Print This Post Print This Post
Feb 15

mtc 21 inviteee

ထိုင်းနိုင်ငံရောက် မြန်မာပြည်သားများတင်မက မြန်မာပြည်အတွင်းပိုင်းကနေတောင် လာရောက်ပြီး ဆေးကုသမှု ခံယူနေကြရတဲ့ မယ်တော်ဆေးခန်းကို တည်ထောင်ခဲ့တာ လာမယ့် ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှာ (၂၁) နှစ် ပြည့်မြောက်မှာ ဖြစ်ပါတယ်။ အခမ်းအနားကိုတော့ (၁၉) ရက်နေ့ ညနေ (၆) နာရီမှာ စတင်မှာ ဖြစ်ပါတယ်။ မိတ်ဆွေများအားလုံး ပါဝင်တက်ရောက်ကြဖို့ ဖိတ်ခေါ်လိုက် ပါရစေ။

မယ်တော်ဆေးခန်းအကြောင်း ဆောင်းပါးတပုဒ်ကိုလည်း ပြန်လည် ဖော်ပြပေးချင်ပါတယ်။

တတိယမြောက် အိုအေစစ်

ဂါမဏိ

၁၉၆၂ ခုနှစ်ကစပြီး စစ်အာဏာရှင်စနစ်အောက်ရောက်သွားတဲ့အတွက် လူမှုရေး၊ စီးပွားရေး ယိုယွင်း ကျပ်တည်းမှုတွေ၊ မတရား နှိပ်ကွပ်မှုတွေကို ခါးစည်း ခံခဲ့ရတဲ့ မြန်မာပြည်သူတွေ အဖို့ မွန်းကျပ် ပိပြားမှုတွေဆီက အပြီးအပိုင် လွတ်မြောက်ဖို့ မဖြစ်နိုင် ခဲ့ပေမယ့် အခါအားလျော်စွာ တစုံတရာ သက်သာရာ သက်သာကြောင်း ရစေတဲ့ နေရာဌာနလေးတွေ ပေါ်လာခဲ့ပါတယ်။ ဒါတွေဟာ ပူလောင်ပြင်းရှ ခြောက်သယောင်း ထနေတဲ့ သဲကန္တာရကြီးထဲက ရေကြည်တပေါက် သောက်နိုင် စိမ်းမြအေးချမ်းတဲ့ အရိပ်လေးနည်းနည်း ခိုနားနိုင်စရာ အိုအေစစ်တွေလို ဖြစ်ခဲ့ပါတယ်။ Continue reading »

Print This Post Print This Post
Feb 13

ခွေးက လူကို သတ်တဲ့နေ့ (သို့) ကော်သူးလေအတွက်
သွေးစွန်းတဲ့ ချစ်သူများနေ့

ပဒိုမန်းရှာ (၂) နှစ်ပြည့် အောက်မေ့ဖွယ် အမှတ်တရ

ဇကောလောက်မှ ဇောက်မနက်ပဲ အသားထဲက လောက်ထွက်သူများရဲ့ လက်ချက်နဲ့ ကရင့်အမျိုးသားတော်လှန်ရေးကို မှန်ကန်စွာ ဦးဆောင်မှုပေးနေခဲ့တဲ့ ဖထီးမန်းရှာ (ပဒိုမန်းရှာလားဖန်း) ကျဆုံးသွားခဲ့ရပါတယ်။ မြန်မာပြည် အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ တန်းတူ အခွင့်အရေး ရရှိရေးနဲ့ ဒီမိုကရေစီ ထွန်းကားလာရေးအတွက် အရှိန်မြင့် ချီတက်လာတဲ့ တော်လှန်ရေးလမ်းကြောင်း လမ်းခုလတ်တွင် ယခုလို ခေါင်းဆောင်ကောင်းတယောက် ဆုံးရှုံးသွားခဲ့ရတဲ့အတွက် ကရင့်တော်လှန်ရေးအတွက်ရော မြန်မာပြည် ဒီမိုကရေစီရေး အတွက်ပါ များစွာ ထိခိုက်နစ်နာခဲ့ရပါတယ်။

ဖထီးမန်းရှာ လုပ်ကြံခံရတာ လာမယ့် ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက် နေ့မှာ နှစ်နှစ်တင်းတင်း ပြည့်ပြီဖြစ်သော်လည်း ကျနော့်အတွက်ကတော့ မနေ့တနေ့ကလိုပဲ ခံစားနေရဆဲပါ။ ဖထီးမန်းရှာ လုပ်ကြံခံရတဲ့ အကြောင်းကို တွေးမိတိုင်း ရင်ထဲမှာ အမြဲပဲ အမှတ်ရနေမိပြီး ယူကျုံးမရတဲ့စိတ်၊ နှမြောတသတဲ့ စိတ်၊ ၀မ်းနည်းကြေကွဲတဲ့ စိတ်တွေဟာလည်း ရင်ထဲ နှလုံးသားထဲမှာ ဖော်ပြမရနိုင် လောက်အောင်ပဲ တရိပ်ရိပ် ဖြစ်ပေါ်လာခဲ့ရပါတယ်။
Continue reading »

Print This Post Print This Post
Feb 10

ကရင်လူမျိုး၏ မူလဇာစ်မြစ် (၅)
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)

ကရင်လူမျိုးများ ထွက်ခွာလာခြင်း

ကရင်လူမျိုးများ မက်ဆိုပိုတေးမီးယား ဒေသမှ ထွက်ခွာလာကြခြင်းနှင့် ပတ်သက်၍ မည်သည့် အချိန်က ထွက်ခွာလာသည်ကို အတိအကျ ပြောရန် ခဲယဉ်းပေသည်။ သို့သော် ဆာဂွန်ဘုရင်သည် ဘီစီ ၂၇၅၀ ခန့်တွင် မက်ဆိုပိုတေးမီးယားတွင် အုပ်ချုပ်မင်းလုပ်နေပြီ ဖြစ်၍ ဆာဂွန်ဘုရင် လက်ထက်အထိ ကရင်များ ရှိခဲ့မည်ဟု ခန့်မှန်းရသည်။ အဘယ်ကြောင့်ဆိုသော် စကော ဟူသော အကြီးအကဲ ခေါင်းဆောင် အခေါ်အဝေါ်ကို ဆာဂွန် အမည်မှတဆင့် ကရင်များ ရခဲ့ပုံပေါ်သည်။ ဖြစ်နိုင်သည်မှာ ဘီစီ ၂၅၀၀ ခန့်လောက်တွင် ထွက်ခွာလာကြသည်ဟု ခန့်မှန်းယူဆလျှင် သင့်တော်ပေလိမ့်မည်။

တဖန် မည်သည့်လမ်းကလာ၍ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ ဒေသသို့ မည်သည့်အချိန်က ၀င်ရောက်လာကြသနည်းဟူသော အမေးကို စဉ်းစားကြပါစို့။ ရှေ့ပိုင်းတွင် ဖော်ပြထားသကဲ့သို့ အာရှအလယ်ပိုင်း တပြင်တခွင်တွင် ကရင်အမည်နှင့် မှည့်ခေါ်ခဲ့သော အင်းအိုင်များကို ကြည့်ခြင်းဖြင့် ကရင်လူမျိုးများသည် မြစ်နှစ်မွှာ ဒေသမှ အရှေ့ဘက်သို့ ထွက်ခွာလာကြသည်ဟု ယူဆရသည်။ Continue reading »

Print This Post Print This Post
Feb 06

ကရင်လူမျိုး၏ မူလဇာစ်မြစ် (၄)
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)

ကရင်သည် အာရှအရှေ့တောင်သို့ ရောက်ရှိမလာမီ မည်သည့်အရပ်က လာခဲ့သည့် နောက် ကြောင်းကို ပြန်လေ့လာရမည် ဖြစ်သည်။ အာရှ အလယ်ပိုင်း၊ တရုတ်ပြည် အနောက်ဘက်နှင့် အနောက်တောင်ဘက်မှ လူရေစီးကြောင်းသဖွယ် တရွေ့ရွေ့ ပြောင်းလာသည်မှာ ထင်ရှားပါသည်။ ယနေ့တိုင် ယူနန်နယ်နှင့် တရုတ်ပြည် အနောက်တောင်ပိုင်း၌ မြောင်၊ လားဟူ စသော ကရင်မျိုးနွယ်စု အများအပြား ရှိကြသေးသည်။

အာရှတိုက် အလယ်ပိုင်း၌ ကရင်အခေါ်အဝေါ်နှင့် တွေ့ရသော အင်းအိုင်များလည်း ရှိသည်။ ၎င်းတို့မှာ -
၁။ အီစီနို (Issyk Nor) E.Long 77˚ N.Lat 43˚
၂။ လော့ပ်နို (Lop Nor) E.Long 90˚ N.Lat 41˚
၃။ ဒါလေနို (Dalai Nor) E.Long 117˚30 N.Lat 47˚15
၎။ ကိုကိုနို (Koko Nor) E.Long 100˚ N.Lat 37˚
၅။ ခါရင်နို (Charing Nor) E.Long 97˚ N.Lat 34˚45
၆။ အိုရင်းနို (Oring Nor) E.Long 97˚30 N.Lat 34˚45
၇။ ဇေလင်းနို (Zilling Nor) E.Long 89˚ N.Lat 31˚45
၈။ တန်ကရဲနို (Tengri Nor) E.Long 90˚30 N.Lat 30˚45

စသည် စသည်ဖြင့် အများအပြား ရှိပါသည်။ သို့သော် ယခုအခါ ထိုအမည် အများအပြားသည် ပြောင်းလဲ သွားကြပြီး ဖြစ်ပါသည်။

ထူးခြားသည့် အချက် တခုမှာ ကရင်များ၌ မိဘဘိုးဘွား အစဉ်အဆက် ပြောကြသော “ထီးဆဲ့မဲ့ယွာ” (River of punning sand) ဖြစ်သည်။ ထီးဆဲ့မဲ့ယွာ ဆိုသည်မှာ ရေစီးဆင်းရာတွင် သဲများပါ ရော၍ စီးနေသော နေရာဒေသကို ရည်ရွယ်ပြောခြင်း ဖြစ်သည်။ ဤစကားအရ ကရင် ဘိုးဘေးများသည် အာရှ အရှေ့တောင်သို့ တရွေ့ရွေ့ ပြောင်းရွှေ့လာရာ၌ သဲနှင့် ရေ ရော၍ စီးဆင်းသော ထူးထူးခြားခြားရှိသည့် နေရာကို ဖြတ်ကျော်လာရကြောင်း ဖော်ညွှန်းလျှက်ရှိသည်။ Continue reading »

Print This Post Print This Post
Jan 31

ဖားကပ် တိုက်ပွဲကို မဖော်ပြမီ စစ်နှင့်ပတ်သက်သည့် စစ်သဘောထား အချို့ကို တင်ပြလိုသည်။ The purpose of the revolution war is peace. “တော်လှန်ရေး စစ်ပွဲ၏ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးဖြစ်သည်”။ ကျွန်ုပ်တို့ စစ်တိုက်နေခြင်းသည် တပါးသူကို ကျွန်ပြု အနိုင်ကျင့် စော်ကားရန် မဟုတ်။ အမျိုးသား လွတ်လပ်ရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ကျူးကျော်လာမှုကို ခုခံသည့် တရားသော စစ်ပွဲကို တိုက်နေခြင်းသာ ဖြစ်သည်။

၁၉၈၂ခုနှစ် ဒီဇင်ဘာလ ၂၉ ရက် နံနက် ၉း၀၀ နာရီ ကရင်ပြည်နယ်၊ ဖားအံ ခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ တပ်မဟာ (ရ)၊ တပ်ရင်း (၁၉)၊ စစ်ကြောင်း (၁) တာဝန်ကျရာ စစ်ဒေသ တခွင်လုံး ဟေမန္တ ဆောင်းလရာသီ၌ ဆောင်းနှင်းမြူတို့ဖြင့် အေးမြနေလင့်ကစား နိုင်ငံရေး စစ်ရေး မတည်ငြိမ် မအေးချမ်းပေ။ Continue reading »

Print This Post Print This Post
Jan 16

ဖာပွန်ဗုံးပေါက်မှုကို ကေအဲန်ယူက ဖောက်တယ်လို့ နအဖ မီဒီယာတွေက ဆိုပါတယ်။ ဒါကို လိုက်ယုံတဲ့သူ၊ လိုက်ပြီး ထပ်ဆင့် ပြောနေသူတွေကလည်း ပြောနေကြပါတယ်။

ဦးနှောက်များ ရှိတယ်ဆိုရင် စဉ်းစားကြည့်ကြပါဦး။ ကရင်အမျိုးသား အားလုံးရဲ့ နေ့ထူးနေ့မြတ်ကို ကရင်အဖွဲ့အစည်း တခုခုက ဖျက်ဆီးပါ့မလား။

ကေအဲန်ယူက ဒီအလုပ်မျိုးမလုပ်ပါဘူး။ ဒီအလုပ်မျိုးလုပ်တာ နအဖ ဘဲရှိတယ်။ ကမ္ဘာအေးဘုရား ဗုံးပေါက်တာ၊ ဗိုလ်ချုပ်တင်ဦး အိမ် ဗုံးပေါက်တာ၊ ရန်ကုန်မှာ နေရာအနှံ့ ဗုံးပေါက်တာတွေကို တရားခံ မဖော်နိုင်တာတွေကို ပြန်သုံးသပ်ကြည့်ပါ။ နအဖက သူ့ဘာသာသူ ဗုံးခွဲပြီး ဆန့်ကျင်ဘက်လူတွေကို တရားခံ စွပ်စွဲတာ ရိုးနေပါပြီ။ Continue reading »

Print This Post Print This Post
Jan 10

ဆောင်းပါးရှင်- စိမ့်စမ်းသော (ကော့ကရိတ်)

“သူငယ်ချင်းရေ ဒီမှာ နေရတာကတော့ ဘာမှ ပူစရာမလိုဘူး၊ စားဖို့လည်း မပူရဘူး၊ နေဖို့လည်း မပူရဘူး၊ စားဝတ်နေရေးအတွက် ဘာမှ ပူပင်စရာမရှိတော့ လောကနိဗ္ဗာန်ဘဲပေါ့ သူငယ်ချင်း။ တလမှာ အလွန်ဆုံးကုန်ရင် ဒေါ်လာ ၃၀၀၊ နိုင်ငံတော်ထောက်ပံ့ကြေးငွေက ဒေါ်လာ ၈၀၀ ဆိုတော့ ဘာမှ အလုပ်လုပ်စရာ မလိုဘဲ စားစရိတ် နေစရိတ်အပြီးငြိမ်း နှုတ်လိုက်ရင် တလ ဒေါ်လာ ၅၀၀ လောက် ကျန်သေးတယ်”။

အထက်ပါစကားမှာ လွန်ခဲ့သော ဆယ်နှစ်ကျော်ကာလတုန်းဆီက ပညာရေးဌာနတွင် အတူတကွ တာဝန်ထမ်းဆောင်ခဲ့ဘူးသော နယူးဇီလန်နိုင်ငံရောက် သူငယ်ချင်းတယောက်၏ ပြောစကား ဖြစ်သည်။ Continue reading »

Print This Post Print This Post
Oct 28

ကရင်လူမျိုး၏ မူလဇာစ်မြစ် (၃)
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)

karen-womanမြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ၏ ထူးခြားချက်မှာ သမိုင်း သုတေသီနှင့် ပညာရှင်အများက လူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှု စတင်ရာဒေသ Cradle of Civilization နှင့် လူမျိုးပေါင်းစုံတို့၏ မြေပုံ Dust heap of the nations ဟု အသိအမှတ်ပြု ထားသောကြောင့် ဖြစ်သည်။ (Lands and peoples vol III, The grower society) page 217, In the garden of Eden, Mesopotamia, … has been called the Cradle of cilivation “because here the humen race is thought to have had its beginning and it has also been formed the dust heap of the nations” because the ruins of mighty empires or ancient times are buried under its sunbaked soil.)

ကမ္ဘာဦးကျမ်းတွင်လည်း လူကိုစတင်ရာ “ဧဒင်ဥယျာဉ်” ဆိုသည်မှာလည်း ဤဒေသကို ဖော်ညွှန်းလျှက် ရှိသည်။

အထက်တနေရာတွင် ဖော်ပြထားသကဲ့သို့ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည့် အသားဖြူ လူမျိုးတို့သည် ဤဒေသနှင့် ဤပတ်ဝန်းကျင်တွင်ပင် ပေါ်ပေါက်လာခဲ့သည်။ ထိုနည်းတူ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်ကြသော ယဉ်ကျေးသည့် မွန်ဂို အသားဝါ လူမျိုးနွယ်များကိုလည်း ဤဒေသတွင်ပင် တွေ့ရသည်။ Continue reading »

Print This Post Print This Post
Oct 23

ကရင်လူမျိုး၏ မူလဇာစ်မြစ် (၂)
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)

karen-manကမ္ဘာ့လူမျိုးနွယ်များ

ကမ္ဘာ့သမိုင်း စတင်ဖြစ်ပေါ်မှု The Beginning of History ကို ပြန်၍ လေ့လာမည် ဆိုပါက လူမျိုးကြီး ၃ မျိုးကို တွေ့ရပေမည်။ ၎င်းတို့မှာ
၁။ အသားမည်း အနွယ် Negaroid နီဂရွိုက်
၂။ အသားဖြူ အနွယ် Europoid ယူရိုပွိုက်
၃။ အသားဝါ အနွယ် Mongoloid မွန်ဂိုလွိုက် တို့ ဖြစ်ပါသည်။

နီဂရွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက်ဖက်သို့ ပျံ့နှံ့ပြီး ကင်းယန်း၊ နိုင်ဂျီးရီးယန်း၊ ဇင်ဘာဘွေးယန်း စသဖြင့် အာဖရိက လူမျိုး၊ နိုင်ငံများ ဖြစ်ပေါ်လာသည်။ အချို့မှာ ပင်လယ် သမုဒ္ဒရာကို ဖြတ်၍ အရှေ့အိန္ဒိယ ကျွန်းစုဘက် တောင်ကျွန်းများ အထိပင် ပျံ့လွင့် ရောက်ရှိကြပေသည်။

ယူရိုပွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက် မြောက်ပိုင်းနှင့် ဥရောပတိုက်သို့ ရောက်ရှိသွားကြသည်။ ထင်ရှားသည့် ရှေးဦးမျိုးနွယ်များမှာ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည်တို့ ဖြစ်ကြသည်။ အာရိယန်များသည် အိန္ဒိယပြည်သို့ပင် ရောက်ရှိကြသည်။ ၎င်းယူရိုပွိုက်များကို Compton’s Encyclopedia စွယ်စုံကျမ်း အတွဲ S.(K.L) စာမျက်နှာ 98-A တွင် ပါရှိသော Language Family Tree ခေါ် ဘာသာစကား မိသားစုတွင် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ Continue reading »

Print This Post Print This Post
Oct 16

ကရင်လူမျိုး၏ မူလဇာစ်မြစ် (၁)
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)

karen-womans-costumeနိဒါန်း
ကမ္ဘာပေါ်တွင် လူမျိုးတိုင်း၏ မူလဇာစ်မြစ်တိုင်းသည် ၀တ္ထုဆန်ဆန်၊ စိတ်ကူးယဉ် ဆန်ဆန်သာ ဖြစ်ကြပြီး မည်သူမျှ အတိအကျ ဖော်ပြခြင်း မပြုနိုင်ကြပေ။

ဥပမာအားဖြင့် ဂျပန်လူမျိုးတို့သည် မိမိတို့ ဘုရင်ကို “နေနတ်” မှ ဆင်းသက်လာသည်ဟု ယုံကြည်ကြပြီး မိမိတို့ လူမျိုးကိုလည်း “နေနတ်အနွယ်” များဟု ယူဆ ကြသည်။

ထိုနည်းတူ ကရင်လူမျိုးများ၏ မူလဇာစ်မြစ်နှင့် ပတ်သက် ၍ အမျိုးမျိုး ယူဆ ပြောဆိုကြပေသည်။ အချို့က ကရင်လူမျိုးများသည် တိဘက် လူမျိုး ဖြစ်သည်ဟု ဆိုကြသည်။ အချို့က ကရင်လူမျိုးများသည် တရုတ်ပြည် အနောက်မြောက်ပိုင်းမှ ဆင်းသက်လာကြ သော လူမျိုးတမျိုး ဖြစ်သည်ဟု ဆို၏။ အချို့ကလည်း ကရင်လူမျိုးသည် ယနေ့ မြန်မာနိုင်ငံဟု ခေါ်သော ဤနိုင်ငံ၏ မူလ တိုင်းရင်းသား (aborgine) ဟု ဆိုကြ၏။ (Judson of Burma, by professor B.R. Pearn, page 79)။ တဖန် အချို့ကလည်း ကရင်လူမျိုးများသည် ဆီးမိုက် မျိုးနွယ်ကြီးမှ ဟီဘရူးခေါ် ဟေဗြဲ အနွယ်ဝင် ၁၂ မျိုးထဲမှ ပျောက်ဆုံးသွားသော လေ၀ိ အနွယ်ဖြစ်သည်ဟု အထောက်အထားနှင့် အခိုင်အမာ ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ ကရင်လူမျိုးများ၏ မူလဗီဇနှင့် မူလဇာစ်မြစ်ကို အရှိကို အရှိအတိုင်း ဖော်ထုတ်ရမည်မှာ သမိုင်းပေး တာဝန် တရပ်သာ ဖြစ်ပေသည်။ Continue reading »