ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် ကမ္ဘာ့ စီးပွားရေး ဖိုရမ် အဖွဲ့ (World Economic Forum) က ၂၀၁၀ ခုနှစ် အတွက် မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားနေသူ ဇိုယာဖန်းကို ကမ္ဘာ့ လူငယ် ခေါင်းဆောင်အဖြစ် ရွေးချယ် လိုက်သည်။
ယင်း ရွေးချယ်မှုကို အသက် ၄၀ အောက် အရွယ် လူငယ် ၅၀၀၀ ခန့် အမည် စာရင်း တင်သွင်း ခံရပြီးနောက် ဆန်ခါတင် နိုင်ငံပေါင်း ၇၂ နိုင်ငံမှ လူငယ် ခေါင်းဆောင် ၁၉၇ ဦးထဲတွင် ၎င်းက (Young Global Leader) ဟူသော ကမ္ဘာ့လူငယ် ခေါင်းဆောင် အဖြစ် ရွေးချယ် ခံခဲ့ရခြင်း ဖြစ်သည်ဟု ရွေးချယ်ခံရသူ ဇိုယာဖန်းက ဧရာဝတီသို့ ပြောသည်။
“ဒီလိုမျိုး ရွေချယ် ခံရတာက တယောက်တည်း အတွက် မဟုတ်ဘူး ဆိုတာ ကျမ မြင်ပါတယ်၊ မြန်မာပြည် တပြည်လုံးရဲ့ လူ့အခွင့် အရေး၊ ဒီမိုကရေစီ အခွင့်အရေး၊ တိုင်းရင်းသားတွေ အားလုံး အခွင့်အရေး အတွက် လှုပ်ရှားနေတဲ့ အလုပ် အကိုင် တွေကို သူတို့ အသိအမှတ် ပြုတယ်လို့ ကျမမြင်ပါတယ်”ဟု သူက ပြောသည်။
ကမ္ဘာ့စီးပွားရေး ဖိုရမ်က ကမ္ဘာ့လူငယ်ခေါင်းဆောင်များ အဖြစ် ရွေးချယ်ခံရသူများကို လာမည့် မေလ ၂ ရက်နေ့တွင် တန်ဇန်းနီး ယား နိုင်ငံ Da res Salaam မြို့တွင် တွေ့ဆုံရန် ဖိတ်ကြားထားသည့် အတွက် မြန်မာနိုင်ငံ၏ အခြေအနေကို တင်ပြဆွေးနွေးရန် ရည်ရွယ်ထားသည်ဟု ဇိုယာဖန်းက ဆိုသည်။
“အဲဒီမှာ သွားတက်မယ့် လူတွေကတော့ စီးပွားရေး ခေါင်းဆောင်တွေ ပိုများတယ်၊ တချို့ဆိုရင် နိုင်ငံရေး ခေါင်းဆောင်တွေပါတယ် အဲဒါ အခွင့်အရေးကောင်းတခုပဲ၊ ဒါကြောင့် အဲဒီ အခွင့်အရေးကိုယူပြီးတော့ မြန်မာပြည်အကြောင်းကို တခါမှ မကြားဘူးတဲ့ လူတွေ ကိုသွားပြောပြမယ်”ဟု ဇိုယာဖန်းက ဆက်ပြောသည်။
ထို့အပြင် ယခုနှစ် အတွင်း ဆွေးနွေးပွဲများ၊ နှီးနှော ဖလှယ်ပွဲများကို တက်ရောက်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာတွင် နားလည် သဘောပေါက်ရေး၊ အများအကျိုးအတွက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြမည် ဖြစ်ကြောင်းလည်း ကမ္ဘာ့စီးပွားရေး ဖိုရမ်၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
သက်တမ်း ၄၀ ပြည့်တော့မည့် World Economic Forum သည် နိုင်ငံတကာအရေး၊ ဒေသဆိုင်ရာ အရေး အခင်းများနှင့် ပတ် သက်ပြီး နိုင်ငံတကာမှ ကျွမ်းကျင်သူများ၊ ခေါင်းဆောင်များကို ညှိနှိုင်းဆွေးနွေးရန် စီစဉ် ပေးသည့် အဖွဲ့ကြီး ဖြစ်သည်။
နှစ်စဉ်နှစ်တိုင်း နိုင်ငံပေါင်းစုံမှ ထက်မြက်သည့် လူငယ် ၂၀၀၊ ၃၀၀ ခန့်ကို ရွေးချယ်ပြီး ကမ္ဘာ့ရေးရာများနှင့် ပတ်သက်၍ ပြောဆို ဆွေးနွေး၊ လှုပ်ရှားစေခြင်းဖြင့် အနာဂတ်ကမ္ဘာကြီးအတွက် အားကောင်းသည့် နိုင်ငံတ ကာကွန်ရက်တခု ဖြစ်ပေါ်လာစေရန် ဆောင်ရွက်ပေးလေ့ရှိသည်။
ပိုးကရင်တိုင်းရင်းသူ တဦးဖြစ်သည့် ဇိုယာဖန်းသည် လက်ရှိ အင်္ဂလန်နိုင်ငံတွင် နေထိုင်လျက်ရှိပြီး UK အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့(Burma Campaign-UK) ၏ နိုင်ငံတကာ ဆက်ဆံရေးတာဝန်ခံ တဦး အဖြစ် ဆောင်ရွက်နေသူဖြစ်သည်။
ထို့အပြင် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်၌ ထိုင်းမြန်မာ နယ်စပ် တနေရာတွင် အမည်မသိ သေနတ် သမား များ၏ လုပ်ကြံမှုကြောင့် ကွယ်လွန်သူ ကရင်အမျိုးသား အစည်းအရုံး (KNU)တွင် အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာလားဖန်း ၏ သမီးလည်းဖြစ်သည်။




မ့ဿ္အဲဢ္ဒိးပွ႔ၯ ဆဲးက်ိး ပွၯသ့ဢ္တဖဢ္အံၯတက့ဿ္
March 12th, 2010 at 7:34 pm
မမဖန်းအတွက်ကရင်တယောက်ဖြစ်တဲ့ကျွန်မ
အရမ်းယူနေပါတယ်..ကရင်လူမျိုးကိုworld တခု
လုံးသိအောင်ဆောင်ရွက်ကြတာပေါ့..
March 12th, 2010 at 7:36 pm
ထာဝရဂုဏ်ယူနေမည့်ညီမငယ်..
March 13th, 2010 at 8:28 am
I’m really proud of you..
March 17th, 2010 at 12:07 pm
as a karen i am totally proud of you. you are so incredible.you are still so young and you’ve got potential and you can still improve so much more. now i am twenty something. so one day i really want to see you at least as the president of karen state. but i am not giving you pressure, if you are true to the karens then i believe you will be. good luck to you Zoe Ya Hpaung.
March 23rd, 2010 at 1:29 am
၂၀၀၈ အခြေခံဥပဒေကို မဖျက်သိမ်းရင် ပြည်ထောင်စုက ခွဲထွက်မယ်ဆိုတဲ့ မူနဲ့ ၂၀၀၈ ဥပဒေကို ဖျက်သိမ်းကြပါ။ တိုင်းရင်းသားတွေ တညီတညာတည်းအော်ရင် ၂၀၀၈ အခြေခံဥပဒေပျက်ပြီ။
April 3rd, 2010 at 7:26 am
ဖန်းလေး အတွက်အရမ်းကို ဂုဏ်ယူမိပါတယ်။
April 4th, 2010 at 7:47 am
ညီမလေး အရမ်းကို လေးစားမိပါတယ်
August 31st, 2010 at 11:19 pm
Hi…good job
အ၇မ်းလေးစားတယ်..အစ်မ
ဆက်ကြိုးစားပါ….