Print This Post Print This Post
May 31

ဒူးပလာယာ အထက်ကျောင်း ကျောင်းအုပ်အဖြစ်နှင့် ဒူးပလာယာ ခရိုင် ပညာရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ဆရာကြီး စောဖုသးဝါ   သည် ၂၉.၅.၂၀၁၀ (စနေနေ့) တွင် ကွယ်လွန်သွားပါသည်။ ဆရာကြီးသည် ကရင် လူငယ်များ၏ ပညာရေးကို အဓိကတာဝန်ယူ ထမ်းဆောင်ခဲ့ပြီး ကရင် တမျိုးသားလုံး၏ အခန်းကဏ္ဍတွင်လည်း အဓိကပါဝင်ခဲ့ကာ သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါသည်။ ၃၁-၅-၂၀၁၀ (တနလာင်္နေ့) နေ့လည် (၂း၀၀)နာရီ တွင် အုန်းပြန့်စခန်း သုဿန်တွင် ဒူးပလာယာ ခရိုင်ကျောင်းသားဟောင်းများအဖွဲ့မှ ပံ့ပိုး  ဦးဆောင်ပြီး သင်္ဂြုလ်ခဲ့ပါသည်။

Continue reading »

Print This Post Print This Post
Mar 04

ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် ကမ္ဘာ့ စီးပွားရေး ဖိုရမ် အဖွဲ့ (World Economic Forum) က ၂၀၁၀ ခုနှစ် အတွက် မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားနေသူ ဇိုယာဖန်းကို ကမ္ဘာ့ လူငယ် ခေါင်းဆောင်အဖြစ် ရွေးချယ် လိုက်သည်။

ယင်း ရွေးချယ်မှုကို အသက် ၄၀ အောက် အရွယ် လူငယ် ၅၀၀၀ ခန့် အမည် စာရင်း တင်သွင်း ခံရပြီးနောက် ဆန်ခါတင် နိုင်ငံပေါင်း ၇၂ နိုင်ငံမှ လူငယ် ခေါင်းဆောင် ၁၉၇ ဦးထဲတွင် ၎င်းက (Young Global Leader) ဟူသော ကမ္ဘာ့လူငယ် ခေါင်းဆောင် အဖြစ် ရွေးချယ် ခံခဲ့ရခြင်း ဖြစ်သည်ဟု ရွေးချယ်ခံရသူ ဇိုယာဖန်းက ဧရာဝတီသို့ ပြောသည်။ Continue reading »

Print This Post Print This Post
Feb 15

youtube မှာတင်ထားတယ်။ ပြီးတော့ မယ်တော်ဆေးခန်း ၀ဘ်စာမျက်နှာ မှာလည်း တင်ထားတဲ့ ဖလက်ရှ် ဗီဒီယို ပိုင်းလေးတခု တင်ပေးလိုက်ပါတယ်။

Get the Flash Player to see the wordTube Media Player.

Print This Post Print This Post
Feb 15

mtc 21 inviteee

ထိုင်းနိုင်ငံရောက် မြန်မာပြည်သားများတင်မက မြန်မာပြည်အတွင်းပိုင်းကနေတောင် လာရောက်ပြီး ဆေးကုသမှု ခံယူနေကြရတဲ့ မယ်တော်ဆေးခန်းကို တည်ထောင်ခဲ့တာ လာမယ့် ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှာ (၂၁) နှစ် ပြည့်မြောက်မှာ ဖြစ်ပါတယ်။ အခမ်းအနားကိုတော့ (၁၉) ရက်နေ့ ညနေ (၆) နာရီမှာ စတင်မှာ ဖြစ်ပါတယ်။ မိတ်ဆွေများအားလုံး ပါဝင်တက်ရောက်ကြဖို့ ဖိတ်ခေါ်လိုက် ပါရစေ။

မယ်တော်ဆေးခန်းအကြောင်း ဆောင်းပါးတပုဒ်ကိုလည်း ပြန်လည် ဖော်ပြပေးချင်ပါတယ်။

တတိယမြောက် အိုအေစစ်

ဂါမဏိ

၁၉၆၂ ခုနှစ်ကစပြီး စစ်အာဏာရှင်စနစ်အောက်ရောက်သွားတဲ့အတွက် လူမှုရေး၊ စီးပွားရေး ယိုယွင်း ကျပ်တည်းမှုတွေ၊ မတရား နှိပ်ကွပ်မှုတွေကို ခါးစည်း ခံခဲ့ရတဲ့ မြန်မာပြည်သူတွေ အဖို့ မွန်းကျပ် ပိပြားမှုတွေဆီက အပြီးအပိုင် လွတ်မြောက်ဖို့ မဖြစ်နိုင် ခဲ့ပေမယ့် အခါအားလျော်စွာ တစုံတရာ သက်သာရာ သက်သာကြောင်း ရစေတဲ့ နေရာဌာနလေးတွေ ပေါ်လာခဲ့ပါတယ်။ ဒါတွေဟာ ပူလောင်ပြင်းရှ ခြောက်သယောင်း ထနေတဲ့ သဲကန္တာရကြီးထဲက ရေကြည်တပေါက် သောက်နိုင် စိမ်းမြအေးချမ်းတဲ့ အရိပ်လေးနည်းနည်း ခိုနားနိုင်စရာ အိုအေစစ်တွေလို ဖြစ်ခဲ့ပါတယ်။ Continue reading »

Print This Post Print This Post
Feb 04

Silver-Star-of-Karen-Naw-Louisa-Bensonimg-196x300မယ်ဗမာတဦးလည်းဖြစ်၊ ရုပ်ရှင်သရုပ်ဆောင် တဦးလည်း ဖြစ်၊ မြန်မာပြည် ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသား အရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ နော်လွီဇာဘင် ဆင် (၆၉)နှစ်ဟာ ဖေဖော်ဝါရီလ ၂ရက်နေ့၊ မွန်းလွဲပိုင်း မှာ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့မှာ ဦးဏှောက်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီ ဖြစ်ပါ တယ်။

ကရင်လူမျိုး အတော်များများကတော့ နော်လွီဇာဘင် ဆင်ကို မယ်ဗမာတဦး၊ ရုပ်ရှင်သရုပ်ဆောင် တဦး ဆိုတာထက် မြန်မာပြည် ဒီမိုကရေစီအရေးနဲ့ တိုင်းရင်း သားအရေးကို တက်ကြွစွာ လှုပ်ရှားနေတဲ့ ခေါင်းဆောင် တဦးလို့ပဲ အသိများကြပါတယ်။ နော်လွီဇာဘင်ဆင် ကိုယ်တိုင်ကလည်း ကရင်အမျိုးသားတွေရဲ့အရေး၊ တိုင်း ရင်းသားတွေ ရဲ့ အရေးနဲ့ မြန်မာပြည် ဒီမိုကရေစီအရေး အတွက် သူမ တတ်နိုင်တဲ့ဘက်က လှုပ်ရှားဆောင်ရွက် သွားမယ်လို့ စိတ်ပိုင်းဖြတ်ထားသူပါ။ Continue reading »

Print This Post Print This Post
Feb 02
sawnyuntwin

ဖာပွန်ခရိုင်တွင် ကူးစက်မြန် တုပ်ကွေးရောဂါ ဖြစ်ပွားမှု အတွက် ကာကွယ် ကုသမှုများ ပြုလုပ်နေစဉ် (တီရှပ်အဖြူ ၀တ်ဆင်ထားသူမှာ စောညွန့်ဝင်း ဖြစ်သည်။)

၂၀၀၉ ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ် ခေါင်းဆောင်ဆုကို ကရင် ပြည်နယ် ဖာပွန်ခရိုင်တွင် ဒေသခံ များ၏ ကျန်းမာရေးကို ကူညီ စောင့် ရှောက်နေသည့် ကျန်းမာရေး လုပ် သား စောညွန့်ဝင်းကို ဖန်းဖောင်ဒေး ရှင်းက ချီးမြှင့် လိုက်သည်။

ကရင် အမျိုးသား အစည်းအရုံး KNU ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်ခဲ့သူ ပဒိုမန်းရှာလားဖန်း (ကွယ် လွန်) ကို ဂုဏ်ပြုသည့် အနေဖြင့် ကရင် လူထုအရေး စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် လူငယ်များကို ဒုတိယမြောက် ချီးမြှင့်သော ထိုဆုကို ၃၂ နှစ်အရွယ် စောညွန့်ဝင်း ရရှိခြင်း ဖြစ်သည်။

“ဆုပေးဖို့ရွေးတဲ့အခါ အဆိုတင်သွင်းထားတဲ့လူ ၇ ယောက်လုံးက သူ့နယ်ပယ်တွေမှာ တော်နေကြတော့ တော်တော်လေး ခက်ခက်ခဲခဲ ရွေးခဲ့ရတယ်။ ကိုစောညွန့်ဝင်းက တကယ်ကြိုးစားတယ်၊ လူထုအကျိုးအတွက် လုပ်တယ်။ လူငယ်တွေရဲ့ စံပြဖြစ်တယ်။ လူငယ်တွေ အတုသူသင့်တဲ့သူဖြစ်လို့  ရွေးချယ်ရေး အဖွဲ့ဝင်တွေက ရွေးလိုက်ကြတာ” ဟု ဖန်းဖောင်ဒေးရှင်း ဒါရိုက်တာဖြစ်သော ပဒိုမန်းရှာ၏ သမီးဖြစ်သူ ဇိုယာဖန်းက မဇ္ဈိမကို ပြောသည်။ Continue reading »

Print This Post Print This Post
Jan 23
mgsoe

နအဖတပ်သား မောင်စိုး

ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖာပွန် ကရင်နှစ်သစ်ကူးပွဲတော် ဗုံးပေါက်မှာ နယ်မြေခံ နအဖ စစ်တပ်၏ လက်ချက်ဖြစ် သည်ဟု မကြာသေးမီက ထွက်ပြေးရောက်ရှိ လာသည့် နအဖ စစ်ပြေးများက ပြောဆိုသည်။

၎င်းတို့ ပြောဆိုချက်အရ အဆိုပါ ဗုံးခွဲရန်အတွက် နေပြည်တော်မှ စေခိုင်းခြင်းဖြစ်ပြီး ဖာပွန် အခြေ စိုက် အမှတ် (၁) စစ်ဗျူဟာမှူးကိုယ်တိုင် ကြီးကြပ်ကာ နယ်မြေခံ နအဖ စစ်ထောက် လှမ်းရေးနှင့် စစ်ဗျူဟာ လက်အောက်ခံ တပ်ရင်းများမှ ဖောက်ခွဲရေး ကျွမ်းကျင်သူများက အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။ Continue reading »

Print This Post Print This Post
Dec 04

dr cynthia birthday invite card

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာရှိတဲ့ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာမောင်ရဲ့ မွေးနေ့က ဒီဇင်ဘာလ (၆) ရက်နေ့ပါ။ အခု ၂၀၀၉ ဒီဇင်ဘာ (၆) ဟာ နှစ် (၅၀) ပြည့်တဲ့ ရွှေရတုမွေးနေ့မင်္ဂလာ ဖြစ်ပါတယ်။ ရပ်ဝေး ရပ်နီး မိတ်ဆွေအပေါင်း ရွှေရတု မွေးနေ့ပွဲကို ပါဝင်ဆင်နွဲ နိုင်ဖို့ ဖိတ်ကြားလိုက်ပါသည်။

Print This Post Print This Post
Nov 11

အတိုချူပ် ဘာသာပြန်ခြင်း

အိန္ဒိယမှာ ၁ဝ နှစ်ကျော် အဖမ်းခံထားရတဲ့ စစ်အာဏာရှင် တော်လှန်ရေးသမား ရခိုင် နှင့် ကရင် ၃၄ ယောက်မှာ ကျနော် ကရင် ၁၂ ယောက် ပါရှိပါတယ်။ တယောက်ကတော့ ဆုံးသွားတဲ့အတွက် (၁၁) ယောက် ကျန်ရှိပါတယ်။ အခုအချိန်မှာ သူတို့ဟာ ပြန်လွတ်မြောက်ခါနီးပြီ ဖြစ်ပါတယ်။ ပြန်လွတ်မြောက်လို့ မြန်မာနိုင်ငံကို ပြန်ရင် အားလုံး ထောင်ထဲ ထပ်ထည့်ပြီး အသတ်ခံရမှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ ပင်သူတို့ မြန်မာနိုင်ငံကို ပြန်အပို့မခံရဖို့အတွက် အိန္ဒိယမှာ ကြိုးစားပေးနေတဲ့ အမျိုးသမီး တယောက်လည်း ရှိပါတယ်။ အဓိက ကမ္ဘာတဝှမ်းမှာ ရှိတဲ့ ကရင်အမျိုးသားတွေဆီကို အကူအညီ တောင်းခံတာကတော့ အိန္ဒိယကနေ ထိုင်းကိုသွားပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းခံဖို့ လေယာဉ်စရိတ်ဘဲ ဖြစ်ပါတယ်။ ရခိုင်လူမျိုးများဖက်မှလည်း ပြန်လွတ်မြောက်လာမယ့် ရခိုင်လူမျိုး တော်လှန်ရေးသမားများအတွက်လည်း တမျိုးမျိုး စီစဉ်ထားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီတော့ ကရင် (၁၁) ယောက်အတွက် လေယာဉ်လက်မှတ် လိုအပ်နေပါတယ်။ ထို့အတွက်ကြောင့် ဝိုင်းဝန်းကူညီကြဖို့ အကူအညီ တောင်းခံခြင်းဘဲ ဖြစ်ပါတယ်။ လေယာဉ်လက်မှတ် တယောက်လျှင် US$ (1000) ဖြစ်ပြီး ထိုင်းဘတ် ငွေဖြင့်ဆိုလျှင် (၃၃ဝဝဝ) ဖြစ်ပါတယ်။ (၁၁) ယောက်အတွက်ဆိုလျှင် ဘတ်ငွေ (၃၆၃ဝဝဝ) ဖြစ်ပါတယ်။

ကျွန်တော်အနေကတော့ တယောက်ထဲ မတတ်နိုင်ဘူးဆိုရင် တနိုင်ငံတယောက် တာဝန်ယူလို့ ရပါတယ်။ သြစတေးလျ ၊ အမေရိကန်၊ ဆွီဒင် ၊ ကနေဒါ ၊ နော်ဝေး၊ နယ်သာလန်၊ စင်္ကာပူ၊ ဂျပန်၊ မလေးရှား၊ ဒိန်းမတ်၊ အင်္ဂလန်၊ ကိုးရီးယား၊ ဆွတ်ဇလန်၊ ထိုင်း ..အများကြီးရှိပါတယ်။ ကူညီကြမယ်လို့လဲ မျှော်လင့်ပါတယ်။

http://www.karenunited.com/ တွင် LazyBoy တင်ထားသည့် ပို့စ်ကို ဖော်ပြခြင်း ဖြစ်ပါသည်။

Print This Post Print This Post
Oct 16

တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA) မှ တပ်ခွဲမှူးအပါအ၀င် တပ်ဖွဲ့ဝင် (၁၀) ဦးသည် ကရင်အမျိုးသားအစည်းအရုံး နှင့် လာရောက်ပူးပေါင်းခဲ့သည်။
ယခုလ ၁၃ ရက်နေ့က ကေအဲန်ယူနှင့် လာရောက်ပူးပေါင်းသူများသည် DKBA တပ်မဟာ (၉၉၉)၊ တပ်ရင်း(၅)၊ တပ်ခွဲ ၄ မှဖြစ်ပြီး KNU လက်အောက်ခံ တပ်မဟာ ၅ ကို တိုက်ခိုက်ရန် မြန်မာစစ်အစိုးရ၏ အမိန့်ပေးစေခိုင်း မှုကို လက်မခံနိုင်သည့်အတွက် KNU ထံ လာရောက်ပူးပေါင်းခြင်းဖြစ်သည်ဟု ထိုအဖွဲ့မှ ဒုဗိုလ်စောညာက ပြော သည်။
“နအဖက ညွန်ကြားထားတဲ့အတိုင်း ကျနော်တို့ မလိုက်လျောနိုင်ဘူးဗျ။ နောက်ပြီးတော့ ကျနော်တို့ ကရင် အချင်းချင်းဆိုတော့လည်း မတိုက်ချင်ဘူး။” Continue reading »