Print This Post Print This Post
Apr 03

ဒီကေဘီအေနှင့် ငြိမ်းချမ်းရေးအဖွဲ့များသို့ ပေးစာ

ညီအစ်ကို ရဲဘော်တို့ ……
မင်းတို့ အထင်ကြီးလေးစားနေတဲ့ ဗမာစစ်ရာဇဝတ်ကောင်တွေဟာ ဘယ်အချိန်၊ ဘယ်အခါမှ ကတိတည်တဲ့ အတန်းအစားတွေ မဟုတ်ဖူးဆိုတာ မင်းတို့ သဘောပေါက်သင့်တယ်။ တို့ ကရင်တွေကို စည်းလုံးညီညွတ်မှု ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်၊ ရာထူးဌာနတွေနဲ့မျှား၊ ငွေကြေးမက်လုံးတွေနဲ့မျှား၊ ဘာသာရေးနဲ့ခွဲထုတ်၊ စီးပွားရေး လုပ်ကွက်တွေနဲ့ဘမ်းပြပြီး ငါတို့ ကရင်တွေကို အယုံသွင်းပျက်စီးစေနေတာ ငါ့ညီအစ်ကို ဒီကေဘီအေနဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေလည်း အသိပါ။ မသိရင် ထပ်ပြောပြမယ်။

တို့ကရင်တွေဟာ ရိုးသားကြတယ်၊ သစ္စာရှိကြတယ်။ လိမ္မာပါးနပ်မှု မရှိကြဘူး။ ဗမာ မဟာလူမျိုးကြီး စစ်အုပ်စုတွေကျတော့ ကောက်ကျစ်တယ်၊ စဉ်းလဲတယ်၊ နောက်ဆုံးပြောမယ် ရေခပ်ရင်တောင် အနည်မထဘူး။ အဲလို ဥာဏ်နီ၊ ဥာဏ်နက်နဲ့ လိမ္မာပါးနပ်လွန်းတဲ့အပြင် သူများဘာသာ မပြောနဲ့ မိမိယုံကြည်သက်ဝင်တဲ့ ဘာသာကိုတောင် ဖျက်ဆီးနေတဲ့သူတွေကို ဘယ်လိုနည်းနဲ့မှ မင်းတို့တွေ ဆည်းကပ် မှီတွယ်နေစရာ မလိုဘူး။ သူတို့တွေဟာ မိစ္ဆာဒိဌိတွေ ဖြစ်တဲ့အပြင် သူတို့အတွက် လိုအပ်လာရင် ဘယ်လူမျိုး၊ ဘယ်အရာ၊ ဘယ်ပုဂ္ဂိုလ်မဆို အစားထိုး ချကျွေး ရင်းပစ်မယ့် သွေးကြောင်၊ သွေးပျက်နေတဲ့ လားရာမကောင်းနိုင်တော့တဲ့သူတွေ ဖြစ်တယ်။ Continue reading »

Print This Post Print This Post
Feb 10

ကဲ … ဘာဆက်လုပ်ကြမှာလဲ … ။ တို့လူမျိုးတွေ၊ အပြစ်မဲ့ ပြည်သူတွေ ပြေးစရာ မြေမရှိ ဖြစ်နေကြပြီကော။

ဒီလို ဖြစ်ရတာ ဘာကြောင့်လဲ။ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်မယ် (ဆိုတဲ့) ပုဂ္ဂိုလ်များ … ဘာဆက်လုပ်ကြဦးမှာလဲ … ။

ကရင့်တော်လှန်ရေး တောက်လျှောက် ရန်သူ မဟာဗမာကို အတူတကွ ခုခံတိုက်ပွဲဝင်ခဲ့တဲ့ ကရင့်မျိုးချစ်ဘ၀ကနေ ခုတော့ ရန်သူ အစစ်ကို ပသကော်၊ ပထီသို (တို့ မိတ်ဆွေ) တဲ့။ ညီအကို ကရင်အချင်းချင်းကိုတော့ ဒုဒါး၊ သႝာ (ရန်သူ) ဆိုပါလား … ။

သွေးမစည်း၍ သွေးစီးသည်ဆိုပြီး ကာတွန်း ဟန်လေးကလည်း သတိပေးခဲ့ပါပြီ။ လက်ရှိ အဖြစ်အပျက်မှန်တွေကို သေချာပြန်သုံးသပ်ကြပါ။ ကရင်လူမျိုးအကျိုး၊ ကရင်ပြည်အကျိုးကို တကယ်လိုလားတယ်ဆိုရင် ဘာဆက်လုပ်ကြမှာလဲ … စဉ်းစားဆုံးဖြတ်ကြပါတော့။

ပြေးစရာ မြေမရှိ (ကာတွန်း ဟန်လေး၊ ဧရာဝတီ ၀ဘ်ဆိုက်မှ ... )

ပြေးစရာ မြေမရှိ (ကာတွန်း ဟန်လေး၊ ဧရာဝတီ ၀ဘ်ဆိုက်မှ ... )

Continue reading »

Print This Post Print This Post
Jan 23

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်  တပ်မဟာ (၅) ဌာနချုပ်မှ
ဖာပွန်မြို့သူ မြို့သားများနှင့် ပြည်သူလူထု အားလုံးထံသို့ အသိပေးထုတ်ပြန်ချက်
နေ့စွဲ၊ ဇန်န၀ါရီလ (၃) ရက်နေ့၊ ၂၀၁၀ ခုနှစ်

သို့

ဖာပွန်မြို့သူ မြို့သားများနှင့် ပြည်သူလူထုများ အားလုံးသို့

ဖာပွန်မြို့တွင် ကျင်းပပြုလုပ်သည့် (၂၇၄၉) ခုနှစ် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတွင် ဗုံးဖောက်ခွဲသည့် လုပ်ရပ်ကို ဖာပွန်မြို့ အခြေစိုက် နအဖ (စစ်ဗျူဟာ) သည် တပ်မဟာ(၅)မှ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲလိုက်သည့်အပေါ် မိမိတို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၅)မှ လုပ်ဆောင်ခဲ့ခြင်း လုံးဝ မဟုတ်ကြောင်း စိတ်ရင်းဆန္ဒမှန်ဖြင့် အောက်ပါအတိုင်း အသိပေး ထုတ်ပြန်လိုက်ပါသည်။

(၁၆-၁၂-၂၀၀၉) ရက်နေ့ ကရင်နှစ်သစ်ကူးနေ့ည အခမ်းအနားတွင် မိုင်းဗုံးပေါက်ကွဲခဲ့ပြီး မြို့သူမြို့သား များစွာ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ရသည့် အဖြစ်အပျက်တွင် ဖာပွန်အခြေစိုက် နအဖ စဗဟ (၁) စစ်ဗျူဟာမှူးမှ စာစောင်၊ သတင်းဌာနများမှတဆင့် ထိုအဖြစ်အပျက် လုပ်ရပ်ကို ကေအဲန်အယ်အေ တပ်မဟာ(၅)မှ လုပ်ဆောင်ခဲ့သည်ဟု ပြည်သူများ၏ လက်မှတ်နှင့်တကွ ဖော်ပြရေးသားခဲ့ပါသည်။

ထို့အတွက်ကြောင့် ၎င်းမိုင်းပေါက်ကွဲခဲ့ရသည့် (၁၆ – ၁၂ – ၂၀၀၉) ရက်နေ့ည၏ အခြေအနေများကို ဖာပွန် မြို့သူ မြို့သားများနှင့် ပြည်သူလူထုများ အားလုံးထံသို့ အသိပေး တင်ပြလိုသည်မှာ ထိုဖောက်ခွဲမှု ဖြစ်ရပ်သည် ကျွန်ုပ်တို့ ကေအဲန်ယူ – ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၅) ၏ အစီအစဉ် လုံးဝ မဟုတ်ပါကြောင်း အသိပေး ပြောကြားလိုပါသည်။ ကေအဲန်ယူ တပ်မဟာ (၅) သည် ကရင်တမျိုးသားလုံး၏ အဖိနှိပ်ခံ ဘ၀မှ လွတ်မြောက်ရန် တော်လှန်တိုက်ပွဲဆင်နွဲသည့် Continue reading »

Print This Post Print This Post
Oct 08

pencildraw1“အမျိုး မချစ်သော သူငယ်ချင်း”၊ မင်းကို ငါ ဒီလို ခေါင်းစဉ်တပ်ပြီး ခေါ်လိုက်လို့ မင်း အံ့သြသွားမှာ လား။ ငါ့ကို ဒေါသဖြစ်ပြီး ရန်လိုနေမှာလား ဆိုတာ ကိုတော့ မင်းကိုယ်မင်း အသိဆုံးပဲ ဖြစ်မှာပါ။ ငါက လည်း မင်းကို ဒီလိုမျိုး ဂုဏ်ပုဒ် ကြီးကြီးမားမား တပ်ဖို့ မရည်ရွယ် ခဲ့ပါဘူး။ ဒါပေမယ့် ငါ သွားရင်း လာရင်း တခြားသော (တချို့သော) ကရင်လူမျိုး သူငယ်ချင်းတွေနဲ့ စကားပြောရင်းနဲ့ အကြောင်းတိုက်ဆိုင်သွားလို့ မင်းအတွက် ဒီစာကို ရေးဖြစ်သွားတာပါ။ Continue reading »

Print This Post Print This Post
Jan 25

နအဖစစ်အုပ်စုနှင့် ပူးပေါင်းနေတဲ့ ကရင်လက်နက်ကိုင်များခင်ဗျား။
ဒီပန်ကြားချက်ကို မျှော်လင့်ချက် ကြီးစွာနဲ့ ရေးသားရခြင်း ဖြစ်ပါတယ်။ မျှော်လင့်ချက် ကြီးစွာလို့ ရေးသားရခြင်းမှာ အောက်ပါ မျှော်လင့်ချက်များကြောင့် ဖြစ်ပါတယ်။ Continue reading »