Oct 28
ကရင်လူမျိုး၏ မူလဇာစ်မြစ် (၃)
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)
မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ၏ ထူးခြားချက်မှာ သမိုင်း သုတေသီနှင့် ပညာရှင်အများက လူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှု စတင်ရာဒေသ Cradle of Civilization နှင့် လူမျိုးပေါင်းစုံတို့၏ မြေပုံ Dust heap of the nations ဟု အသိအမှတ်ပြု ထားသောကြောင့် ဖြစ်သည်။ (Lands and peoples vol III, The grower society) page 217, In the garden of Eden, Mesopotamia, … has been called the Cradle of cilivation “because here the humen race is thought to have had its beginning and it has also been formed the dust heap of the nations” because the ruins of mighty empires or ancient times are buried under its sunbaked soil.)
ကမ္ဘာဦးကျမ်းတွင်လည်း လူကိုစတင်ရာ “ဧဒင်ဥယျာဉ်” ဆိုသည်မှာလည်း ဤဒေသကို ဖော်ညွှန်းလျှက် ရှိသည်။
အထက်တနေရာတွင် ဖော်ပြထားသကဲ့သို့ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည့် အသားဖြူ လူမျိုးတို့သည် ဤဒေသနှင့် ဤပတ်ဝန်းကျင်တွင်ပင် ပေါ်ပေါက်လာခဲ့သည်။ ထိုနည်းတူ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်ကြသော ယဉ်ကျေးသည့် မွန်ဂို အသားဝါ လူမျိုးနွယ်များကိုလည်း ဤဒေသတွင်ပင် တွေ့ရသည်။ Continue reading »
Oct 23
ဝင်းဒိုးစ်ဆက်တင်များ ပြင်ဆင်ခြင်း (Adjust Windows Setting)
ဝင်းဒိုးစ်အသစ်ပြန်တင်ပြီးတဲ့နောက်မှာ ဆက်တင်တချို့ကို ပြင်ဆင်သတ်မှတ်ထားဖို့လိုပါမယ်။
ဖော်မတ် ချခြင်း (Formatting Drive-D)
ဝင်းဒိုးစ် ထည့်သွင်းစဉ်မှာ Drive-C ကိုဘဲ ဖော်မတ်ချခဲ့တာဖြစ်ပါတယ်။ Drive-D ကတော့ ဖော်မတ် မချရသေး တဲ့အတွက် အသုံးပြုလို့ မရသေးပါဘူး။ အဲဒီအတွက် သူ့ကို ဖော်မတ်ချပေးဖို့ လိုပါမယ်။ Continue reading »
Oct 23

In the governing mist
Sits my beautiful village
At the foot of Dawna Hill
Say I became a rebel
At a young age,
With the knowledge from life
I came to love the revolutionaries
And, I loved the Revolution. Continue reading »
Oct 23
ကရင်လူမျိုး၏ မူလဇာစ်မြစ် (၂)
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)
ကမ္ဘာ့လူမျိုးနွယ်များ
ကမ္ဘာ့သမိုင်း စတင်ဖြစ်ပေါ်မှု The Beginning of History ကို ပြန်၍ လေ့လာမည် ဆိုပါက လူမျိုးကြီး ၃ မျိုးကို တွေ့ရပေမည်။ ၎င်းတို့မှာ
၁။ အသားမည်း အနွယ် Negaroid နီဂရွိုက်
၂။ အသားဖြူ အနွယ် Europoid ယူရိုပွိုက်
၃။ အသားဝါ အနွယ် Mongoloid မွန်ဂိုလွိုက် တို့ ဖြစ်ပါသည်။
နီဂရွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက်ဖက်သို့ ပျံ့နှံ့ပြီး ကင်းယန်း၊ နိုင်ဂျီးရီးယန်း၊ ဇင်ဘာဘွေးယန်း စသဖြင့် အာဖရိက လူမျိုး၊ နိုင်ငံများ ဖြစ်ပေါ်လာသည်။ အချို့မှာ ပင်လယ် သမုဒ္ဒရာကို ဖြတ်၍ အရှေ့အိန္ဒိယ ကျွန်းစုဘက် တောင်ကျွန်းများ အထိပင် ပျံ့လွင့် ရောက်ရှိကြပေသည်။
ယူရိုပွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက် မြောက်ပိုင်းနှင့် ဥရောပတိုက်သို့ ရောက်ရှိသွားကြသည်။ ထင်ရှားသည့် ရှေးဦးမျိုးနွယ်များမှာ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည်တို့ ဖြစ်ကြသည်။ အာရိယန်များသည် အိန္ဒိယပြည်သို့ပင် ရောက်ရှိကြသည်။ ၎င်းယူရိုပွိုက်များကို Compton’s Encyclopedia စွယ်စုံကျမ်း အတွဲ S.(K.L) စာမျက်နှာ 98-A တွင် ပါရှိသော Language Family Tree ခေါ် ဘာသာစကား မိသားစုတွင် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ Continue reading »
Oct 16
တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA) မှ တပ်ခွဲမှူးအပါအ၀င် တပ်ဖွဲ့ဝင် (၁၀) ဦးသည် ကရင်အမျိုးသားအစည်းအရုံး နှင့် လာရောက်ပူးပေါင်းခဲ့သည်။
ယခုလ ၁၃ ရက်နေ့က ကေအဲန်ယူနှင့် လာရောက်ပူးပေါင်းသူများသည် DKBA တပ်မဟာ (၉၉၉)၊ တပ်ရင်း(၅)၊ တပ်ခွဲ ၄ မှဖြစ်ပြီး KNU လက်အောက်ခံ တပ်မဟာ ၅ ကို တိုက်ခိုက်ရန် မြန်မာစစ်အစိုးရ၏ အမိန့်ပေးစေခိုင်း မှုကို လက်မခံနိုင်သည့်အတွက် KNU ထံ လာရောက်ပူးပေါင်းခြင်းဖြစ်သည်ဟု ထိုအဖွဲ့မှ ဒုဗိုလ်စောညာက ပြော သည်။
“နအဖက ညွန်ကြားထားတဲ့အတိုင်း ကျနော်တို့ မလိုက်လျောနိုင်ဘူးဗျ။ နောက်ပြီးတော့ ကျနော်တို့ ကရင် အချင်းချင်းဆိုတော့လည်း မတိုက်ချင်ဘူး။” Continue reading »
Oct 16
ကရင်လူမျိုး၏ မူလဇာစ်မြစ် (၁)
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)
နိဒါန်း
ကမ္ဘာပေါ်တွင် လူမျိုးတိုင်း၏ မူလဇာစ်မြစ်တိုင်းသည် ၀တ္ထုဆန်ဆန်၊ စိတ်ကူးယဉ် ဆန်ဆန်သာ ဖြစ်ကြပြီး မည်သူမျှ အတိအကျ ဖော်ပြခြင်း မပြုနိုင်ကြပေ။
ဥပမာအားဖြင့် ဂျပန်လူမျိုးတို့သည် မိမိတို့ ဘုရင်ကို “နေနတ်” မှ ဆင်းသက်လာသည်ဟု ယုံကြည်ကြပြီး မိမိတို့ လူမျိုးကိုလည်း “နေနတ်အနွယ်” များဟု ယူဆ ကြသည်။
ထိုနည်းတူ ကရင်လူမျိုးများ၏ မူလဇာစ်မြစ်နှင့် ပတ်သက် ၍ အမျိုးမျိုး ယူဆ ပြောဆိုကြပေသည်။ အချို့က ကရင်လူမျိုးများသည် တိဘက် လူမျိုး ဖြစ်သည်ဟု ဆိုကြသည်။ အချို့က ကရင်လူမျိုးများသည် တရုတ်ပြည် အနောက်မြောက်ပိုင်းမှ ဆင်းသက်လာကြ သော လူမျိုးတမျိုး ဖြစ်သည်ဟု ဆို၏။ အချို့ကလည်း ကရင်လူမျိုးသည် ယနေ့ မြန်မာနိုင်ငံဟု ခေါ်သော ဤနိုင်ငံ၏ မူလ တိုင်းရင်းသား (aborgine) ဟု ဆိုကြ၏။ (Judson of Burma, by professor B.R. Pearn, page 79)။ တဖန် အချို့ကလည်း ကရင်လူမျိုးများသည် ဆီးမိုက် မျိုးနွယ်ကြီးမှ ဟီဘရူးခေါ် ဟေဗြဲ အနွယ်ဝင် ၁၂ မျိုးထဲမှ ပျောက်ဆုံးသွားသော လေ၀ိ အနွယ်ဖြစ်သည်ဟု အထောက်အထားနှင့် အခိုင်အမာ ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ ကရင်လူမျိုးများ၏ မူလဗီဇနှင့် မူလဇာစ်မြစ်ကို အရှိကို အရှိအတိုင်း ဖော်ထုတ်ရမည်မှာ သမိုင်းပေး တာဝန် တရပ်သာ ဖြစ်ပေသည်။ Continue reading »
Oct 15
ကရင်အမျိုးသားတို့၏ ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်လာ ခဲ့သည်မှာ နှစ် ၆၀ ပြည့်မြောက်ပြီးဖြစ်သည့် ကရင့် တော်လှန်ရေးအား ဂုဏ်ပြုစပ်ဆိုထားသည့် သီချင်းခွေ ထွက်ရှိပါပြီ။
စကော၊ ပိုး၊ ဗမာ ဘာသာတို့ဖြင့် နားဆင်ရမည့် “သင့်အတွက် နှစ် (၆၀)” ဟု အမည် ပေးထားသည့် ၎င်း ခွေကို နာမည်ကြီး အဆိုရှင်များ ပါဝင်သီဆို ထားသည်။ Continue reading »
Oct 15
ဝါဒ်ပရက်စ် စာမျက်နှာ ဖွင့်ချင်ရင် ကိုယ်လိုချင်တဲ့ အမည် (domain name) ကို ပြောပါ။ (ဥပမာ- zwekabin.iblogger.org)
မဖွင့်တတ်သေးသူတွေကို ကူညီပေးပါမယ်။ အဆင် သင့် အသုံးပြုနိုင်အောင် လုပ်ပေးပါမယ်။ Continue reading »
Oct 13
usb, external drive, cd, dvd တွေ စက်ထဲ ထည့်လိုက်တိုင်းမှာ ဗိုင်းရပ်စ်တွေ ပါလာသလားဆိုတာကို မြန်မြန်ဆန်ဆန် စစ်ဆေး ကာကွယ်ပေးတဲ့ zbshareware ရဲ့ usb disk security က အတော်လေးကို ကောင်းမွန်ပါတယ်။
USB Disk Security အကြောင်း ကို ရေးထားတာတခုမှာ USB Disk Security ဟာ အခြား Antivirus တွေလို ပုံမှန် အပ်ဒိတ် လုပ်ဖို့မလိုဘဲ ဗိုင်းရပ်စ် အန္တရာယ်ကနေ ၁၀၀% ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ Continue reading »
Oct 13

မြူတွေဆိုင်းပြီး
လှချင်တိုင်းလှနေတဲ့
ဒေါနတောင်ခြေ ရွာငယ်လေးက
အသက်အငယ်ငယ်နဲ့ သူပုန်ဖြစ်ခဲ့ရတဲ့ ကျနော်
ဘ၀ပေးအသိနဲ့
တော်လှန်သူတွေကို ချစ်တယ်
တော်လှန်ရေးကြီးကို ချစ်ခဲ့တယ်။ Continue reading »
အလည်ရောက်သူများရဲ့ ပြောစကား