Zwekabin

ကရင်၏ မူလဇာစ်မြစ် (၆)
ကရင်လူမျိုး၏ မူလဇာစ်မြစ် (၅)

သုတေသနစာတမ်း

စောဖော (ရန်ကုန်တက္ကသိုလ်)

ကရင်လူမျိုးများ မြစ်နှစ်မွှာဒေသ၊ မြေထဲပင်လယ် ဘက်မှ အရှေ့တောင်အာရှဘက်သို့ ပျံ့နှံ့လာသော အယူအဆကို အက်စ်ကေချာတာဂျီ (S.K. Chatterji) က ထောက်ခံ တင်ပြထားသည် (The history and culture of the Indian meoiib. vol. 1, p148 – 149)။

မြောက်ဘက်မှ တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာတွင် တရုတ်ပြည် အနောက်တောင်ဘက်ရှိ သံလွင်မြစ်၊ မဲခေါင်မြစ်၊ ယန်စီကျန် မြစ်ကြောင်းများအတိုင်း ပြောင်းရွှေ့လာပုံရသည်။ သံလွင်နှင့် မဲခေါင် မြစ်နှစ်ခု အနီးကပ်ဆုံးနေရာသည် (၁၀) မိုင်သာ ဝေးပြီး မဲခေါင်နှင့် ယန်စီကျန်မြစ် အနီးဆုံးနေရာသည် မိုင် (၅၀) ခန့်သာ ရှိသဖြင့် မနီးမဝေးရှိသော မြစ်ကြောင်း (၃) ကြောင်းမှ အာရှအရှေ့တောင်သို့ ပြောင်းရွှေ့လာပုံရပါသည်။ ယန်စီကျန် မြစ်ဝပိုင်းနှင့် မြစ်ဝှမ်းအောက်ပိုင်းသည် ရေလွှမ်းမိုးသဖြင့် ထိုဒေသသို့ ပျံ့နှံ့ရောက်ရှိသွားသော ကရင်များသည် တောင်ဘက် ဗီယက်နမ်ရှိ မြစ်နီမြစ်ကြောင်းဖြင့်လည်း တောင်ဘက်သို့ ရွှေ့လာပုံရပါသည်။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က M.A.B သတင်းဌာနမှ မိတ်ဆွေတဦးသည် မြောက်ဗီယက်နမ်၊ ဟနွိုင်မြို့တော်သို့ ရောက်ရှိပြီး ဗီယက်နမ် အမျိုးသားပြတိုက်ကို ၀င်ရောက်လေ့လာရာ ၎င်းတို့၏ ယဉ်ကျေးမှု ပစ္စည်းများသည် ကရင်လူမျိုးတို့၏ ယဉ်ကျေးမှု ပစ္စည်းများနှင် အတူတူပင်ဖြစ်သည်ဟု ပြောပြ သိရှိ ခဲ့ရပါသည်။ သို့ဖြစ်ရာ ကရင်ရှေးလူကြီးများ၏ မှတ်တမ်းမှတ်ရာများသည် ခိုင်မာသော အထောက်အထားများ ဖြစ်သည်မှာ ပေါ်လွင်နေပါသည်။

မြန်မာနိုင်ငံသို့ ကရင်လူမျိုးများ ၀င်ရောက်လာပုံမှာ လေ့လာရသမျှ ကြေးခေတ်ထွန်းကားချိန်တွင် တရုတ်ပြည် အနောက်တောင်ဘက် မှတဆင့် တရွေ့ရွေ့ ပြောင်းရွှေ့လာကြပြီး သံလွင်မြစ်၊ ရွှေလီမြစ် (မအိုက္လိုး) မှတဆင့် တကောင်းအရပ်သို့ ရောက်လာကြသည်ဟု ရှေးကရင် မှတ်တမ်းများအရ သိရှိရပါသည်။ တကောင်းအရပ်တွင် မြေပြန့်၍ စိုက်ပျိုးမွေးမြူရေး ကောင်းပုံရသဖြင့် အခြေချ နေထိုင်ကြလေသည်။

တကောင်း ဟူသော အမည်မှာ ကရင်ဘာသာဖြင့် တူကော ဟုခေါ်သည်။ ရှမ်းဘာသာဖြင့် တာကော ဟု ခေါ်ပြီး ဖားစည်ဆိပ်ကမ်း ဟု အဓိပ္ပါယ်ရသည်။ (တာ- ဆိပ်ကမ်း၊ ကော- စည်)။ ကရင်များ နတ်စည် ကဲ့သို့ တန်ခိုး ရှိသည်ဟု ယူဆကြသည်။ ရှမ်းများက မြစ်ကမ်းနားတွင် လာရောက်ရောင်းချကြသဖြင့် တာကော ဟု အမည်တွင်ရာမှ တကောင်းဟု ခေါ်တွင်လာခဲ့သည်ဟု အဆိုရှိလေသည်။

ပုသိမ်မြို့နှင့် ဆင်တူပါသည်။ ကရင်များက ပုသိမ် ဟုမခေါ်ဘဲ ပသိ ဟု ခေါ်ကြသည်။ ရှေးအခါက ကရင်များ နေထိုင်ရာ ဒေသသို့ ကုန်ရောင်းကုန်ဝယ်ရန် ပင်လယ်ရေကြောင်းမှ ရောက်လာသော ပသိ လူမျိုးများကို အစွဲပြုပြီး ၎င်းတို့ ဈေးလာရောင်းဝယ်သော ကရင်တို့ နေထိုင်ရာ နေရာကို ပသိ ဟုခေါ်လာကြရာမှ ပုသိမ်ဟု တွင်လာခြင်း ဖြစ်သည်။

ကရင်လူမျိုးများ မြန်မာနိုင်ငံသို့ ရောက်စက မြစ်အမည်များ မရှိကြသေးပါ။ ကရင်များက ယခု ဧရာဝတီမြစ်ကို ယဲ့ဝါးက္လိုး၊ စစ်တောင်းမြစ်ကို ပရဲလိုက္လိုး၊ သံလွင်မြစ်ကို ဃိုလိုက္လိုး၊ မဲခေါင်မြစ်ကို ကောလို ဟူ၍ အမည်ပေးခဲ့သည်။

ကရင်လူမျိုးများ မြန်မာနိုင်ငံ အနှံ့သို့ တသုတ်ပြီးတသုတ် ကြေးခေတ်ကတည်းက ၀င်ရောက်လာခဲ့ ကြသော်လည်း မြန်မာနိုင်ငံ သမိုင်းတွင် ကရင် ဟူသော အမည်သည် ထူးဆန်းစွာ ပျောက်ကွယ်နေပါသည်။ သဏ္ဍာန်အားဖြင့် အဝေး၌ စိမ်းလန်း မဲမှောင်နေသော သစ်တောကြီးတတောကို မြင်တွေ့ရ၏။ တဖြည်းဖြည်းနှင့် သစ်တောကြီးရှိရာသို့ ရောက်လာပြီး သစ်တောအတွင်း ၀င်သွားသောအခါ ကျွန်း၊ ပျဉ်းကတိုး၊ အင်ကြင်း၊ သစ်ယာ၊ ပိတောက်၊ ပျဉ်းမ စသည်ဖြင့် သစ်ပင်အမျိုးမျိုးကို တွေ့ရသဖြင့် အဝေးက မြင်တွေ့ခဲ့သော သစ်တောကြီး ဘယ်ရောက်သွားသည်ကို မသိတော့ဘဲ ပျောက်ကွယ်သကဲ့သို့ ဖြစ်ရပါသည်။

အမှန်အားဖြင့် ကရင်သည် မြန်မာနိုင်ငံ အနှံ့အပြားတွင် ယေရှုခရစ် မမွေးမီ ကြေးခေတ်ကတည်းက ပျံ့နှံ့လျက် ရှိနေကြပြီး ဖြစ်သည်။ အမည်အားဖြင့် စကော၊ ပိုး၊ ပအို (တောင်သူ)၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ ပဒေါင်၊ ယင်းဘော်၊ ယင်းတလဲ၊ ဘွဲ၊ ပရဲ့၊ ဂယ်ခို၊ ဂယ်ဘား စသဖြင့် လူအမျိုးပေါင်းများစွာ အမည်ကွဲသွား သောကြောင့် ဖြစ်သည်။

အစောပိုင်း မြန်မာ့သမိုင်းတွင် ပျူလူမျိုးရှိကြောင်း၊ အလွန်ယဉ်ကျေးကြောင်း၊ အဆင့်အတန်း မြင့်မားစွာ မြို့ပြနိုင်ငံများကို အေဒီ (၁) ရာစုတွင် တည်ထောင်ခဲ့ကြောင်း မှတ်တမ်းတင်ထားကြသည်။ သို့ဖြစ်၍ ပျူ ခေါ်သော လူမျိုး ဘယ်ကလာသလဲ စဉ်းစားစရာ ဖြစ်လာသည်။ အခြေအမြစ် မသိသူအဖို့ မျက်စိလည်ရပါသည်။ မြန်မာပြည်တွင် ကျောက်ခေတ်က အညာသား ယဉ်ကျေးမှု (Anyathian culture) ခေါ် ဧရာဝတီ ယဉ်ကျေးမှုသည် အညာအရပ်တွင် ပေါ်ခဲ့သည်။ ထိုကျောက်ခေတ်က လူသားများသည် သြစတြစ်အနွယ်ဝင်များအဖြစ် အဆင့်ဆင့် ရွေ့လျားသွားပြီး လက်ကျန်များအဖြစ် ဆလုံ၊ မလေး (နီဂရစ်တို) အဖြစ် တွေ့ရသည်။ ကရင်လူမျိုးများ ၀င်ရောက်စဉ် နိုင်ငံသည် အသစ်စက်စက်ကဲ့သို့ ဖြစ်နေသည်။ ဤသည်ပင်လျှင် မြန်မာ့သမိုင်း ဖြစ်ပေါ်တိုးတက်မှု၌ ကွင်းဆက်ပြတ်နေသကဲ့သို့ ဖြစ်နေပေသည်။

ပျူသည် ဘာလူမျိုးလဲ။ ဘယ်က လာသလဲ။ အဖြေရှာကြည့် ကြပါစို့။ ပျူများသည် အသားမမဲသဖြင့် ကုလား မဖြစ်နိုင်။ ကပ္ပလီလည်း မဖြစ်နိုင်ပါ။ ပျူသည် အသားဝါသဖြင့် အသားဝါ အနွယ်ဝင် မွန်ဂိုလွိုက်များ ဖြစ်ကြသည်။ မွန်ဂိုအနွယ်ကြီးထဲမှာ ပျူအမည်ကို ရှာကြည့်ရာ၌လည်း ပျူဟူသော နာမည် မပါဝင်ပါ။ ဤသို့ဖြစ်လျှင် ပျူ ဘယ်က လာသလဲ။

အဖြေမှာ ရှင်းရှင်းကလေးပင် ဖြစ်ပါသည်။ ကရင်များ မြန်မာနိုင်ငံသို့ ခရစ်တော် မမွေးဖွားမီ ကြေးခေတ်ကတည်းက နေရာအနှံ့ ပြန့်ခဲ့ပြီး ဖြစ်သည်။ ကရင်အမည်ကို လေ့လာစဉ်က ဖခင်အနွယ် (စကော) ကရင်၊ မိခင်အနွယ် (ပ၀ိုး) ကရင်ဟု ခေါ်ခဲ့ရာ နိုင်ငံခြားသားများက ပ၀ိုး ကို ခေါ်၍ မပီသဖြင့် လည်းကောင်း၊ ခေါ်မတတ်၍ လည်းကောင်း ပ၀ိုးမှ ပျူသို့ အသံလှယ်သွားခြင်းသာ ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပျူသည် ကရင်ဖြစ်ပါသည်။ (တောင်ကြီးမြို့၊ သမိုင်းမွမ်းမံသင်တန်း တက်စဉ်က မန္တလေး တက္ကသိုလ် သမိုင်းဌာနမှ သင်တန်းပို့ချသော တာဝန်ရှိ သမိုင်းဆရာတဦးအား မေးကြည့်ရာ ၎င်းက ပျူသည် ကရင်ဖြစ်သည်ဟု ပြောပါသည်။ ၎င်းသမိုင်းဆရာသည် ရှေးဟောင်းကျောက်စာ ပညာရှင်တဦးလည်း ဖြစ်ပါသည်။

ပျူတို့၏ ကိုယ်ခန္ဓာ တည်ဆောက်ပုံ၊ အရပ်အမောင်း၊ ဆံပင်၊ မျက်စိ၊ စိတ်နေစိတ်ထား၊ အသားအရောင်သည် ကရင်ဖြစ်သည်ဟု ဖော်ပြသည်။ ထင်ရှားသော ပျူမင်းတပါး၏ အမည်သည် ပျူစောထီး ဟုခေါ်သည်။ ကရင် မှတ်တမ်းမှတ်ရာအရ စောဒီ ဟု ခေါ်ကြောင်း သိရသည်။

မှန်နန်းရာဇ၀င်တော်ကြီး၌ ပျူနှင့်ပတ်သက်၍ အောက်ပါအတိုင်း ကောက်နုတ်တင်ပြပါသည်။

ကိ။

သို့ဖြစ်လျှင် ဟံသာဝတီ ပျူ (ဟန်လင်း) မင်း ၈၀၀။ တမ္ပဒီပ ပျူမင်း ၁၉၀။ မကရာ ပျူမင်း ၁၆၀။ ပင်လယ် ပျူမင်း ၆၇။ ကောင်းစင် ပျူမင်း ၃၀။ အလ္လကပ္ပ ပျူမင်း ၂၆။ ရွာပုကြီး ပျူမင်း ၅၀။ လယ်ကိုင်း ပျူမင်း ၄၀။ မင်းပေါင်း ၁၃၉၃ ပါး။

တူ။ ဟံသာဝတီပျူလက်နိုင် စောရန်နစ် လက်ထက် ရတနာမိုး နှစ်ကြိမ်ရွာ၏။

ကူ။

မတရာပျူအဆုံးကား “စောဦးစွာ” မင်းပြု၏။

ကော။

ရှေးဟောင်းစာဆိုအတိုင်း ယူရသော် ပျူမင်းဆက်များလည်း ရှားရှားပါးပါး မဟုတ်။ ဘုန်းဘောလအော ပင် ဖြစ်တော့သည်။ ပျူများသည် နေရာမလပ် အနှံ့ပင် ဖြစ်တော့သည်။

ကိ။

ဤသဘောကို မြန်မာ ပူရာဏ်စာဟောင်း များက ဆိုကြ၏။

ကော်။

သို့သော် ရှေးဟောင်းစာဟောင်းကို အရူးခြင်းတောင်း သဖွယ်ထား၍ လစ်လျူရှုရမည်မှာလည်း အခက်ပင်ဖြစ်သည်။ စာဟောင်း၌ပါသော ဘုရင်အမည်များ၊ မြို့အမည်များ ယနေ့ထင်ရှားသော မြို့များ၏ စကားလုံးရင်းမြစ် ဖော်ပြချက်များ “ဥပမာ- မက္ခရာ၊ ပင်လယ်”၊ မင်းအရေအတွက် အသေအချာ ဖော်ပြချက်များကို ကြည့်ရခြင်းအားဖြင့် မဟုတ်ခါမှ လွဲရော၊ ရာဇ၀င်တန်ဘိုး မရှိသည့်တိုင်အောင် ရာဇပုံ (Tales of Kings) တန်ဘိုးအားဖြင့် မုချရှိသည်ဟု ဆိုရပေမည်။ (မောင်ကန် ပျူ မြန်မာစွယ်စုံတွဲ ၂၊ စာ ၂၄၅)။

ဤမှန်နန်းရာဇ၀င် အထောက်အထားအရ ပျူများ မြန်မာပြည်အနှံ့ ရှိနေသည်မှာ ထင်ရှားပါသည်။ ဆိုလိုသည်မှာ ယေရှုခရစ် မမွေးမီကတည်းက ကရင်များသည် မြန်မာနိုင်ငံတွင် အများအပြား ရှိနှင့်ပြီး ဖြစ်သည်။

တဖန် မြန်မာ့သမိုင်း၌ မှတ်တမ်းတင်ထားသော ပျူ၊ ကမ်းယံ၊ သက် ကို ဖော်ပြရမည်ဆိုပါက ပျူသည် မိခင်အနွယ် ကရင်ဖြစ်ပြီး ကမ်းယံသည် ကရင်ကို ခေါ်ခြင်းဖြစ်သည်။ သက်မှာ အသံထွက် လှယ်သွားခြင်း ဖြစ်သည်။ မြန်မာများက ဂ ကို သ သံ ထွက်လေ့ရှိသည်။ Samdoway ကို သံတွဲ၊ Salween ကို သံလွင်၊ Sarskrit ကို သံကရိုက် စသည်ဖြင့် အသံထွက်ကြသည်။ သက်မှာ စက်ကို ခေါ်ခြင်းဖြစ်သည်။ (မြန်မာ့စွယ်စုံတွဲ ၁၊ စာ ၄၈၂၊ ဒုကော်လံ စာကြောင်း ၃၅၊ သက် Sak)။

မိခင်အနွယ်ဝင်ကရင်များ၏ အမည်ရှေ့၌ စက် (စဲ့) ရေးကြသည်။ ဆိုလိုသည်က မောင် ဟု အဓိပ္ပါယ်ရသည်။ ဥပမာ မောင်သန်းကျော် အစား စသန်းကျော် ဟု ရေးကြသည်။ ဖတ်လျှင် စက်သန်းကျော် ဟု ဖတ်ရသည်။ စသန်းကျော် ဟု ဖတ်လျှင် မှားပါသည်။ ဆိုလိုသည်မှာ ပျူ၊ ကမ်းယံ၊ သက်မှ သက်အမျိုးအနွယ်သည် မိခင်အနွယ်ဝင် ပ၀ိုးကရင်ဖြစ်သည်။ မြန်မာ့သမိုင်းတွင် သက်သည် ရခိုင်လူမျိုးဖြစ်သွားသည်ဟု ပါရှိသည်။ ရှေးအခါက ရခိုင်ရိုးမတလျှောက်တွင် ကရင်လူမျိုးများသည် သံတွဲမှစ၍ တောင်စဉ်ခွန်နှစ်ခရိုင်၌ပင် နေထိုင်ခဲ့ကြောင်း မှန်နန်းရာဇ၀င်တွင် ဖော်ပြထားသည်။ (မှန်နန်းရာဇ၀င်၊ စာ ၁၆၈၊ စာကြောင်း ၁၀)

ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့နိုင်ငံများ၌ မြို့တည်ထောင်ပုံ၊ အဆောက်အဦး တည်ဆောက်ပုံနှင့် အုပ်ချုပ်ပုံစနစ်များသည် မက်ဆိုပိုတေးမီးယား ဒေသမှလာသော အသိပညာများ ဖြစ်နီုင်သည်ဟု ယူဆနိုင်ပါသည်။ စိတ်ဝင်စားဖွယ်ကောင်းသော သမိုင်းကွင်းဆက်ဖြစ်ပါသည်။ ဆူးမားရီးယန်း (Sumerians) များသည် အုတ်ဖုတ်သော အတတ်ကို သိရှိလာကြပြီးဖြစ်သည်။ ဆူးမားရီးယန်းမှ တဆင့်ရခဲ့သော အတတ်ပညာ ဖြစ်နိုင်ပါသည်။

ဤနိုင်ငံကို ရှေးအခါက နိုင်ငံခြားသားများသည် ပျူနိုင်ငံဟုသာ ခေါ်ကြသည်။ မြန်မာနိုင်ငံဟု မခေါ်ကြချေ။ တရုတ်မှတ်တမ်းများအရ ခရစ်သက္ကရာဇ် ၁၂၇၁ ခု တိုင်အောင် မြန်မာနိုင်ငံကို ပျူနိုင်ငံဟုသာ ခေါ်ကြသည်။

အင်ဒိုချိုင်းနားတွင် ရှိသော ကရင်များ

လော Laos

၁၉၆၅ ခုနှစ်က နှစ်သစ်ကူးပွဲနှင့် ပတ်သက်၍ လာအိုသံအမတ်ကြီးနှင့် တွေ့ဆုံစကားပြောဖူးရာ ၎င်းတို့နိုင်ငံ၌ ကရင်များရှိကြောင်း ပြောဖူးပါသည်။ ကရင်မျိုးနွယ်ခွဲများဖြစ်သော မြောင် (Meo) များလည်း ရှိကြပါသည်။

ထိုင်း Thai

ထိုင်းနိုင်ငံ၌ ကရင်အများအပြား ရှိသည်။ စကောကရင်၊ ပိုးရင်များ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်က သာသနာပြု ဆရာလူးရွှေ၏ မှတ်တမ်းအရ ဇင်းမယ်မြို့မှ မြန်မာနယ်စပ်အထိ ကရင်ရွာပေါင်း ထောင်ချီ၍ ရှိသည်ဟု ဖော်ပြထားသည်။ ဇင်းမယ်သည် ပြည်၊ တောင်ငူ မြို့တို့နှင့် အရှေ့အနောက် တတန်းတည်း၌ ရှိသည်။ မဲပီ၊ မဲနန်မှ သူးမွဲကလိုး၊ ကန်သူရိ အထိ ကရင်ရွာပေါင်းများစွာနှင့် ကရင်လူဦးရေ ၃၀၀၀၀၀ (သုံးသိန်း) ခန့်ရှိသည်။ မဲနန်နှင့် မဲခေါင်မြစ် ကြားတလျှောက်မှာလည်း ကရင်ရွာပေါင်း များစွာရှိ၍ တောခေါင်းအလုပ်ကို လုပ်ကိုင်ကြသော ကရင်များပိုင် ဆင်အစီးပေါင်း ၅၀၀ မှ ၁၁၀၀ ကြားမှာ ရှိသည်ဟု ဆိုသည်။ လူအချို့သည် တဦးတည်းပင် ဆင်အစီးပေါင်း ၄၀ မှ ၅၀ အထိ ပိုင်ဆိုင်ကြသည်။ ဘန်ကောက်မြို့ အနီး ပတ်ဝန်းကျင်တွင်လည်း ဆင်အစီး ၅၀ ပိုင်သော ကရင်လူမျိုးများ ရှိကြသည်။ စကောအနွယ်၊ ပိုးအနွယ်၊ တောင်ငူအရှေ့တွင် ဘွဲကရင်များ အများဆုံးနေထိုင်ကြသည်။

ဤမှတ်တမ်းသည် လွန်ခဲ့သော အနှစ် ၄၀ က မှတ်တမ်းဖြစ်သည်။ နှစ်ပေါင်း ၁၀ နှစ်ကျော် ထိုင်းနိုင်ငံရှိ ကရင်လူမျိုးများအကြောင်း လေ့လာခဲ့သော ဂျိမ်းစ် ဒဗလျူ ဟာမီတန် (James W. Hamilton) က ထိုင်းတွင် ကရင်လူမျိုးသည် ဒုတိယ လူဦးရေ အများဆုံးဟု ဖော်ပြထားသည်။ (Pwo Karen by James W. Hamilton, 1976. page 5 … Which makes the Karen the largest non. Thai group in Thailand)

ကမ်ပူးခြား (ကမ္ဘောဒီးယား)

ကရင်လူမျိုးများ ကမ္ဘောဒီးယားတွင် ရှိနိုင်ကြောင်းကို မဲခေါင်မြစ်ကြောင်းအတိုင်း လိုက်လာသော ကရင်များကို ပြန်လေ့လာကြည့်က သိနိုင်ပါသည်။ ထို့ပြင် ထိုင်းနိုင်ငံမှ ကရင်များလည်း ရောက်မည်မှာ အမှန်ဖြစ်သည်။ အစောပိုင်းက အင်ဒိုချိုင်းနား၏ ပင်လယ်ကမ်းစပ်တွင် အိန္ဒိယပြည်မှ အခေါ်အဝေါ်မျိုးဖြစ်သော စမ္ပါပြည်၊ ကမ္ဗောဇပြည် ဟူ၍ရှိရာ ၎င်းကမ္ဗောဇပြည်သည် ကမ်ပူးခြားပြည်ကို ဆိုလိုခြင်း ဖြစ်ပြီး ထိုစဉ်အခါက ထိုင်း (ယိုးဒယား) နိုင်ငံဟူ၍ မရှိသေးဘဲ ကမ္ဗောဇနိုင်ငံထဲတွင် ယိုးဒယားလည်း ပါဝင်သည် (Marcopolo by Horris Collis, ဦးလှဒင် မြန်မာပြန်၊ စာ ၂၁၆)။ ထိုကဲ့သို့ ကမ်ပူးခြားနှင့် ထိုင်း နှစ်နိုင်ငံ တပေါင်းတည်းဖြစ်၍ ကရင်များလည်း ကမ်ပူးခြား နိုင်ငံထဲသို့ သွားလာ ၀င်ထွက်ကာ အိုးအိမ်ထူထောင်နေကြမည်သာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒေါက်တာဗင်တန် သာသနာပြုစဉ်က ကမ္ဘောဒီးယားမှ ကရင်လူမျိုးများသည် ဒေါက်တာဗင်တန်နှင့် လာရောက်တွေ့ဆုံခဲ့သည်။ (The Loyal Karens of Burma by D.M. Smeaton, 1920, page 137, A party of Karens once came to Dr. Vinton in Rangoon from the Cambodia.)

ဗီယက်နမ်

ဗီယက်နမ် နိုင်ငံတွင် ကရင်အမျိုးအနွယ်များ ရှိကြောင်း၊ ၎င်းတို့မှာ ယောင်၊ မြောင် တို့ဖြစ်ကြပြီး ကရင်ယဉ်ကျေးမှု အသုံးအဆောင်များကိုလည်း ဟနွိုင်မြို့ ယဉ်ကျေးမှုပြတိုက်တွင် မြင်တွေ့နိုင်သည်။ (The New Encyclopedia Britannica, vol 19, 15th edition 1974, Victman, North. page 133, 1st col. … The Nuong – Ya’o and the Meo, whose villages are found above the 3000 foot level.)

ဘော်နီယို

ဤကျွန်းတွင် အင်ဒီးယန်းသွေးပါသော ဒယက် (Dyaks) များ တွေ့ရသကဲ့သို့ ကရင်အမျိုးအနွယ် ကယမ် (Kayans, Kenyahs) များကိုလည်း တွေ့ရသည်။ ၎င်း ကယမ်များကို ဗိုလ်မှူးဘရှင်က ဒယက်နှင့် လွဲမှားဖော်ပြခဲ့သည်။ ကယမ်သည် အသားဝါအနွယ်ဖြစ်ပြီး ၎င်းတို့၏ ဓာတ်ပုံကိုလည်း Compton’s Picture Encyclopedia, vol 2, 1956, page 256 တွင် တွေ့နိုင်ပါသည်။ ဤစွယ်စုံကျမ်း စာမျက်နှာ ၂၅၄ တွင် (Borneo – The vast and savage island of Dyaks … Other tribes are Kayans, Konyahs.) ဟု ဖော်ပြထားသည်။

ဤအဆိုကိုလည်း ဟို့စ် (Mr. Hose) နှင့် မက်ဒေါဂယ် (Mr. Mc Dougall) တို့က ထောက်ခံတင်ပြထားပါသည်။ (The open mind, vol 3, No. 10 August, 1963. The Karens. Their origin and early movement, by Saw Hanson Tadaw, M.A. London … Mr. Hose and Mr. Cc Dongall went further a field to trace their origins of the Karens. They maintained that the Kayans of Borneo and the tribes of Karen in Burma are related)

နိဂုံး

ကရင်လူမျိုးများသည် အသားဝါ မွန်ဂိုနွယ်ဝင်များ ဖြစ်သည်။ မြစ်ဝှမ်းယဉ်ကျေးမှု ထွန်းကားသောအခါ အာရှတိုက် အလယ်ပိုင်းမှ မြေသြဇာကောင်းသော မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (သို့မဟုတ်) ရှိနလွင်ပြင်သို့ ရောက်ရှိပြီး မြစ်ဝှမ်းအောက်ပိုင်းလောက်တွင် နေထိုင်၍ စိုက်ပျိုးမွေးမြူရေး လုပ်ခဲ့ကြသည်။ ထိုမှ ယဉ်ကျေးမှုအဆင့် မြင့်မားလာသည်ဟု ယူဆရပါသည်။ သို့သော် ထိုဒေသတွင် ငြိမ်သက်မှု မရှိသဖြင့် ငြိမ်းချမ်းစွာ နေလိုသော ကရင်တို့သည် ယူဖရေးတီးမြစ်မှ တဆင့် ကော့ကေးဆပ် တောင်တန်း၊ ထီးဆဲ့မဲ့ယွာ၊ တိဘက် ကုန်းပြင်မြင့်၊ အာရှတိုက် အလယ်ပိုင်းသို့ အဆင့်ဆင့် ရောက်ရှိလာကြသည်။

တဖန် သံလွင်၊ မဲခေါင်၊ ယန်စီကျန် မြစ်များမှတဆင့် အင်ဒိုချိုင်းနား ကျွန်းဆွယ်ရှိ မြန်မာ၊ လော၊ ဗီယက်နမ်၊ ကမ်ပူးခြား၊ ယိုးဒယားနှင့် မလေးကျွန်းဆွယ်ကို သော်လည်းကောင်း၊ တောင်တရုတ်ပင်လယ်ကို သော်လည်းကောင်း ဖြစ်ကျော်၍ ဘော်နီယိုကျွန်းသို့တိုင် ပျံ့နှံ့ရောက်ရှိသည်ဟု ယူဆရပါသည်။ ယခုအခါတွင် ကရင်လူမျိုးများကို မြန်မာနှင့် ယိုးဒယားနိုင်ငံတို့တွင် အများဆုံး တွေ့ရှိရပါသည်။

ကရင်၏ မူလဇစ်မြစ် သုတေသနလုပ်ငန်း တိုးတက်အောင်မြင်ရေးသို့ ရည်မှန်းလျှက်။

စောဖော (ရန်ကုန်)

ဆက်လက်ဖော်ပြပါမည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။

ကရင်၏ မူလဇာစ်မြစ် အပိုင်း (၁) ကို ဖတ်ရှုလိုပါက …

ကရင်၏ မူလဇာစ်မြစ် အပိုင်း (၂) ကို ဖတ်ရှုလိုပါက …

ကရင်၏ မူလဇာစ်မြစ် အပိုင်း (၃) ကို ဖတ်ရှုလိုပါက …

ကရင်၏ မူလဇာစ်မြစ် အပိုင်း (၄) ကို ဖတ်ရှုလိုပါက …

ကရင်၏ မူလဇာစ်မြစ် အပိုင်း (၅) ကို ဖတ်ရှုလိုပါက …

Zawgyi-One Keyboard ရှိပြီး မြန်မာစာ ရိုက်လို့မရရင်
မကြာမကြာတွေရတဲ့မေးခွန်လေးတခုပါ။ online ပေါ်ကို တတ်လာလိုက်ရင် မကြာခဏအမေးခံရတဲ့ မေးခွန်ပါ။ ကိုယ်ရဲ့ ကွန်ပျူတာမှာ Zawgyi Keyboard ကို Install လုပ်ထားပေမယ် မြန်မာစာရိုက်လို့မရဘူး ဆိုတာကို မကြာခဏဆိုသလိုတွေ့နေရပါမယ်။ ကဲဗျာ ဖြေရှင်းနည်းကို ဒီနေ့ ကျနော်တင်ပေးလိုက်ပါမယ်။

Gtalk မှာဆိုရင်  Setting ထဲကို ၀င်လိုက်ပါ။ ပြီးရင် General tab အောက်က Change Fonts အောက်မှာ Zawgyi-One ကို ရွေးပြီးတော့ OK ပေးလိုက်ပါ။

Internet Explorer (IE) မှာ ဆိုရင်တော့  Internet Options ထဲကို ၀င်လိုက်ပါ။ အဲဒီအထဲမှာပဲ Fonts ကိုလိုက်ရှာပြီးတော့ Zawgyi-One လို့ပြောင်းလိုက်ပါ။

Mozilla Firefox မှာ ဆိုရင်တော့ Tools အောက်က Options ထဲကို ၀င်လိုက်ပါ။ Content tab ကို နှိပ်ပြီးတော့ Default font မှာ Zawgyi-One လို့ပဲ ပြောင်းပေးလိုက်ပါ။

ဒီလောက်ဆိုရင်တော့ အဲဒီပြသာလေးကို ဖြေရှင်းပြီးလောက်ပြီထင်ပါရဲ့။

ကဲဗျာ Zawgyi က ဆေးကြိမ်လုံးနဲ့ လာပြီးတော့ ဥုံဖွလုပ်ပေးပါစေဗျာ။

Post by: ဝေဟင်အောင်

ကွန်ပျူတာကို မြန်ဆန်စေမယ် နည်းလမ်း (၅)မျိုး
ကိုယ်ရဲ့ ကွန်ပျူတာ ပိတ်ခါနီပဲ ဖြစ်ဖြစ် ဖွင့်ခါစပဲ ဖြစ်ဖြစ် ကွန်ပျူတာကို ပေါ့ပေါ့လေးဖြစ်အောင် အမှိုက်တွေကို ရှင်းလင်းမယ့် နည်း (၅)နည်းကို ပြောပြပါမယ်။ သိပြီးတဲ့ လူတွေအတွက်တော့ မလိုဘူးပေါ့ဗျာ။ မသိသေးတဲ့လူတွေအတွက်ကတော့ အတိုင်းအတာတခုလောက်ထိ အကျိုးရှိမှာပါ။

ပထမဆုံး  Start အောက်ကနေ run box ကိုဖွင့်လိုက်ပါ။ (Window + R ) နဲ့ တွဲဖွင့်ရင်လည်း ရပါတယ်။ အဲဒီ Run box  မှာပဲ

၁။ temp         ရိုက် Select All (Ctrl +A) လုပ်  ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်

၂။ %temp%   ရိုက် Select All (Ctrl +A) လုပ်  ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်

၃။ prefetch   ရိုက် Select All (Ctrl +A) လုပ်  ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်

၎။ recent       ရိုက် Select All (Ctrl +A) လုပ်  ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်

၅။ cookies     ရိုက် Select All (Ctrl +A) လုပ်  ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။

ကဲ ကွန်ပျူတာကို ဘာပြသာနာမှ မပေးပါကြောင်းအာမခံပါတယ်ဗျာ။ လုပ်လေ့လုပ်ထကို သာအကျင့်လုပ်ထားလိုက်ပါ။  အဆင်ပြေကြပါစေ။

Post by: ဝေဟင်အောင်

Right Click Image Converter
Image Format ပြောင်းဖို့အတွက် Photoshop တို့ကို သုံးဖို့ မလိုဘဲ Image တွေကို Right Click လုပ်ပြီး တိုက်ရိုက်ပြောင်းပေးနိုင်တဲ့ Right Click Image Converter ပါ။

7MB ရှိတဲ့ ဖိုင်လေးကို ဒေါင်းလုတ် ပြီး စက်ထဲ အင်စတော ထည့်သွင်းပြီးရင် ကြိုက်တဲ့ Image တွေကို Right Click လုပ်ရုံနဲ့ ဖော်မတ်ပြောင်းနိုင်ပါပြီ။

JPGE, BMP, GIF, PNG, ICO (favicon), TIF အပြင် အခြား ဖော်မတ်တွေလည်း ပြောင်းပေးနိုင်ပါသေးတယ်။

ဒီမှာ ဒေါင်းလုတ်ပါဗျား။

Team Viewer
အွန်လိုင်းမှာရှိနေတဲ့ အခြား ကွန်ပြူ တာ တလုံးကို လှမ်းကြည့်ဖို့၊ ပြုပြင် ပေးဖို့ Team Viewer က ကူညီ ပါမယ်။ အသုံးပြုရတာလည်း လွယ် ကူပါတယ်။

မီဒီယာဖိုင်းယားမှာ တင်ထားပေးတဲ့ Team Viewer setup ဖိုင်ကို ဒီမှာကလစ်ပြီး ဒေါင်းလုတ်ယူပါ။

File Format Converter
File Format Converter ကို install ထည့်သွင်းထားပြီးရင် office 2007 ဖိုင်ကို office 2003 ကနေ တိုက်ရိုက် ဖွင့်နိုင်ပါတယ်။

ဂူဂဲလ်မှာ ရှာပြီး ဒေါင်းနိုင်ပါတယ်။ ရှာမတတ်သူတွေအတွက် ကတော့ ဒီမှာကလစ်ပြီး ဒေါင်းလိုက်ပါဗျာ။

Typing Tutor 10
မင်္ဂလာပါဗျာ

ကျနော်ကြိုက်တဲ့ Typing Tutor လေးကို သူငယ် ချင်းများလည်း နှစ်သက်မယ် ထင်လို့ ဝေမျှလိုက် ပါတယ်။ ဖိုင်ဆိုက် 20 MB ကျော်လေးဘဲ ရှိပါတယ်။ အင်စတော လုပ်ဖို့မလိုပါဘူး။ ဇစ်ဖိုင်ကို ဖြည်ပြီး ရလာတဲ့ ဖိုလ်ဒါထဲမှာ TTUTOR10.exe ဖိုင်လေးကို ဖွင့်လိုက်ရုံပါဘဲ။

မူရင်း ၀ဘ်ဆိုက်ကတော့ ဒီမှာကလစ်ပြီး ဖွင့်ကြည့်ပါ။ ၀ယ်သုံးမယ်ဆိုရင် 16 USD ပါ။

မ၀ယ်ချင်ဘူးဆိုရင်တော့ ဒီမှာကလစ်ပြီး ဒေါင်းလုတ်ယူလိုက်ပါဗျာ။

ကရင်အမျိုးသားအပေါ်တာဝန်ကျေသွားသောပန်းပျိုးလက် (သို့) စောဖုသးဝါ
ဒူးပလာယာ အထက်ကျောင်း ကျောင်းအုပ်အဖြစ်နှင့် ဒူးပလာယာ ခရိုင် ပညာရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ဆရာကြီး စောဖုသးဝါ   သည် ၂၉.၅.၂၀၁၀ (စနေနေ့) တွင် ကွယ်လွန်သွားပါသည်။ ဆရာကြီးသည် ကရင် လူငယ်များ၏ ပညာရေးကို အဓိကတာဝန်ယူ ထမ်းဆောင်ခဲ့ပြီး ကရင် တမျိုးသားလုံး၏ အခန်းကဏ္ဍတွင်လည်း အဓိကပါဝင်ခဲ့ကာ သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါသည်။ ၃၁-၅-၂၀၁၀ (တနလာင်္နေ့) နေ့လည် (၂း၀၀)နာရီ တွင် အုန်းပြန့်စခန်း သုဿန်တွင် ဒူးပလာယာ ခရိုင်ကျောင်းသားဟောင်းများအဖွဲ့မှ ပံ့ပိုး  ဦးဆောင်ပြီး သင်္ဂြုလ်ခဲ့ပါသည်။

Post by:  ဒူးပလာယာ ကျောင်းသားဟောင်းအဖွဲ့

KIS 2010 No More Blacklist
ကပ်စပါးစကီး သုံးသူများ ဝမ်းသာနိုင်ပါပြီ။ ဘလက်လစ် မဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဒီမှာ ရှင်းပြပေးပါမယ်။ Download PDF File

Download Anti-Blacklist

အခုလက်ရှိသုံးနေတာ kis, kav ဘာဘဲဖြစ်ပါစေ၊ trail version, beta ဒါမှမဟုတ် key ထည့်သုံး ထားတာဖြစ်နေရင်လည်း ကီးကို အရင်ဖျက်ရပါမယ်။

ကီးဖျက်ဖို့အတွက် ပုံမှာပြထားတဲ့အတိုင်း License နေရာကို ကလစ်လုပ်ပါ။

ပေါ်လာတဲ့ box မှာ ကြက်ခြေခတ်လေးကို ကလစ်ပြီး ဖျက်ပါ။

နောက်ထပ် yes ကို ကလစ်ပါ။ ဒါဆို လိုင်စင်ကီး ပျက်သွားပါပြီ။

Settings ကို ဖွင့်ပါ။ Enable protection အမှတ်ခြစ်ထားတာကို ဖျက်ပါ။ Apply ကို ကလစ်ပါ။

Options ကို ဖွင့်ပါ။ Enable Self-Defense အမှတ်ခြစ်ထားတာ ဖျက်ပါ။ Apply ကို ကလစ်ပါ။ OK ကို ကလစ်ပါ။ ကပ်စပါးစကီးကို ပိတ်လိုက်ပါ။

System tray မှာ ရှိတဲ့ Kaspersky icon ကို Right Click လုပ်ပြီး Exit လုပ်ပါ။

ကပ်စပါးစကီး အင်စတောလုပ်ထားတဲ့နေရာ (ပုံမှန်အားဖြင့်တော့ … ) C \ Program Files \ Kaspersky Lab \ Kaspersky Internet Security 2010 ဖိုလ်ဒါထဲက clldr.dll ဖိုင်ကို Right Click \ Rename လုပ်ပြီး clldr.dll.bak လို့ အမည်ပြောင်းလိုက်ပါ။

အဲဒီ ဖိုလ်ဒါထဲမှာဘဲ အခု ဒေါင်းလုပ်ယူထားတဲ့ အထဲက Crack ဖိုလ်ဒါထဲမှာ clldr.dll ဖိုင်ကို ကော်ပီကူးပြီး ထည့်သွင်းပါ။

ကပ်စပါးစကီးကို All Programs ကနေ ပြန်ဖွင့်ပါ။ License ကို ဖွင့်ပါ။

Activate new license ကို ကလစ်ပါ။

Activate key ကို ကော်ပီကူးပြီး Box ထဲထည့်ပါ။ Next ကို ကလစ်ပါ။

နောက်ထပ်ပေါ်လာတဲ့ box မှာ OK ကို ကလစ်ပါ။

Browse ကို ကလစ်ပြီး ထည့်ချင်တဲ့ ကီးကို လိုက်ရှာပြီး ထည့်ပါ။ ပြီးရင် Next ကို ကလစ်ပါ။ Finish ကို ကလစ်ပါ။

Setting ကိုပြန်ဖွင့်ပြီး Enable protection ကို အမှတ်ပြန်ခြစ်ထားပေးလိုက်ပါ။ Apply ကို ကလစ်ပါ။

Options ကို ဖွင့်ပါ။ Enable Self-Defense  လည်း အမှတ်ပြန်ခြစ်ပေးပါ။ Apply ကို ကလစ်ပါ။ OK ကို ကလစ်ပါ။

ဒါဆို အိုကေသွားပါပြီ။ အားလုံး ပြုံးပျော်ပါစေဗျား။

Window 7 ပေါ်က Window DVD Maker
ဒီနေ့ စိတ်ဝင်စားစရာတခု သွားတွေ့မိသလိုပါပဲ။ အချိန်နည်းနည်းအားတာနဲ့ ကိုယ်နည်းနည်း ပါးပါး လေ့လာထားတဲ့ Video Editing လေးတွေကို ပြန်အစကောက် ကြည့်နေမိတယ်။ ပြီးတော့ ခါတိုင်း Window တွေလို့ Window ထဲမှာ Video Editing  လုပ်လို့ရတဲ့ဟာလည်း ပါနိုင် လောက်တယ်လို့ တွေးမိရင်း Window7 ပေါ်မှာ လိုက်ရှာကြည့်တယ်။

ကျနော်သုံးနေတာက Window 7 Ultimate ဆိုတော့ ပါလောက်မယ်လို့ထင်ခဲ့တယ်။ ကျနော်တို့ Window XP ကိုသုံးတုန်းကတော့ Window Movie Maker ဆိုပြီးတော့ပါပါတယ်။ သူလည်း သူ့ဟာနဲ့သူတော့ အဆင်ပြေခဲ့ပါတယ်။ ဓာတ်ပုံလောက်ကို Video လုပ်မယ်ဆိုရင်တော့ တော်တော်ကို အဆင်ပြေခဲ့ပါတယ်။

Window XP တုန်းက Window Movie Maker နဲ့ပဲ ဓာတ်ပုံခွေလေးတွေကို လုပ်ပစ်လိုက်တာ များပါတယ်။ တခြားဟာတွေလည်းအများကြီးပါ။ Show Biz တို့၊ Ulead တို့ ProShow တို့ စသည်ဖြင့်တို့ ရှိကြပါတယ်။ ဒါတွေလည်းသူ့ဟာနဲ့သူတို့ အဆင်ပြေပါတယ်။ အဲဗျာ ပြောရင်း ပြောရင်နဲ့ကို နည်းနည်းလေး လေရှည်သွားပြီထင်တယ်။ ဆော်ရီးနော် ဒါ ဆို ယူ ကော်ဖီတခွက် ချဗျာ။ အဟီး စတာပါ။

ကဲ Window 7 ပေါ်မှာ ပါတဲ့ Window DVD Maker ကိုနည်းနည်းလေး ကလိကြည့်ကြမယ်ဗျာ။ အကောင်းစားVideo မဟုတ်ရင်တောင်မှ သုံးတတ်တယ်ဆိုရင် တခုခုအတွက်လောက်တော့ အဆင်ပြေနိုင်ပါတယ်။ အဲ … ဒါပေမယ့် အခုဟာက ကိုယ်ရဲ့ကွန်ပြူတာမှာ ကိုယ်လုပ်ချင်တဲ့ Video ဖြစ်ဖြစ် ဓာတ်ပုံ ဖြစ်ဖြစ် အဆင်သင်တော့လုပ်ထားနော်။

အရင်ဆုံး Start အောက်က All programs အောက်မှာ Window DVD Maker ကို ရှာဖွင့်လိုက် ပါ။ ကျနော်ပုံလေးတွေနဲ့ ရှင်းပြပေးပါမယ်။ အောက်မှာ ကြည့်လိုက်ပါ။

Windows DVD Maker လေးပွင့်လာလိမ်မယ်။ အဲအထဲမှာ Add Items ထဲက ကိုယ်လုပ်ချင်တဲ့ Video ကိုပဲဖြစ်ဖြစ် ဓာတ်ပုံကိုပဲ ဖြစ်ဖြစ် ဖွင့်လိုက်ပါ။ အကယ်လို့ရှာမတွေ့ရင် Media File ဘေးက Down arrow ကီးကို နှိပ်ပြီးတော့ All files ကိုရွေးပြီးတော့ ရှာပေါ့။ အောက်မှာ ပဲ ပုံနဲ့ ရှင်းပြထားပါတယ်။ ကြိုက်တဲ့ဟာကိုတွေ့ရင်တော့ open လိုက်ပေါ့ဗျာ။

နောက်ထပ် ထည့်ရင်သေးတယ်ဆိုလည်း ထည့်လို့ရပါသေးတယ်။ Add items မှာပဲ ထည့်ပေါ့။ ထည့်လို့ပြီးပြီဆိုရင်တော့ Next နဲ့ပဲသွားတော့။ မရှင်းရင် အောက်မှာ ပုံနဲ့ပြထားပေးထားပါတယ်။ ကိုယ့်လူတွေက တော်တယ်ဆိုတာသိပါတယ်။ ကဲဗျာ ကြည့်လိုက်ပါ။

ကဲ နောက်တဆင့်ကိုရောက်သွားမယ်နော်။ အောက်ကပုံလေးကို ကြည့်လိုက်ပါ။ သူက အဓိက လုပ်ရတဲ့နေရာမို့ နံပါတ်တွေနဲ့ကျွန်တော်ရှင်းပြပေးပါမယ်။ ကျွန်တော်ကလည်း တတ်နိုင်သ လောက် အဆင်ပြေအောင်လို့ပါ။ စိတ်မရှိကြပါနဲ့။ ကဲ ရော့ ကော်ဖီတခွက်လောက် ဆွဲလိုက်ကြ ဗျာ။ ကိုယ်နိုင်ငံသားအချင်းချင်းကျော်လို့ ခွလို့လာရတော့ ပင်ပန်းတာပေါ့။ ဟုတ်ဘူးလား။ သနားပါ တယ်။

အထက်က ပုံက

နံပါတ်(၁) ကို အရင်ပြောပြမယ်ဗျာ။ သူကတော့ ကိုယ်ရဲ့ Menu ပေါ့။ သီချင်းအစ မှာဆိုရင် စာတန်း ထိုးတာတော့ ပလူပျံနေတဲ့ပုံစတိုင်ပေါ့။ သူမှာ ready make လေးတွေပါ။ တခုချင်းစမ်းကြည့်ပေါ့။ ကျွန်တော်ကတော့ နည်းနည်းလေးကြိုက်တယ်ဗျာ။ အောက်မှာ ဘာရယ်မဟုတ်ပါဘူး။ ပုံလေး တင်ပေးလိုက်ပါမယ်။

နံပါတ်(၂) Menu Text ပေါ့။ သူကတော့ စာတန်းလေးဘာလေးထည့်တာပါ့။ သူကို နှိပ်ကြည့်ပါအုံ။ အောက်က ပုံအတိုင်းပေါ်လာပါလိမ့်မယ်။ အဲဒီမှာ စာတန်းနဲ့ပတ်သတ်လို့ အောက်ကပုံကို ကြည့်ပြီး နည်းနည်းလေး ကလိကြည့်လိုက်ပါ။

နံပါတ် (၃) ကတော့ Customize menu ပေါ့။ သူကတော့ နည်းနည်းလေး အရေးကြီးပါတယ်။ သူကို နှိပ်ပြီးတော့ ၀င်လိုက်ပါ။ အောက်က ပုံအတိုင်းပေါ်လာပါလိမ့်မယ်။

ကျနော်ဓာတ်ပုံနဲ့ ပြထားတာကို ကြည့်ပြီးတော့ လိုက်လုပ်ကြည့်လိုက်ပါ။ အနီးကပ်မြင်ကွင်းမှာ ကိုယ်ကြိုက်တာကို ထည့်နိုင်ပါတယ်။ နောက်ခံမြင်ကွင်းမှာလည်း ကိုယ်ကြိုက်တဲ့ Video ဖြစ်ဖြစ်ပေါ့ ဓာတ်ပုံဖြစ်ဖြစ်ပေါ့ ထည့်ပေးလိုက်ပါ။ မထည့်ရင်လည်း ရပါတယ်။ နောက်ကဟာကတော့ ကိုယ် ကြိုက်တဲ့ သီချင်းလေးပဲပေါ့။ ပြီးရင်တော့ Change Style ပဲပေါ့။

နံပါတ်(၄) ကတော့ နံပါတ်သုံးက လုပ်ပြီးတဲ့ဟာကို အဆင်ပြေလား မပြေလား ကြည့်လိုက်ပေါ့။ အဆင်ပြေတယ် ဆိုရင်တော့ အိုကေပဲပေါ့။

နံပါတ်(၅)ကတော့ Slide Show လုပ်ချင်ရင်တော့ သူနဲ့လုပ်လိုက်ရင် အိုကေပါပဲ။ ကဲ … အားလုံး အဆင်ပြေရင် Burn ကိုသွားပြီးတော့ ခွေခုပ်လိုက်ပါတော့ဗျာ။ အဆင်ပြေ မပြေတော့ ပြန်နောက် တခေါက်လောက် စမ်းကြည့်ပေါ့။ အဆင်ပြေကြပါစေဗျာ။

Written by: ဝေဟင်အောင်