Jan 31
ဖားကပ် တိုက်ပွဲကို မဖော်ပြမီ စစ်နှင့်ပတ်သက်သည့် စစ်သဘောထား အချို့ကို တင်ပြလိုသည်။ The purpose of the revolution war is peace. “တော်လှန်ရေး စစ်ပွဲ၏ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးဖြစ်သည်”။ ကျွန်ုပ်တို့ စစ်တိုက်နေခြင်းသည် တပါးသူကို ကျွန်ပြု အနိုင်ကျင့် စော်ကားရန် မဟုတ်။ အမျိုးသား လွတ်လပ်ရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ကျူးကျော်လာမှုကို ခုခံသည့် တရားသော စစ်ပွဲကို တိုက်နေခြင်းသာ ဖြစ်သည်။
၁၉၈၂ခုနှစ် ဒီဇင်ဘာလ ၂၉ ရက် နံနက် ၉း၀၀ နာရီ ကရင်ပြည်နယ်၊ ဖားအံ ခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ တပ်မဟာ (ရ)၊ တပ်ရင်း (၁၉)၊ စစ်ကြောင်း (၁) တာဝန်ကျရာ စစ်ဒေသ တခွင်လုံး ဟေမန္တ ဆောင်းလရာသီ၌ ဆောင်းနှင်းမြူတို့ဖြင့် အေးမြနေလင့်ကစား နိုင်ငံရေး စစ်ရေး မတည်ငြိမ် မအေးချမ်းပေ။ Continue reading »
Jan 27

အေဗျာ မနေ့ညနေကပဲ လက်ဖက်ရည်ဆိုင်ထိုင်လိုက်တာမှာ ပို့စ်တခုတင်စရာဖြစ်လာတယ်။ တင်လည်းတင်သင့်တယ်လို့ ထင်ပြီးတော့ တင်လိုက်တာပါ။ လက်ဖက်ရည်ဆိုင်မှာပဲ ကွန်ပြူတာကို စိတ်ဝင်စားတဲ့ ညီငယ်တယောက်နဲ့ စကားပြောဖြစ်ပါတယ်။ သူကလည်း သိချင်တာတွေကို တန်းစီပြီးမေးလေရဲ့။ အင် ကျနော်ကလည်း နဂိုကတည်းက လေရှည်တတ်တယ်ဗျာ။ ဒါကြောင့် သူမေးသမျှကို လေဖောနေမိတယ်။ သူ မမေးရင်လည်း ကိုယ်ကတော့ ဖောမှာပဲ။ ဟီ ဟီ။
ဒါနဲ့ သူမေးတာက မိုးတွေရွာ၊ လျှပ်စီးလက် မိုးခြိမ်းနေတဲ့အချိန်မှာ ကွန်ပြူတာ သုံးတာပဲဖြစ်ဖြစ် နက်သုံးတာပဲဖြစ်ဖြစ် အန္တရာယ်ရှိနိုင်သလားတဲ့။ ကွန်ပြူတာ အရောင်းဆိုင်တွေကတော့ လျှပ်ကာပစ္စည်းထည့်ပေးပြီးတော့ အာမခံတယ်လို့ ပြောပါတယ် လို့ မေးလာတယ်။ ကောင်းလိုက်တဲ့မေးခွန်းဗျာ။ ကျွန်တော်လည်း သိသလောက် မှတ်သလောက်နဲ့ ဖြေကြည့်မယ်ဗျာ။ မှားတယ်ဆိုရင် မှားတယ်လို့ပြောပါ။ မှန်တယ်ဆိုတော့ အဟီ ဘာမှ ပြန်မပြောကြပါနဲ့ပေါ့။
Continue reading »
Jan 25
ကရင့်တော်လှန်ရေး ဂုဏ်ပြုသီချင်းတွေကို တပုဒ်ချင်း ရွေးပြီး နားဆင်ချင်သူ၊ ဒေါင်းလုတ်ယူချင် သူတွေအတွက် အဆင်ပြေအောင် တပုဒ်ချင်း ပြန်ခွဲတင်လိုက်ပါတယ်။
ဒီစာမျက်နှာမှာ သွားဖွင့်ကြည့်လိုက်ပါ။
နှစ် ၆၀ ပြည့် ကရင့် တော်လှန်ရေး ဂုဏ်ပြုသီချင်းခွေကို အခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါပြီ။ စကော၊ ပိုး၊ ဗမာ ဘာသာတို့နဲ့ သီဆိုထားတဲ့ “သင့်အတွက် နှစ် (၆၀)” အမည်ရှိ ဒီဗီဒီ သီချင်းခွေကို ကရင်လူငယ် အစည်းအရုံးကနေ စီစဉ် ထုတ်ဝေ ဖြန့်ချိခဲ့တာပါ။ အခု ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ ကျရောက်မယ့် ၆၁ နှစ်ပြည့် ကရင့်တော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ အခမဲ့ ရယူနိုင်အောင် စီစဉ်လိုက်ပါလို့ ကေ၀ိုင်အိုက အကြောင်းကြားလာတဲ့အတွက် အခု တင်ဆက်လိုက်ပါပြီ။
ဒေါင်းလုတ်ယူမယ့်သူတွေအနေနဲ့ AVI Format နဲ့ အပိုင်း ၈ ပိုင်း (တပိုင်းကို 90 MB) ခွဲတင်ထားတဲ့ ဖိုင်အားလုံးကို ဒေါင်းရပါမယ်။ ဒေါင်းပြီးတဲ့ အပိုင်း ၈ ပိုင်းကို တနေရာထဲမှာ (ဖိုလ်ဒါ) တခုထဲမှာ အတူထည့်ထားပါ။
ခွဲထားတဲ့ ဖိုင်တွေကို HJ Split နဲ့ ပြန်ဆက်ရပါမယ်။ ပြန်ဆက်ပြီးရင် 700 MB ရှိတဲ့ AVI ဖိုင်တခု ရလာပါမယ်။ ဒီဖိုင်ကို ကွန်ပြူတာမှာ တိုက်ရိုက်ကြည့်နိုင်ပါတယ်။ အောက်စက်နဲ့ ကြည့်မယ်ဆိုရင်တော့ Continue reading »
Jan 23
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၅) ဌာနချုပ်မှ
ဖာပွန်မြို့သူ မြို့သားများနှင့် ပြည်သူလူထု အားလုံးထံသို့ အသိပေးထုတ်ပြန်ချက်
နေ့စွဲ၊ ဇန်န၀ါရီလ (၃) ရက်နေ့၊ ၂၀၁၀ ခုနှစ်
သို့
ဖာပွန်မြို့သူ မြို့သားများနှင့် ပြည်သူလူထုများ အားလုံးသို့
ဖာပွန်မြို့တွင် ကျင်းပပြုလုပ်သည့် (၂၇၄၉) ခုနှစ် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတွင် ဗုံးဖောက်ခွဲသည့် လုပ်ရပ်ကို ဖာပွန်မြို့ အခြေစိုက် နအဖ (စစ်ဗျူဟာ) သည် တပ်မဟာ(၅)မှ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲလိုက်သည့်အပေါ် မိမိတို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၅)မှ လုပ်ဆောင်ခဲ့ခြင်း လုံးဝ မဟုတ်ကြောင်း စိတ်ရင်းဆန္ဒမှန်ဖြင့် အောက်ပါအတိုင်း အသိပေး ထုတ်ပြန်လိုက်ပါသည်။
(၁၆-၁၂-၂၀၀၉) ရက်နေ့ ကရင်နှစ်သစ်ကူးနေ့ည အခမ်းအနားတွင် မိုင်းဗုံးပေါက်ကွဲခဲ့ပြီး မြို့သူမြို့သား များစွာ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ရသည့် အဖြစ်အပျက်တွင် ဖာပွန်အခြေစိုက် နအဖ စဗဟ (၁) စစ်ဗျူဟာမှူးမှ စာစောင်၊ သတင်းဌာနများမှတဆင့် ထိုအဖြစ်အပျက် လုပ်ရပ်ကို ကေအဲန်အယ်အေ တပ်မဟာ(၅)မှ လုပ်ဆောင်ခဲ့သည်ဟု ပြည်သူများ၏ လက်မှတ်နှင့်တကွ ဖော်ပြရေးသားခဲ့ပါသည်။
ထို့အတွက်ကြောင့် ၎င်းမိုင်းပေါက်ကွဲခဲ့ရသည့် (၁၆ – ၁၂ – ၂၀၀၉) ရက်နေ့ည၏ အခြေအနေများကို ဖာပွန် မြို့သူ မြို့သားများနှင့် ပြည်သူလူထုများ အားလုံးထံသို့ အသိပေး တင်ပြလိုသည်မှာ ထိုဖောက်ခွဲမှု ဖြစ်ရပ်သည် ကျွန်ုပ်တို့ ကေအဲန်ယူ – ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၅) ၏ အစီအစဉ် လုံးဝ မဟုတ်ပါကြောင်း အသိပေး ပြောကြားလိုပါသည်။ ကေအဲန်ယူ တပ်မဟာ (၅) သည် ကရင်တမျိုးသားလုံး၏ အဖိနှိပ်ခံ ဘ၀မှ လွတ်မြောက်ရန် တော်လှန်တိုက်ပွဲဆင်နွဲသည့် Continue reading »
Jan 23

နအဖတပ်သား မောင်စိုး
ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖာပွန် ကရင်နှစ်သစ်ကူးပွဲတော် ဗုံးပေါက်မှာ နယ်မြေခံ နအဖ စစ်တပ်၏ လက်ချက်ဖြစ် သည်ဟု မကြာသေးမီက ထွက်ပြေးရောက်ရှိ လာသည့် နအဖ စစ်ပြေးများက ပြောဆိုသည်။
၎င်းတို့ ပြောဆိုချက်အရ အဆိုပါ ဗုံးခွဲရန်အတွက် နေပြည်တော်မှ စေခိုင်းခြင်းဖြစ်ပြီး ဖာပွန် အခြေ စိုက် အမှတ် (၁) စစ်ဗျူဟာမှူးကိုယ်တိုင် ကြီးကြပ်ကာ နယ်မြေခံ နအဖ စစ်ထောက် လှမ်းရေးနှင့် စစ်ဗျူဟာ လက်အောက်ခံ တပ်ရင်းများမှ ဖောက်ခွဲရေး ကျွမ်းကျင်သူများက အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။ Continue reading »
Jan 19

ကျွန်တော်က ဒီဇွဲကပင်ဆိုက်မှာ စာမရေးတာကြာပြီးဗျာ။ အားလုံးသော မိတ်ဆွေများရော ဆရာ Kyawcross ကိုရော အားနာလာပြီး။ ကျွန်တော်ကလည်း ကျွန်တော်အလုပ်နဲ့ကျွန်တော် လိပ်ပတ်လည်နေလို့ပါ။ အားလုံးကိုတောင်းပန်ပါတယ်။ ဒီနေ့ ကျွန်တော် ဗဟုသုတအနေနဲ့ @ ဆိုတဲ့သင်္ကေတအကြောင်းကိုဗဟုတအနေနဲ့တင်ပေးလိုက်ပါတယ်။
လိပ်စာကိုပေးပါ အော် (at) @gmail.com ပါဆို။ မဟုတ်ဘူး (at) @yahoo.com ပါ။ အော် ကျွန်တော်ပြောချင်တာက အေကွေကွေ(@)ပါ။ သူ့ကို သူများက တော့ နှုတ်ဖျားကကိုမချကြဘူး။ ဒါဘာအဓိပ်ပါယ် ရှိတယ်ဆိုတာနဲ့ သမိုင်းကြောင်းကို သိတဲ့လူက နည်းပါတယ်။ Continue reading »
Jan 16
ဖာပွန်ဗုံးပေါက်မှုကို ကေအဲန်ယူက ဖောက်တယ်လို့ နအဖ မီဒီယာတွေက ဆိုပါတယ်။ ဒါကို လိုက်ယုံတဲ့သူ၊ လိုက်ပြီး ထပ်ဆင့် ပြောနေသူတွေကလည်း ပြောနေကြပါတယ်။
ဦးနှောက်များ ရှိတယ်ဆိုရင် စဉ်းစားကြည့်ကြပါဦး။ ကရင်အမျိုးသား အားလုံးရဲ့ နေ့ထူးနေ့မြတ်ကို ကရင်အဖွဲ့အစည်း တခုခုက ဖျက်ဆီးပါ့မလား။
ကေအဲန်ယူက ဒီအလုပ်မျိုးမလုပ်ပါဘူး။ ဒီအလုပ်မျိုးလုပ်တာ နအဖ ဘဲရှိတယ်။ ကမ္ဘာအေးဘုရား ဗုံးပေါက်တာ၊ ဗိုလ်ချုပ်တင်ဦး အိမ် ဗုံးပေါက်တာ၊ ရန်ကုန်မှာ နေရာအနှံ့ ဗုံးပေါက်တာတွေကို တရားခံ မဖော်နိုင်တာတွေကို ပြန်သုံးသပ်ကြည့်ပါ။ နအဖက သူ့ဘာသာသူ ဗုံးခွဲပြီး ဆန့်ကျင်ဘက်လူတွေကို တရားခံ စွပ်စွဲတာ ရိုးနေပါပြီ။ Continue reading »
Jan 10
ဆောင်းပါးရှင်- စိမ့်စမ်းသော (ကော့ကရိတ်)
“သူငယ်ချင်းရေ ဒီမှာ နေရတာကတော့ ဘာမှ ပူစရာမလိုဘူး၊ စားဖို့လည်း မပူရဘူး၊ နေဖို့လည်း မပူရဘူး၊ စားဝတ်နေရေးအတွက် ဘာမှ ပူပင်စရာမရှိတော့ လောကနိဗ္ဗာန်ဘဲပေါ့ သူငယ်ချင်း။ တလမှာ အလွန်ဆုံးကုန်ရင် ဒေါ်လာ ၃၀၀၊ နိုင်ငံတော်ထောက်ပံ့ကြေးငွေက ဒေါ်လာ ၈၀၀ ဆိုတော့ ဘာမှ အလုပ်လုပ်စရာ မလိုဘဲ စားစရိတ် နေစရိတ်အပြီးငြိမ်း နှုတ်လိုက်ရင် တလ ဒေါ်လာ ၅၀၀ လောက် ကျန်သေးတယ်”။
အထက်ပါစကားမှာ လွန်ခဲ့သော ဆယ်နှစ်ကျော်ကာလတုန်းဆီက ပညာရေးဌာနတွင် အတူတကွ တာဝန်ထမ်းဆောင်ခဲ့ဘူးသော နယူးဇီလန်နိုင်ငံရောက် သူငယ်ချင်းတယောက်၏ ပြောစကား ဖြစ်သည်။ Continue reading »
Jan 02

OFFICE OF THE SUPREME HEADQUARTERS
KAREN NATIONAL UNION
KAWTHOOLEI
www.karennationalunion.net
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပတ်သက်၍
ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ သဘောထား ထုတ်ပြန်ကြေညာချက်
- ယနေ့ကာလသည် ကရင်တမျိုးသားလုံးအတွက် စည်းလုံးညီညွတ်ရေးသည် အရေးအကြီး ဆုံးသော အချိန်ဖြစ်သည်။
- အာဏာရှင် နအဖ စစ်အုပ်စုသည် ကရင်အမျိုးသားထုအတွင်း စည်းလုံးညီညွတ်မှု ပြိုကွဲစေရန် နည်းမျိုးစုံဖြင့် အစီအစဉ်ရှိရှိ လုပ်ဆောင်လျှက်ရှိသည်။ Continue reading »
Jan 02

OFFICE OF THE SUPREME HEADQUARTERS
KAREN NATIONAL UNION
KAWTHOOLEI
www.karennationalunion.net
New Year Greetings & Call for National Unity by KNU
- On the occasion of 2010th international New Year day we would like to wish all the Karen people and their friends a Very Happy & Prosperous New Year! We hope that there will finally be reconciliation, justice, peace, unity and freedom, for all the peoples of Burma.
- It is now a time when unity of the Karen people is vital. The SPDC military dictatorship has been working systematically to break up unity of the Karen people, by various means. Continue reading »
အလည်ရောက်သူများရဲ့ ပြောစကား