ဘယ်သောအခါမှတစ်ကိုယ်ကောင်းမဆန်နဲ့  အားလုံးအောင်မြင်ပြီး တန်ဖိုးရှိသောလူများဖြစ်ပါစေ
June 29th, 2010 at 7:55 pm
this is awesome… keep it up KaRen people..
June 29th, 2010 at 7:55 pm
awesome!! keep it up my KaRen people