
နအဖတပ်သား မောင်စိုး
ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖာပွန် ကရင်နှစ်သစ်ကူးပွဲတော် ဗုံးပေါက်မှာ နယ်မြေခံ နအဖ စစ်တပ်၏ လက်ချက်ဖြစ် သည်ဟု မကြာသေးမီက ထွက်ပြေးရောက်ရှိ လာသည့် နအဖ စစ်ပြေးများက ပြောဆိုသည်။
၎င်းတို့ ပြောဆိုချက်အရ အဆိုပါ ဗုံးခွဲရန်အတွက် နေပြည်တော်မှ စေခိုင်းခြင်းဖြစ်ပြီး ဖာပွန် အခြေ စိုက် အမှတ် (၁) စစ်ဗျူဟာမှူးကိုယ်တိုင် ကြီးကြပ်ကာ နယ်မြေခံ နအဖ စစ်ထောက် လှမ်းရေးနှင့် စစ်ဗျူဟာ လက်အောက်ခံ တပ်ရင်းများမှ ဖောက်ခွဲရေး ကျွမ်းကျင်သူများက အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။
မကြာသေးမီက ထွက်ပြေးရောက်ရှိလာသည့် ဖာပွန်အခြေစိုက် အမှတ် (၁) စစ်ဗျူဟာ လက်အောက်ခံ တပ်ရင်း၊ တပ်ခွဲ (၂)မှ တပ်သား မောင်စိုး (အမည်ရင်း မဟုတ်) ၏ ပြောဆိုချက်အရ ကေအဲန်ယူအပေါ် အများပြည်သူများ အထင်အမြင် လွဲလာစေရန်အတွက် အထက်မှ ညွှန်ကြား လုပ်ဆောင်စေခြင်း ဖြစ်ကြောင်း၊ ၎င်း၏ တပ်ခွဲမှူးလည်း အသေးစိတ် လုပ်ငန်းစဉ်တွင် ပါဝင်လုပ်ကိုင် ရသဖြင့် ထိုကဲ့သို့ အသေးစိတ်ကို သိရှိရခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ပွားသည့်ညတွင် မိမိတို့ တပ်ခွဲအပါအ၀င် အခြားတပ်ခွဲများနှင့်အတူ လုံခြုံရေး ထူထပ်စွာ ချထားကြောင်း ပြောဆိုသည်။
ထိုသို့ လုံခြုံရေး ထူထူထပ်ထပ် ချထားခြင်းကြောင့် ကေအဲန်ယူ ဘယ်လိုမှ ၀င်ရောက်နိုင်သည့် နေရာ မဟုတ်ကြောင်း၊ လုပ်ကြံဖန်တီးမှုသာဖြစ်ကြောင်း၊ ပေါက်ကွဲသည့် ဗုံးအစအနကို ပြန်စစ်ပါက ၎င်းတို့ စစ်တပ်၏ ဗုံးဖြစ်သည်ကို ကြည့်ခြင်းအားဖြင့် အဖြေထွက်နိုင်ကြောင်း ပြောဆိုသွားသည်။
အဆိုပါ ထွက်ပြေးရောက်ရှိလာသည့် နအဖ စစ်ပြေးသည် စစ်သက်တမ်း ၂ နှစ် ရှိပြီး ဖြစ်သည်ဟု သိရှိရသည်။
အဆိုပါ ဗုံးဖောက်မှု အသေးစိတ်လုပ်ငန်းစဉ်အတွက် ၎င်းတို့၏ မဟာမိတ်ဖြစ်သည့် ဖာပွန် အခြေစိုက် ဒီကေဘီအေ (၃၃၃) တပ်မဟာ ကဆောဝါး တပ်ရင်းထံ သတင်း မပေါက်ကြား စေရန် လျှို့ဝှက်စွာ ကိုင်တွယ်လုပ်ဆောင်ထားကြောင်း၊ ဒီကေဘီအေကို နယ်မြေခံ နအဖ တပ်ဗိုလ်များက ယုံကြည်မှု နည်းကြောင်း အဆိုပါ နအဖ စစ်ပြေးက ပြောပြသည်။
သတင်း – ဖာပွန်သား
One Ping to “ဖာပွန်ဗုံးဖောက်မှုကို နအဖ၏ လက်ချက်ဟု နအဖ စစ်ပြေးမှ ထုတ်ဖော်ပြောဆို”
5 Responses to “ဖာပွန်ဗုံးဖောက်မှုကို နအဖ၏ လက်ချက်ဟု နအဖ စစ်ပြေးမှ ထုတ်ဖော်ပြောဆို”
-
1. ထွန်းထွန်းအောင် Says:
January 27th, 2010 at 12:20 pmဒါက သေချာသလောက်ပါပဲ။ နအဖ စစ်အုပ်စုက လုပ်နေကျအလုပတွေပဲ။ ပြည်ပရောက်ဗမာတွေ တိုင်းရင်းသားတွေအပေါ်မှာ နားလည်လာနိုင်တာဟာ မြန်မာနိုင်ငံပြည်ထောင်စုစစ်စစ်တည်ဆောက်ရေးအတွက် တကယ့်အားပါပဲ။
-
2. simple Says:
January 28th, 2010 at 1:34 pmခွဲထွက်ချင်တဲ့ကရင်တွေ မြန်မာပြေပေါ်ကနေ အကုနိရှငိးရမယ်။ ကောင်းကောင်းမွန်မွန် ငြိမ်းငြိမ်းချမ်းချမ်းနေနေတယ် ကရင်တွေကို နိုင်ငံတော်က ကာကွယ်စောက်ရှောက်ပြီးသား ပဲ။ ဒီကိစ္စက အရှငိးသားကြီး ကရင်သုပုန်တွေ မှ မလုပ်ရင် ဘယ်သူမှလုပ်စရာ မရှိဘုး။
-
3. augustine Says:
January 30th, 2010 at 2:35 amI LIKE THIS WEBSITE
-
4. augustine Says:
January 30th, 2010 at 2:37 amခွဲထွက်ချင်တဲ့ကရင်တွေ မြန်မာပြေပေါ်ကနေ အကုနိရှငိးရမယ်။ ကောင်းကောင်းမွန်မွန် ငြိမ်းငြိမ်းချမ်းချမ်းနေနေတယ် ကရင်တွေကို နိုင်ငံတော်က ကာကွယ်စောက်ရှောက်ပြီးသား ပဲ။ ဒီကိစ္စက အရှငိးသားကြီး ကရင်သုပုန်တွေ မှ မလုပ်ရင် ဘယ်သူမှလုပ်စရာ မရှိဘုး။ ngar la` kayin ba`
-
5. sawehlin Says:
February 3rd, 2010 at 9:57 pmsimlple နှင့်augustine
အမြင်သဘောထားကိုဖြည့်စွတ်ပေးခြင်း
KNU အပေါ်ကိုမြင်တဲ့သဘောထားမှာဘယ်သူဘယ်ဝါကမျက်မြင်ကိုယ်တွေ့ မတွေ့ ဘဲနဲ့ 
ဝေဖန်ခြင်းကိုရှောင်ကျဉ်ပေးပါလို့ တောင်ပန်အပ်ပါသည်။
ဝေဖန်တယ်ဆိုတာ(မောင်မဲကအပြစ်လုပ်နေတာလား၊မောင်ဖြူကအပြစ်လုပ်နေတာလား)ဆိုတာသေသေချာချာAnalysis လုပ်ပြီးမှဝေဖန်ပါလို့ အကြံပေးပါရစေ။
ကျေးဇူ့ တင်ပါသည်။




မ့ဿ္အဲဢ္ဒိးပွ႔ၯ ဆဲးက်ိး ပွၯသ့ဢ္တဖဢ္အံၯတက့ဿ္
January 27th, 2010 at 10:34 am
[...] [...]