Print This Post Print This Post
May 24

wordpress_icons_aoddesignပြီးခဲ့တဲ့ရက်က ဘလော့  စိတ်ဝင်စားသူ ညီတယောက် wordpress ကို iblogger, byethost မှာသုံးတာ မြန်မာစာ မပေါ်ဘဲ ??? question mark တွေချည်း ပေါ်နေလို့ ဘယ်လို လုပ်ရမလဲ မေးပါတယ်။ ဟုတ်။ ကျနော်ကလည်း wordpress သုံးသာသုံးနေတာ။ အဲသလို စေ့စေ့ပေါက်ပေါက်တွေ မသိတော့ … ကဲ ဟုတ်ပြီ … ရှာစမ်း ဂူးဂဲလ်မှာ။

တွေ့ပြီဗျာ။ …

မောင်သင်္ကြန် http://smsy.wordpress.com ရဲ့ How to install Wordpress စာအုပ်။
http://mmwordpress.com ရဲ့ Wordpress နဲ့ မြန်မာဖောင့် ပို့စ်။

ဒီနှစ်ခုနဲ့ အိုကေသွားပါတယ်။ အဲ … ခုရေးတာက အပေါ်က ၂ ခုကို လက်တွေ့ ပြန်လုပ်ကြည့်ပြီး ပြန်ရေးတာ ဖြစ်ပါကြောင်း … ။

ပီဒီအက်ဖ်ဖိုင် ရယူရန် ဒီမှာကလစ်ပါ။ Continue reading »

Print This Post Print This Post
May 21

done-51th-paanဒုံးအက အလှတွေ ခံစား ကြည့်ရှု နိုင်ဖို့ (၅၁) ကြိမ်မြောက် ကရင် ပြည်နယ်နေ့ ဒုံးအက ပြိုင်ပွဲမှာ ပ ဒု တ ရရှိ ခဲ့တဲ့ ဖားအံ မြို့တော် ဒုံးအဖွဲ့၊ ကရင် တက္ကသိုလ် ကျောင်းသား / သူများ ဒုံးအဖွဲ့ နဲ့ မုက္ကဒိ ဒုံးအဖွဲ့တို့ရဲ့ ပြိုင်ပွဲဝင် မှတ်တမ်း ဗီဒီယို တင်ပေးလိုက် ပါတယ်။

ကြည့်ရှု ဖို့အတွက် khwekabaung.org မှာရှိတဲ့ ဆ်ုဟှင်မိုင့် ၊ ထါခေါဟ် စာမျက်နှာကို ဒီမှာ ကလစ်လုပ်ပြီး ဖွင့်လိုက်ပါ။

နောက်ထပ်လည်း ဆက်လက် တင်ပြ သွားနိုင်ဖို့ ကြိုးစားသွားပါမယ်။ ဇွဲကပင်ကို အလည်ရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျန်းမာရွှင်လန်းကြပါစေ။

Print This Post Print This Post
May 16

karen-song

ကရင်သီချင်းများကို khwekabaung.org မှာ တင်ထားပါတယ်။ နားဆင်လိုပါက ဒီမှာကလစ်ပါ

ဖ၀့်ခါန်ၟဆိုင့် သီချင်းများ နားဆင်လိုပါက ဒီမှာကလစ်ပါ

စ၀်သိင်းဖ၀့် သီချင်းများ နားဆင်လိုပါက ဒီမှာကလစ်ပါ

အေစီ သီချင်းများ နားဆင်လိုပါက ဒီမှာကလစ်ပါ

ထူးဝါး သီချင်းများ နားဆင်လိုပါက ဒီမှာကလစ်ပါ Continue reading »

Print This Post Print This Post
May 16

kmkz-poemLost Footsteps

In the little cooking pot
Countless times have rice turns stale

Even when breeze strokes leaves
And makes rustles
I call out to you reflexively.

Ten days have passed now,
Marking on betel nuts
By drawing circles with slaked lime.

I still remember clearly
A waxing moon night
Sounds of dogs barking
Noise of combat boots
Din of running and fleeing
On that night
They took my old man away. Continue reading »

Print This Post Print This Post
May 16

kmkz-poemခြေရာပျောက်

စလယ်ဝင်အိုးထဲမှာ
ထမင်းသိုးတာလည်း များခဲ့ပြီ။

သစ်ရွက်တွေ လေတိုးလို့
ယိုးတိုးရိပ်တိတ် ဖြစ်ရင်တောင်
ယောင်ယောင်ပြီး ခေါ်မိပါရဲ့။

ဆယ်ရက်တဲ့
ကွမ်းသီးလုံးတွေပေါ်
ထုံးကွင်းပြီး မှတ်ခဲ့ရ။

မှတ်မှတ်ရရ ရှိပါတယ်
လဆန်းရက် တည
ခွေးဟောင်သံတွေ ကြားရ
စစ်ဖိနပ်သံတွေ ကြားရ
ပြေးလွှားသံတွေ ကြားရ
အဲဒီညမှာ
အဖိုးကြီးကို ခေါ်သွားတာပါ။ Continue reading »

Print This Post Print This Post
May 13

Wordpress Themes
Themes ဆိုတာကို blogspot, joomla တို့မှာက Template လို့ခေါ်ပါတယ်။ လက်ရှိ သုံးနေတဲ့ Theme ကို မကြိုက်တော့ရင် အသစ်ပြောင်းနိုင်ပါတယ်။ ဒါပေမယ့် Theme အသစ်ပြောင်းတိုင်း အဲဒီ Theme နဲ့ လိုက်ဖက်မယ့် ဒီဇိုင်းတွေ ပြန်စီစဉ်ရ၊ CSS တွေ ပြန်ပြင်ရနဲ့ ဆိုတော့ အလုပ်ရှုပ်ပါတယ်။ အဲ … မဖြစ်မနေ ပြောင်းချင်တယ်ဆိုရင်တော့ google ကို ဖွင့်ပြီး wp themes လို့သာ ရှာလိုက်ပါ။ Theme ပေါင်း မြောက်များစွာ တွေ့ရပါလိမ့်မယ်။ ဖရီးတွေရော ၀ယ်မှ သုံးလို့ရမှာတွေရောပေါ့။

ကိုယ်ကြိုက်တဲ့ Theme ကို ဒေါင်းလုတ်ဆွဲချ။ ဇစ်ဖြည်။ ဇစ်ဖြည်ပြီးတဲ့ ဖိုလ်ဒါ ကိုမှ wp-content/themes ဖိုလ်ဒါထဲ ထည့်ပေးရပါမယ်။
Continue reading »

Print This Post Print This Post
May 12

အိမ်ရှင်မ တယောက်သည် သူတောင်းစား နှစ်ယောက်ကို သနားသောအားဖြင့် အိမ်သို့ခေါ်ပြီး ယခုလို မေးသည်။

“ဘယ်သူ ထမင်း စားမလဲ”

သူတောင်းစား တယောက်က အမြန်ဖြေလိုက်သည်။

“ကျနော် စားမယ်”

“ငါးရော ဘယ်သူစားမလဲ”

၎င်း သူတောင်းစားကပင် “ကျနော် စားမယ်” ဟု အဖြေပေးသည်။

“ဒါဆို ထင်းတွေရော ဘယ်သူ ခွဲပေးမလဲ” ဟု အိမ်ရှင်မက မေးရာ …

စောစောက သူတောင်းစားသည် အခြား သူတောင်းစား ဘက်သို့လှည့်ကြည့်ပြီး ယခုလို ပြောလိုက်လေသတည်း။

“ဟေ့ … ငါချည်းဘဲ ပြောနေရတယ်။ မင်းလည်း တလှည့် ပြောဦးမှပေါ့”။

ကရင်ဘာသာပြန် ဖတ်ရှုလိုပါက
ဒီမှာကလစ်ပါ

Print This Post Print This Post
May 09

tumpline-basket-home

Tumpline Basket Home

How long would I have to live
In this tumpline basket ?

Sleeping inside the basket
Having meals inside the basket
Forced to live day and night only inside the basket.

I fell so sorry for Pa
Who has to bear the basket.
Also pity Ma and my little brother. Continue reading »

Print This Post Print This Post
May 09

tumpline-basket-home

ပလိုင်းအိမ်

ဒီပလိုင်းကြီးထဲမှာ
ဖိုးမူ ဘယ်လောက်ကြာကြာ နေရမှာလဲ။

ပလိုင်းကြီးထဲမှာပဲ အိပ်
ပလိုင်းကြီးထဲမှာပဲ စား
ပလိုင်းကြီးထဲမှာပဲ နေ့ရောညပါ နေနေရတယ်။

အဲဒီပလိုင်းကြီးကို
ထမ်းပိုးထားရတဲ့ အပါးကိုလည်း သနားလှပါပြီ။
အမိုးနဲ့ ဒေးဖိုးကိုလည်း သနားတာပဲ။ Continue reading »

Print This Post Print This Post
May 09

converter အမျိုးမျိုး ရှိတဲ့အထဲက any video converter က သုံးရ လွယ်ကူသလို အခမဲ့ ဖြစ်တဲ့အတွက် အဆင်ပြေ ပါတယ်။

ပြောင်းနိုင်တဲ့ ဖော်မက်တွေ …

  • Mobile Phone (mp4)
  • Flash Video (flv, swf)
  • Video (mpg ntsc, mpg pal, mpeg1, mpeg2, avi, wmv)
  • Audio (mp3, ogg, wav, acc, wmv) Continue reading »