Wordpress Themes
Themes ဆိုတာကို blogspot, joomla တို့မှာက Template လို့ခေါ်ပါတယ်။ လက်ရှိ သုံးနေတဲ့ Theme ကို မကြိုက်တော့ရင် အသစ်ပြောင်းနိုင်ပါတယ်။ ဒါပေမယ့် Theme အသစ်ပြောင်းတိုင်း အဲဒီ Theme နဲ့ လိုက်ဖက်မယ့် ဒီဇိုင်းတွေ ပြန်စီစဉ်ရ၊ CSS တွေ ပြန်ပြင်ရနဲ့ ဆိုတော့ အလုပ်ရှုပ်ပါတယ်။ အဲ … မဖြစ်မနေ ပြောင်းချင်တယ်ဆိုရင်တော့ google ကို ဖွင့်ပြီး wp themes လို့သာ ရှာလိုက်ပါ။ Theme ပေါင်း မြောက်များစွာ တွေ့ရပါလိမ့်မယ်။ ဖရီးတွေရော ၀ယ်မှ သုံးလို့ရမှာတွေရောပေါ့။
ကိုယ်ကြိုက်တဲ့ Theme ကို ဒေါင်းလုတ်ဆွဲချ။ ဇစ်ဖြည်။ ဇစ်ဖြည်ပြီးတဲ့ ဖိုလ်ဒါ ကိုမှ wp-content/themes ဖိုလ်ဒါထဲ ထည့်ပေးရပါမယ်။
wp-content/themes ထဲ ထည့်ပြီးသွားရင် Appearance > Themes ကို ဖွင့်ပြီး အသစ် ထည့်ထားတဲ့ Theme ကို ကလစ်၊ Activate လုပ်လိုက်ရင် Theme အသစ် ပြောင်းပြီး ဖြစ်သွားပါမယ်။
အခမဲ့ အသုံးပြုနိုင်တဲ့ Themes အကောင်းစားလေးတွေကို mmwordpress.com က ဖော်ပြထားတာကို ဒီမှာကလစ်ပြီး ဖွင့်ကြည့်ပါ။
နောက်ထပ် ကျနော်ကြိုက်တဲ့ Themes လေးတွေကို ဒီမှာ ဆက်ကြည့်ပါ။
arthemia (free)
live demo ကြည့်ရန်

arthemia premium ကတော့ ၀ယ်ပြီးမှ သုံးလို့ရမှာဖြစ်ပါတယ်။
arthemia (premium)
live demo ကြည့်ရန်






မ့ဿ္အဲဢ္ဒိးပွ႔ၯ ဆဲးက်ိး ပွၯသ့ဢ္တဖဢ္အံၯတက့ဿ္
အလည်ရောက်သူများရဲ့ ပြောစကား