Print This Post Print This Post
Feb 27
warchaung_bogalay2

၂၀၀၈ မေလ၊ နာဂစ်မုန်တိုင်း တိုက်ခတ်ခံရပြီးနောက် တွေ့မြင်ရသော ဘိုကလေးမြို့နယ် ၀ါးချောင်းကျေးရွာမှ မိသားစုတစု

ဘန်ကောက်။ ထိုင်းနိုင်ငံ (၂၀၀၉ ခုနှစ်။ ဖေဖော်ဝါရီလ ၂၇ ရက်)

ပြီးခဲ့သည့်နှစ် မြန်မာနိုင်ငံအတွင်း နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်း ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု များအတွက် နိုင်ငံတကာ ခုံရုံးက နအဖ စစ်အစိုးရအား စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အနေနှင့် စီစဉ်ဆောင်ရွက် သင့်ကြောင်း ပထမ ဦးဆုံး ထုတ်ပြန်သည့် လွတ်လပ်သော ဘေးအန္တရာယ် ကူညီရေးဆိုင်ရာ စစ်တမ်း အစီရင်ခံစာ၌ ဖော်ပြလိုက်သည်။

ယနေ့ ထုတ်ပြန်သော “နာဂစ်မုန်တိုင်းနောက်ဝယ် – မြစ်ဝကျွန်းပေါ်မှ အသံများ” အစီရင်ခံစာတွင် နအဖ စစ်အစိုးရ အနေနှင့် မုန်တိုင်း ဒုက္ခသည် များအတွက် ထောက်ပံ့သော ကယ်ဆယ်ရေး အကူအညီများကို ပိတ်ဆို့ခဲ့ခြင်းနှင့် အကူအညီ ပေးသူများအား ဖမ်းဆီးခဲ့ခြင်း တို့အပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော အဆိုးဝါးဆုံး သဘာဝ ဘေးအန္တရာယ် နှင့်ပတ်သက်သည့် တိကျမှန်ကန်သော သတင်း အချက်အလက်များကို အလွန်အမင်း ထိန်းချုပ်ထားခဲ့ကြောင်း တင်ပြထားသည်။ Continue reading »

Print This Post Print This Post
Feb 24
တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် စစ်သားအချို့

တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် စစ်သားအချို့

D.K.B.A ?
ဒီကေဘီအေ ဘယ်လမ်းရွေးမလဲ

၂၀၁၀ ကတော့ နိင်ငံရေး အဖွဲ့ စည်းတွေ အတော်ကို အကြပ်ရိုက် နေကြ ပါတယ်။ ဒီထဲမှာ Karen Democratic Buddhist Associa tion (DKBA) ကရင် ဗုဒ္ဓဘာသာ အဖွဲ့လည်း ပါတယ်။ ဒီကေဘီအေ က နအဖ လက်ကိုင်ဒုတ် နယ်ခြားစောင့် လက်နက်ကိုင် အဖွဲ့ အဖြစ်သို့ ပြောင်းလဲသွားမည်ဟု သတင်းများ ထွက်ပေါ်နေပါတယ်။ Continue reading »

Print This Post Print This Post
Feb 14

doctor-sansipoeကျနော် ဥပဒေ ဘာသာရပ် အထူးပြုနဲ့ ပုသိမ် တက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားခွင့် ရခဲ့တာ အခု စာသင်နှစ် နဲ့ဆိုရင် သုံးနှစ် ရှိခဲ့ပြီ။ တိုက်ဆိုင်စွာပဲ ပုသိမ် တက္ကသိုလ် ကျောင်းတော်ကြီးရဲ့ သက်တမ်းဟာလည်း နှစ်ငါးဆယ် ပြည့်လို့ ရွှေရတု တိုင်ခဲ့ပြီ။ ပုသိမ်မှာ ကျောင်းသား ဘ၀နဲ့ ကျင်လည် ခဲ့ရတဲ့ သုံးနှစ်တာ ကာလ အတွင်းမှာ ပုသိမ်ရဲ့ အထင်ကရ နေရာ တော်တော် များများ ကိုလည်း ရောက်ဖူးခဲ့ပြီ။ ဒီအထဲက မှတ်မှတ်ရရ ဖြစ်မိတာက ကိုသာဖြူ (တိုင်တစ်ရာ) ကျောင်းတော်ပါပဲ။ Continue reading »

Print This Post Print This Post
Feb 11
ပဒို မန်းရှာလားဖန်း

ပဒို မန်းရှာလားဖန်း

ဖထီးမန်းရှာ လုပ်ကြံခံရတာ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက် နေ့မှာ တနှစ် တင်းတင်း ပြည့်ပြီ ဖြစ်သော် လည်း ကျနော့် အတွက် ကတော့ မနေ့ တနေ့က လိုပဲ ခံစား နေရ ဆဲပါ။ ဖထီး မန်းရှာ လုပ်ကြံ ခံရတဲ့ အကြောင်းကို တွေးမိတိုင်း ရင်ထဲမှာ အမြဲပဲ အမှတ်ရနေ မိပြီး ယူကျုံး မရတဲ့ စိတ်၊ နှမြော တသ တဲ့ စိတ်၊ ၀မ်းနည်း ကြေကွဲတဲ့ စိတ်တွေ ဟာလည်း ရင်ထဲ နှလုံးသား ထဲမှာ ဖော်ပြ မရနိုင် လောက်အောင်ပဲ တရိတ်ရိတ် ဖြစ်ပေါ်လာ ခဲ့ရပါတယ်။ Continue reading »

Print This Post Print This Post
Feb 09

ခွေးက လူကိုကိုက်ခြင်း သတင်း
NCGUB – Border Office
ကေအဲန်ယူ တပ်မဟာ ၂ နယ်မြေ ဖြစ်တဲ့ တောင်ငူခရိုင်မှာ နအဖ တပ် စကခ-၅ ရဲ့ စကခမှူး ဗိုလ်မှူးချုပ်ကောင်းမြတ်က “မင်းတို့ ကို နှိပ်စက်တာ မီဒီယာတွေ အတွက် ရိုးနေပြီ။ သတင်း မဟုတ် တော့ဘူး။ မီဒီယာတွေက မဖော်ပြ တော့ဘူး။ အရေးလုပ်ပြီး အသံ မလွှင့် တော့ဘူး။ အဲဒါတွေကို အားကိုး မနေနဲ့။ ငါတို့ နှိပ်စက် ချင်သလို နှိပ်စက် လို့ရတယ်” လို့ ကြိမ်းဝါးပြီး လူထုအပေါ် နှိပ်စက် ညှဉ်းပန်းမှု၊ လူ့အခွင့်အရေး ဖောက်ဖျက်မှု တွေကို ပြောင်ပြောင် တင်းတင်း ကျူးလွန် နေပါတယ်။ Continue reading »

Print This Post Print This Post
Feb 09

News about dog biting man

Commander of SPDC MOC No. 5 Brig. Kaung Myat who is assigned to KNU Brigade 2 territory Toungoo District asserted, “Abusing you locals is uneventful for the media. It won’t get into news anymore. The media won’t print this kind of news anymore. Nor will radio stations air such pieces. Don’t count on them for your suffering. We can torment you as much as we like.” Claiming thus, he is carrying out tortures and human rights violations upon the people in Toungoo District blatantly. Continue reading »

Print This Post Print This Post
Feb 08

စာရေးသူသည် သူ့နှင့် မှတ်မှတ်ရရ သုံးကြိမ်သုံးခါ ဆွေးနွေးပြောဆို ခဲ့ဖူးပါ၏။ အဆင့်အတန်း ခွဲခြားမှု မရှိသော၊ ပကာသန ကင်းရှင်းသော၊ တည်ကြည်၍ အမျိုးသားရေး ကိစ္စများ၌ မှန်ကန်ရိုးသားသော သူ၏ ခေါင်းဆောင်ကောင်း ပီသသည့် အသွင်အပြင် များနှင့် ပြောဆိုမှု များသည် စာရေးသူအတွက် မေ့နိုင်စရာ မရှိသော အရာများအနက် အဖြစ်အပျက် တခု ဖြစ်ပါ၏။

ဖော်ပြပါ မေ့နိုင်စရာ မရှိသော တွေ့ဆုံဆွေးနွေးမှု များအနက် ပထမအကြိမ်သည် သူနှင့် ပဒို ဘသင်စိန်တို့ စာရေးသူ တာဝန်ကျရာ KIC (Karen Information Center) သို့ အလည် လာခြင်းဖြစ်ပြီး၊ ဒုတိယနှင့် တတိယ အကြိမ် များမှာ စာရေးသူကို သူကခေါ်တွေ့သဖြင့် သွားရောက်တွေ့ဆုံ ဆွေးနွေး ခြင်းနှင့် စာရေးသူက သူ့အား တွေ့ဆုံရန် ခွင့်တောင်းသည်ကို ခွင့်ပြုသဖြင့် သွားရောက်တွေ့ဆုံ ဆွေးနွေးခြင်းတို့ ဖြစ်ပါ၏။ Continue reading »