Print This Post Print This Post
Jan 27

http://www.tgrmg.net/wp-content/gallery/1st-gallery/bolt_brothers_0.jpg

အေဗျာ  မနေ့ညနေကပဲ လက်ဖက်ရည်ဆိုင်ထိုင်လိုက်တာမှာ ပို့စ်တခုတင်စရာဖြစ်လာတယ်။ တင်လည်းတင်သင့်တယ်လို့ ထင်ပြီးတော့ တင်လိုက်တာပါ။ လက်ဖက်ရည်ဆိုင်မှာပဲ ကွန်ပြူတာကို စိတ်ဝင်စားတဲ့ ညီငယ်တယောက်နဲ့ စကားပြောဖြစ်ပါတယ်။ သူကလည်း သိချင်တာတွေကို တန်းစီပြီးမေးလေရဲ့။ အင် ကျနော်ကလည်း နဂိုကတည်းက လေရှည်တတ်တယ်ဗျာ။ ဒါကြောင့် သူမေးသမျှကို လေဖောနေမိတယ်။ သူ မမေးရင်လည်း ကိုယ်ကတော့ ဖောမှာပဲ။ ဟီ ဟီ။

ဒါနဲ့ သူမေးတာက မိုးတွေရွာ၊ လျှပ်စီးလက် မိုးခြိမ်းနေတဲ့အချိန်မှာ ကွန်ပြူတာ သုံးတာပဲဖြစ်ဖြစ် နက်သုံးတာပဲဖြစ်ဖြစ် အန္တရာယ်ရှိနိုင်သလားတဲ့။ ကွန်ပြူတာ အရောင်းဆိုင်တွေကတော့ လျှပ်ကာပစ္စည်းထည့်ပေးပြီးတော့ အာမခံတယ်လို့ ပြောပါတယ် လို့ မေးလာတယ်။ ကောင်းလိုက်တဲ့မေးခွန်းဗျာ။ ကျွန်တော်လည်း သိသလောက် မှတ်သလောက်နဲ့ ဖြေကြည့်မယ်ဗျာ။ မှားတယ်ဆိုရင် မှားတယ်လို့ပြောပါ။ မှန်တယ်ဆိုတော့ အဟီ ဘာမှ ပြန်မပြောကြပါနဲ့ပေါ့။

ကျနော်ကတော့ အန္တရာယ်ရှိတယ်လို့ ဖြေချင်ပါတယ်။ ကွန်ပြူတာ သုံးတာပဲဖြစ်ဖြစ် နက်သုံးတာပဲဖြစ်ဖြစ် မိုးကြိုးပစ်နေတဲ့အချိန်ရယ် လျှပ်စီးလက်နေတဲ့အချိန်ရယ် မသုံးသင့်ဘူးလို့ ထင်ပါတယ်။ မိုးကြိုးပစ်နေတဲ့အချိန် လျှပ်စီးလက်နေတဲ့အချိန်မှာ ကွန်ပြူတာကို မီးပလပ်ဖြုတ်ပြီးတော့ ပိတ်ထားသင့်တယ်လို့ ထင်ပါတယ်။ လျှပ်ကာပစ္စည်းတွေ ထည့်ပေးတယ်လို့ပြောတဲ့ ဆိုင်တွေကတော့ သူတို့ဆိုင်ရဲ့ ပစ္စည်တွေ အရောင်းသွက်စေချင်လို့ပဲ ဖြစ်မယ်ထင်ပါတယ်။

နက်သတင်းတွေမှာ ကျနော်တို့ မကြာမကြာတွေရတဲ့ သတင်းတခုကတော့ မိုးကြိုးပစ်ပြီးတော့ ဖုန်းပြောနေတဲ့သူ ဘယ်နှစ်ယောက် သေတယ်ဆိုတာပါပဲ။ iPod သီချင်းနားထောင်နေလို့ မိုးကြိုးပစ်ရာမှာ ဘယ်နှစ်ယောက် ပါသွားတယ်ဆိုပဲ။ မကြာမကြာ ဖတ်ခဲ့ရတဲ့ သတင်းတွေပါပဲ။ အထူးသတိထား သင့်တာကတော့ လျှပ်စစ်ပစ္စည်းတိုင်းဟာ လျှပ်စီးလက်ပြီး မိုးခြိမ်းတာကိုတော့ လုံးဝသတိထားသင့်ပါကြောင်း …

Written by ဝေဟင်အောင်

written by waihunaung


Leave a Reply

*
To prove you're a person (not a spam script), type the security word shown in the picture. Click on the picture to hear an audio file of the word.
Click to hear an audio file of the anti-spam word