Print This Post Print This Post
Apr 27

deepfreeze၀င်းဒိုးစ် မူလအတိုင်း ဖြစ်နေဖို့ Deep Freeze ကို သုံးပါတယ်

Deep Freeze က စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူအလုပ်လုပ်ပုံက ၀င်းဒိုးစ်ရဲ့ System Restore နဲ့ ဆင်တူပါတယ်။ ပိုပြီး ပါဝါမြင့်ပါတယ်။ Deep Freeze က System File တွေကို သာမက Data File တွေကိုပါ Restore လုပ်ပါတယ်။ Deep Freeze က ၀င်းဒိုးစ် ရီစတတ် လုပ်ပြီးတိုင်းမှာ ဖိုင်တွေအားလုံးကို မူလ အခြေအနေ ပြန်ရောက်သွား စေပါတယ်။

ဆိုလိုတာက စက်တလုံးမှာ ရှိနေတဲ့ ဆော့ဝဲအချို့ကို ဖျက်ပစ်မယ် … ဖိုင်အချို့ကို ဖျက်ပစ်မယ် … အဲဒီဖိုင်တွေ ဆော့ဝဲတွေဟာ ၀င်းဒိုးစ် ပြန်ဖွင့်တဲ့အခါ ပြန်ရှိနေမှာ ဖြစ်ပါတယ်။ ဖိုင်အဟောင်း ဖျက်ပစ်တာတွေ ပြန်ပေါ်လာသလို ဖိုင်အသစ် ထပ်ပြီး သိမ်းထား တာမျိုးကိုလည်း ခွင့်မပြုပါဘူး။ အသစ်ထပ် ထည့်ထားတဲ့ ဖိုင်တွေအားလုံး ရီစတတ် လုပ်အပြီးမှာ ပျောက်သွား ပါလိမ့်မယ်။ အသစ် ၀င်ရောက်လာတဲ့ ဗိုင်းရပ်စ်တို့ အပါအ၀င် ပေါ့လေ။ အားလုံး ပျောက်သွားပါမယ်။

Continue reading »

Print This Post Print This Post
Apr 27

ပို့စ်အဟောင်းက လင့် ပျက်သွားလို့ အသစ်ပြန်တင်ပေးလိုက်တာပါ။ အဆင်ပြေကြပါစေဗျား …
နောက်ကိုလည်း လင့်တွေပျက်သွားရင် အကြောင်းကြားပေးပါ။ ကျေးဇူးတွေ စုထားပါမယ်။

data-doctorယူအက်စ်ဘီ ဒရိုက်ကလေး ဗိုင်းရပ်စ်ကိုက်သွားလို့ ဖိုင်တွေ အားလုံး ပျောက်သွားသလား။ မှားပြီး ဖော်မတ်လုပ်မိလို့ ဖိုင်တွေပျောက်သွားသလား။ စိတ်မပူပါနဲ့။ ဒီဆော့ဝဲနဲ့ ပြန်ရှာရင် အားလုံးပြန်ရပါလိမ့်မယ်။

Data Doctor Recovery Pen Drive လို့ အမည်ရတဲ့ ဒီဆော့ဝဲက PenDrive အပြင် Memory Card တို့လို Storage မျိုးစုံအတွက်လည်း အလုပ်လုပ်ပေးပါမယ်။

Download

mediafire link(download 1.08mb)

Install
အင်စတောတာကတော့ ထုံးစံအတိုင်းပါဘဲ။ open လုပ်ပြီး next တွေကို ကလစ်လုပ်သွားပါ။ အင်စတော ပြီးသွားရင် Serial box ပေါ်လာပါမယ်။ အဲဒီမှာ ပေးထားတဲ့ Name, Key တွေကို မှန်အောင်ဖြည့်ပါ။ အခြား email တို့လိုကိုတော့ ကြိုက်တာဖြည့်နိုင်ပါတယ်။ အိုကေလုပ်ပြီးရင် စသုံးလို့ ရပါပြီ။ Continue reading »

Print This Post Print This Post
Apr 24

idmအင်တာနက်ထဲက ဖိုင်တွေကို ဒေါင်းလုတ် ရယူဖို့ အတွက် IDM ကို သုံးရင် ပိုမြန်ပါတယ်။ အဲဒီအပြင် ဒေါင်းနေရင်းကနေ အင်တာနက် ပျက်သွားလို့ တ၀က်တပျက် ကျန်ခဲ့ရင်လည်း နောက်နေ့မှဖြစ်စေ ပြန်ဆက်ကူး နိုင်ပါတယ်။ အစကနေ ပြန်စရတဲ့ ဒုက္ခကနေ ကင်းလွတ်ခွင့် ရပါမယ်။ ဆိုတော့ကာ IDM သုံးလိုသူများ အတွက် ဒီပို့စ်ကို တင်ပေးလိုက်ပါတယ်။

Download IDM 5.16

mediafire link 2.7mb

Installation

အင်စတော လုပ်တာက လွယ်ပါတယ်။ idman516 ကို open လုပ်ပြီး next တွေကို ကလစ်လုပ်သွားရုံပါဘဲ။

အင်စတော ပြီးသွားရင် desktop ညာဘက်အောက်ဒေါင့် system tray ထဲက IDM ကို Right Click > Exit လုပ်ပါ။ Continue reading »

Print This Post Print This Post
Apr 22

merge ဆိုတာ ပေါင်းတာဖြစ်ပြီး split ကျတော့ ခွဲထုတ်တာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ အင်တာနက်ထဲ ရှဲမယ့်ဖိုင်တွေကို အပိုင်းအပိုင်းလေးတွေ ခွဲထုတ်ဖို့လိုပါမယ်။

အင်တာနက်ထဲ ဖိုင်တွေ တင်မယ်ဆိုရင် အများအားဖြင့် ဖိုင်ဆိုဒ် 100mb အောက်သာ တင်ခွင့်ရှိပါတယ်။ ဆိုတော့ကာ ၀င်းဒိုးစ်စီဒီတချပ်၊ သီချင်း ရုပ်ရှင် ခွေတခွေ စသဖြင့် တင်ဖို့လိုလာရင် ဖိုင်တွေကို ခွဲပစ်ရမှာ ဖြစ်ပါတယ်။

အဲသလို လုပ်ခြင်းအားဖြင့် upload တင်တဲ့အခါ download ချတဲ့အခါတွေမှာ ပိုပြီး မြန်သွားပါမယ်။ ပြဿနာကတော့ ဖိုင်တွေကို ဘယ်လိုခွဲပြီး ဘယ်လိုပေါင်းရသလဲဆိုတာပါ။ တကယ်တော့ ဒါက လွယ်လွယ်လေးပါ။ Continue reading »