Aug 21
မိတ်ဆွေတို့ရေ … စမ်းသပ်ချက် တခုမှာ သိပ္ပံ ပညာရှင်များဟာ မျောက် ၅ ကောင်ကို လှောင်အိမ် တခုထဲမှာ အတူတူ စုထား လိုက်တယ်။
ပြီးတော့ လှောင်အိမ်ရဲ့ အလယ်တည့် တည့်မှာ လှေကားတစင်းထောင်ထားပြီး လှေကားထိပ် မှာတော့ ငှက်ပျောသီး တဖီးကို တင်ထားပေး သတဲ့ကွယ်။
တကယ်လို့ မျောက်တကောင်ကောင်ကနေ ငှက်ပျောသီးစားချင်လို့ လှေကားပေါ်ကို တက်ဘို့ ကြိုးစားတဲ့အခါတိုင်းမှာ သိပ္ပံပညာရှင်တွေဟာ ကျန်တဲ့မျောက်တွေကို (မျောက်တွေ ကြောက်တဲ့) ရေခဲတမျှ အေးစက်နေတဲ့ ရေအေးတွနဲ့ နေမထိ ထိုင်မသာဖြစ်အောင် ဆွတ်ဖြန်းပေးသတဲ့။ Continue reading »
Aug 19

ဒီကေဘီအေ ဗိုလ်မှူးကြီး စောချစ်သူ လုပ်ကြံခံရပြီး ရန်ကုန်မှာ ဆေးကုသမှု ခံယူနေတယ်လို့ ခေတ်ပြိုင် သတင်းဌာနက သြဂုတ်လ ၁၉ ရက်နေ့မှာ ဖော်ပြ လိုက်ပါတယ်။
ဗိုလ်ချစ်သူ လုပ်ကြံခံရ တယ်ဆိုတဲ့ သတင်းကို လွန်ခဲ့တဲ့ ၂ ပတ်ကျော်လောက်ကတည်းက ကြားခဲ့ပါတယ်။ ဗိုလ်ဆန်ပြုတ် အသုဘအပြီး ဇွန်လကုန်လောက်မှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ဖြစ်တာက ဗိုလ်ဆန်ပြုတ်ရဲ့သားက ဗိုလ်ချစ်သူကို သေနတ်နဲ့ ၂ ချက်ပစ်တယ်။ ဒဏ်ရာရ သွားတယ်။ ဗိုလ်ချစ်သူဘက်က ပြန်ပစ်တော့ အဲဒီကောင်လေး ပွဲချင်းပြီး သေသွားတယ်။ အဲသလို ကြားပါတယ်။ Continue reading »
Aug 19
ဘတ်မရှိဘဲ အလုပ်လုပ်သူပါ
အချိန်အခါတွေ ကန့်သတ်ချက်မရှိပါ
သူခိုင်းသမျှလုပ်ရတာပါ
သူပြောသမျှခေါင်းငုံ့ခံကာ
သူ့စိတ်နဲ့ကိုယ့်ရဲ့ခန္ဓာ
ကိုယ်ပိုင်ဆုံးဖြတ်ချက်တခုမှမပါ
ဆူပါကြိမ်းမောင်း ကြိတ်မှိတ်ခံကာ
သူပေးသလောက်နဲ့ နှစ်သိမ့်နေရှာ
ညညကျရင် အိပ်လို့မပျော်ပါ
ပင်ပန်းသမျှ ငြီးတွားနေရှာ
မနက်နိုးတော့ အလုပ်ကိုအလာ
ပုလိပ်ကုတ်တော့ ကယ်မယ့်သူပေါ်မလာ
ကြောက်ကြောက်နဲ့ ခေါင်းငုံ့နေတာ
ရက်စက်တဲ့ ၀ဋ်တခုလား (ဒါမှမဟုတ်)
ဘတ်မရှိတဲ့ သက်မဲ့ရုပ်တုလား။ ။
ဝင်းသိန်း
ကြိုးမဲ့လေတံခွန် (သို့မဟုတ်) ကြိုးမဲ့စွန်များ ဟု အမည်ပေးထားသည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ရင်ဖွင့်သံများ စာအုပ်မှ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။
Aug 11
ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ဟာ ၁၉၅၀ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ ကျဆုံးခဲ့ပါတယ်။ ကရင့်တော်လှန်ရေးကြီးထဲမှာ ဂုဏ်ရောင်ပြောင်မြောက်စွာ အသက်သွေးချွေးများ ပေးလှူသွားသူ အားလုံးကို ဂုဏ်ပြုအမှတ်ရတဲ့အနေနဲ့ ဒီသြဂုတ် ၁၂ ရက်နေ့ကို ကရင်အမျိုးသား အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။
၁၉၅၀ ခုနှစ် ဇူလိုင်လ ၁၇ – ၁၉ ရက် ဖာပွန်မြို့မှာ ပြုလုပ်တဲ့ ကရင်အမျိုးသားညီလာခံမှာ စောဘဦးကြီးဟာ သူ့ရဲ့ ကျော်ကြားတဲ့ မူ (၄) ချက်ကို တရားဝင်ရေးသားပြီး မော်ချီးမှာရှိတဲ့ ကော်သူးလေ အသံလွင့်ဌာနကနေ အသံလွင့် ကြေငြာခဲ့ပါတယ်။ အဲဒီ မူ (၄)ချက်ကတော့
- လက်နက်ချစကား အလျဉ်းမပြောရ။
- ကရင့်လက်နက် ကရင့်လက်ထဲ ရှိရမည်။
- ကရင်ပြည် အသိအမှတ်ပြုခြင်း ပြီးပြည့်စုံရမည်။
- ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။ ဆိုတဲ့အချက်တွေဖြစ်ပါတယ်။
စောဘဦးကြီး ကျဆုံးသွားခဲ့ပြီ ဖြစ်ပေမယ့် တရားမှန်ကန်တဲ့ ကရင့်တော်လှန်ရေးဟာ ဒီ မူ (၄) ချက်ကို မြဲမြဲကိုင်စွဲပြီး တဗိုလ်ကျ တဗိုလ်တက် စိတ်ဓာတ်နဲ့ ရှေ့ဆက်ချီတက်ဆဲ ရှိပါတယ်။
အလည်ရောက်သူများရဲ့ ပြောစကား